"နှမ်း၊ မြေပဲ နှင့် ဝါသီးနှံများ၏ အာဟာရချို့တဲ့မှု၊ အဆိပ်သင့်လက္ခဏာများနှင့် ကာကွယ်နှိမ်နင်းနည်းများ"

18/11/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး PC Myanmar PC Myanmar မှ ပေးပို့ထားပါသည်။

ENI ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် မကွေး၊ မင်းလှ၊ မြို့သစ်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော PC Myanmar စီမံကိန်းမှ ထုတ်လွှင့်ပေးမယ့်  "နှမ်း၊ မြေပဲ နှင့် ဝါသီးနှံများ၏ အာဟာရချို့တဲ့မှု၊ အဆိပ်သင့်လက္ခဏာများနှင့် ကာကွယ်နှိမ်နင်းနည်းများ" အကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာန ဓာတ်ခွဲခန်း ရန်ကုန်တိုင်းတွင် တာဝန်ခံဆရာမဒေါက်တာသန္တာညီကို ဆွေးနွေးမေးမြန်းထားတဲ့ ရေဒီယို အစီအစဉ်လေးပဲ ဖြစ်ပါတယ်။

စိုက်ပျိုးမြေများတွင် ဖြစ်ပေါ်တတ်သော အာဟာရချို့တဲ့လက္ခဏာများအကြောင်း၊ သဲနှုန်းဆန်သောမြေတွေမှာ ဖြစ်ပေါ်တတ်သော အာဟာရချို့တဲ့မှုအကြောင်းနှင့် ပြန်လည်ကုစားနည်းများ၊ မြေချဉ်သောနေရာတွင်ဖြစ်ပေါ်တတ်သော အာဟာရချို့တဲ့မှုနှင့် အဆိပ်သင့်မှုများအကြောင်း၊ ကုစားနည်းများ၊ ထုံးထည့်ရာတွင်ဖြစ်ပေါ်တတ်သော လက္ခဏာများနှင့် ကုစားနည်းများ၊ သီးနှံများ၏ အာဟာချို့တဲ့မှုလက္ခဏာများနှင့် ကုစားနည်းများ၊ နိုက်ထရိုဂျင်ဓာတုချို့တဲ့လက္ခဏာများနှင့် ကုစားနည်းများ၊ ဖော့စဖိတ်ဓာတ်ချို့တဲ့ လက္ခဏာများနှင့်ကုစားနည်းများ၊ ပိုတက်စီယမ်ဓာတ်ချို့တဲ့ လက္ခဏာများနှင့် ကုစားနည်းများ၊ ဆာလဖာဓာတ်ချို့တဲ့ လက္ခဏာများနှင့်ကုစားနည်းများ၊ ကယ်လဆီယမ်ဓာတ်ချို့တဲ့ လက္ခဏာများနှင့် ကုစားနည်းများ၊ မန်းဂနီဆီယမ်ချို့တဲ့ လက္ခဏာများနှင့်ကုစားနည်းများ၊ ဘိုရွန်ချို့တဲ့လက္ခဏာများနှင့် ကုစားနည်းများ အကြောင်းကို တောင်သူများ သိရှိနားလည်စေရန်အတွက် ယခုအစီအစဉ်ကို ဖော်ပြပေးလိုက်ရပါတယ်ရှင်။

PC Myanmar


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်