ငါး၏အာဟာရတန်ဖိုး

05/11/2024 10:48 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

 

ငါးသည် မြန်မာအစားအစာများတွင် မပါမဖြစ် အရေးကြီးပြီး တိရစ္ဆာန်မှရသော အရည်အသွေးပြည့်သည့် အသားဓာတ်ကို ပေးနိုင်ပါသည်။ ငါးတွင် ခန္ဓာကိုယ်ကြီးထွားမှုအတွက် အရေးပါသည့် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါရှိပါသည်။ ထိုဗီတာမင်နှင့် သတ္တုဓာတ်များ ခန္ဓာကိုယ်တွင် လုံလောက်စွာမရှိပါက အာဟာရချို့တဲ့မှုနှင့် ရောဂါများ ဖြစ်ပွားနိုင်ပါသည်။

အစာစားသည့်အခါ ငါးနှင့်တွဲဖက် စားသုံးပေးခြင်းဖြင့် အစားအစာများတွင်ပါရှိသော အာဟာရဓာတ်များကို ခန္ဓာကိုယ်က ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်စေပါသည်။ ငါးအသေးများကို ခေါင်းနှင့်အရိုး အပါအဝင် တစ်ကောင်လုံးစားသုံးခြင်းဖြင့် ကယ်လ်စီယမ် (ထုံးဓာတ်)၊ ဗီတာမင်အေ၊ သံဓာတ်နှင့် သွပ်ဓာတ်များ ကြွယ်ဝစွာ ရရှိနိုင်ပါသည်။

လူအများစုသည် ငါး နှင့် ဟင်းသီးဟင်းရွက်များကို စားသုံးနေကြဖြစ်ပါသည်။ သို့သော် အရေးကြီးသည့်အချက်မှာ စားသုံးသည့် အကြိမ်အရေအတွက် စားသုံးသည့်ပမာဏနှင့် အစားအစာ၏အရည်အသွေးကို တိုးမြှင့်ရန်ဖြစ်ပါသည်။ ငါးအသေးများသည် ကြီးထွားမှုမြန်သောကြောင့် ငါးအကြီးများထက် ပို၍ အကြိမ်များများ တစ်ချို့တစ်ဝက် ဖမ်းဆီးစားသုံးနိုင်ပါသည်။ ငါးအသေးများကို ငါးအကြီးများနှင့် အတူတွဲ၍ ကန်ထဲတွင် မွေးမြူနိုင်ပါသည်။ ငါးစားသုံးမှု မြှင့်တင်နိုင်ရန်အတွက် ငါးအသေးများကို တစ်ချို့တစ်ဝက် ဖမ်းဆီးဖော်ထုတ် စားသုံးကြရန် တောင်သူလယ်သမားများအား တိုက်တွန်း ရပါမည်။

အာဟာရမျှတစေရန် အစာအုပ်စု (၃) ခုလုံး ပါဝင်အောင်စားသုံးပေးပါ။

အဓိကအားဖြင့် အစာအုပ်စု သုံးမျိုး ခွဲလေ့ရှိသည်။ အင်အားဖြစ်စေသော အစာများ၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုး စေသော အစာများ၊ ရောဂါကာကွယ်စေသော အစာများဖြစ်သည်။

အားအင်ဖြစ်စေသောအစားအစာ - ကစီဓာတ် နှင့် အဆီဓာတ်များ ကြွယ်ဝသည့် အစားအစာများဖြစ်ပြီး၊ ကိုယ်ခန္ဓာ လည်ပတ်ဆောင်ရွက်ရန်၊ ရွေ့လျားရန်နှင့် အလုပ်လုပ်ရန်အတွက် လိုအပ်သောစွမ်းအင်များကို ထောက်ပံ့ပေးသည့် အပြင် ကိုယ်ခန္ဓာအနွေးဓာတ်ကိုလည်း ပေးသည်။ ဥပမာ - ဆန်၊ ပြောင်း၊ ပေါင်မုန့်၊ အားလူး၊ ကန်စွန်းဥ၊ သကာရည်၊ သကြား၊ ဆီ၊ ထောပတ်၊ အဆီ၊ ပျားရည်၊ ဘီစကွက်၊ အခွံမာသော အစေ့အဆံ၊ အုန်းသီး။

ခန္ဓာကိုယ်ကြီးထွားဖွံ့ ဖြိုးစေသောအစားအစာ - ပရိုတင်း (အသားဓာတ်) ကြွယ်ဝသည့် အစားအစာများဖြစ်ပြီး၊ ကြွက်သားများ အပါအဝင် ကိုယ်ခန္ဓာနှင့် ကိုယ်ခံအားစနစ်ကို တည်ဆောက်ပေးသည်။ ဥပမာ - အပင်မှရရှိသော ပဲတောင့်ရှည်မျိုးစိတ်များ၊ အခွံမာသီးနှင့် ဆီထွက်သီးနှံများ၊ တိရိစ္ဆာန်မှရရှိသော ငါး၊ ဒေသတိုင်းငါးငယ်ကလေးများ၊ ငါးခြောက်၊ ကြက်၊ ဘဲ၊ ဥ၊ ဝက်၊ အသဲ၊ နို့။

ရောဂါကာကွယ်စေသောအစားအစာ - ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသည့်အစားအစာများဖြစ်ပြီး၊ ကိုယ်ခန္ဓာ ကောင်းစွာလည်ပတ်နိုင်ရန်အတွက် အထောက်အကူပြုသည့်အပြင် ရောဂါဘယအမျိုးမျိုးမှ ခံနိုင်ရည် ရှိစေရန်အတွက် ကိုယ်ခန္ဓာကိုအားဖြည့်ပေးသည်။ ဥပမာ အစိမ်းရင့်ရောင်နှင့် အနီရောင်ရှိသော ဟင်းသီးဟင်းရွက် အမျိုးမျိုး ဒန့်ဒလွန်၊ ချဉ်ပေါင်ရွက်၊ ဟင်းနုနွယ်ရွက်၊ ဖရုံသီး၊ မုန်လာဥနီ၊ အသီးများဖြစ်သော သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ ပိန္နဲသီးမှည့်၊ နာနတ်သီး၊ မာလကာသီး၊ ငှက်ပျောသီး၊ ရှောက်သီး။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်