ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး တွန်းအားပေး ကြိုးပမ်း

24/01/2019 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယနေ့ကမ္ဘာပေါ်တွင် လူတို့သည် အစားအစာ ဘေးအန္တယ်ရာယ်ကင်းရှင်းရေးကို အလေးထား စားသုံးလာကြသည်။ 

ထို့သို့စားသုံးရာတွင် စားသုံးဆီ၏ အခန်းကဏ္ဍမှာလည်း အလွန်အရေးပါလာသည်။ လူတို့အား ဘေးဥပါဒ် ဖြစ်စေသော စားသုံးဖွယ်ရာတွင် ဆီကြောင့်ဖြစ်ပေါ်သည့် ရောဂါများမှာ အများအပြားပင်ဖြစ်သည်။ 

ထို့ကြောင့် လူတို့သည် မိမိတို့၀င်ငွေအရ ကျန်းမားရေးနှင့်ညီညွတ်သော စားသုံးဆီသန့်များကို ရွေးချယ်သုံး စွဲလာကြ သည်။ 

ယနေ့ မြန်မာနိုင်ငံ၏ လူဦးရေးအရ ဆီစားသုံးမှုကို တွက်ချက်ကြည့်လျှင် အာဆီယံနိုင်ငံများအတွင်း၌ စားသုံးမှု အနိမ့်ဆုံး နှုန်းနှင့် တွက်ချက်ကြည့်ခြင်းပင်လျှင် လူတစ်ဦး တစ်နှစ်ပျမ်းမျှ ဆီ၆၀ကျပ်သား (၁၂ ကီလိုဂရမ်) ခန့် စားသုံးကြောင်း တွေ့ရှိရသည်။ 

ထို့ကြောင့် ပြည်တွင်းအတွက် တစ်နှစ်လျှင် ဆီစားသုံးမှုကို အနိမ့်ဆုံးလိုအပ်ချက်မှာ မက်ထရစ်တန် ခြောက်သိန်းခွဲခန့် ဖြစ်သည်။ 

ထို့ပြင် စက်မှုကုန်ကြမ်းအတွက် လိုအပ်ချက်၊ စားသောက်ဆိုင်လုပ်ငန်းများနှင့် ကမ္ဘာလှည့်ခရီးသည်များအတွက် စားသုံးမှု သီးသန့်လျာထားချက်များကို ခန့်မှန်းတွက်ချက်သောအခါ နောက်ထပ် မက်ထရစ်တန် လေးသိန်းကျော် လိုအပ်မည် ဖြစ်သဖြင့် နှစ်စဥ်ပြည်တွင်းလိုအပ်ချက် စုစုပေါင်းမှာ မက်ထရစ်တန်ချိန် ၁၀ သိန်းခွဲ ခန့်ရှိနေသည်။ 

ယနေ့ လက်ငင်းအခြေအနေအရ မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေဧက ၄၅ သန်းကျော်ရှိသော်လည်း ဆီထွက်သီးနှံကို ဧက ခုနှစ်သန်းခွဲ (စိုက်ပျိုးမြေအားလုံး၏ ၁၆ရာခိုင်နှုန်း) သာ စိုက်ပျိုးလျက်ရှိပြီး သီးနှံအထွက်မှာ မက်ထရစ်တန် ၁၃ သိန်း ကျော်သာ ရှိသေးသည်။ 

အဆိုပါ စိုက်ပျိုးထွက်ရှိမှုမှ ဆီထွက်သီးနှံလုံးဆန် မက်ထရစ်တန် သုံးသိန်းကျော်ကို ပြည်ပသို့ နှစ်စဉ်တင်ပို့ ရောင်းချနေသဖြင့် ပြည်တွင်း၌ ဆီထွက်သီးနှံလက်ကျန် မက်ထရစ်တန် ၁၀ သိန်း ကျော်ကိုသာ ဆီကြိတ်ခွဲနိုင်သဖြင့် စားသုံးဆီ မက်ထရစ်တန် လေးသိန်းကျော်သာထွက်ရှိကာ စားသုံးဆီ မက်ထရစ်တန် ခြောက်သိန်းခွဲကျော် ပြည်ပမှ နှစ်စဉ်တင် သွင်းနေရသည် ဟုသိရသည်။ 

လူတစ်ဦးချင်းစီး၏ တစ်နှစ်တာစားသုံးမှုမှာ အိမ်နီးချင်းနိုင်ငံများအနက် မလေးရှားနိုင်ငံတွင် ၃၈ ကီလိုဂရမ် ၊ ထိုင်းနိုင်ငံ တွင် ၄၂ ကီလိုဂရမ် ဖြစ်ပြီး ကမ္ဘာ့စားသုံးမှုမှာ ပျမ်းမျှ ၂၆ ဒသမ ၇ ကီလိုဂရမ် ရှိနေချိန်တွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်း စားသုံးမှုမှာ အနိမ့်ဆုံးဖြစ်သည့် ၁၂ ကီလိုဂရမ်ဖြင့်သာ တွက်ချက်ထားခြင်း ဖြစ်သည်။ 

ကမ္ဘာ့အခြေအနေ ပြောင်းလဲလာမှုအရ ဆီထွက်သီးနှံမှာ ဈေးကွက်သီးနှံ ဖြစ်လာနေသည်။ 

"ဆီထွက်သီးနှံတွင်လည်း မြန်မာနိုင်ငံ၏ အဓိကဆီထွက်သီးနှံများမှာ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲပိစပ်နှင့် ဆီအုန်း" စသည့်တို့ ဖြစ်ကြသည်။ 

စားသုံးဆီ ထုတ်လုပ်မှုတွင် မြေပဲသည် အဓိကအခန်းကဏ္ဍမှ ပါ၀င်နေသဖြင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်းက မြေပဲကို ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးလိုသည့် တောင်သူများကို မြေပဲမျိုးကောင်းမျိုးသန့် နှင့် ပံပိုးကူညီပေးကာ စိုက်ပျိုးပေးလျက် ရှိသည်။ 

အဆိုပါ စနစ်ဖြင့် လက်တွေ့  စိုက်ပျိုးလိုသူများအတွက် တစ်ဧကလျှင် တင်း ၉၀ မှ ၁၀၀အထိ ထွက်ရှိသည့် ဆင်းပဒေသာ ၁၀ မြေပဲမျိုးများကို အထွက်တိုးနည်းစနစ်ကိုပါပေးကာ ဖြန့်ဖြူးပေးနေပြီး မန္တလေးတိုင်းဒေသကြီးတွင် ဧက၂၀၀၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧက ၁၀၀ နှင့် မကွေးတိုင်းဒေသကြီးတွင် ဧက ၅၀၀ စတင်နိုင်ခဲ့ကာ နောင်အခါတွင် တိုးချဲ့သွားရန်ရှိသည်ဆို၏။  

မြန်မာ့ဆီထွက်သီးနှံများကို လက်ငင်းအခြေအနေပေါ်မူတည်၍ တွက်ချက်ကြည့်သောအခါ လုံးဆန်အတိုင်းရောင်းချမှုမှ ရရှိသည့် ၀င်ငွေနှင့် စားသုံးဆီလိုအပ်ချက်ကို ပြည်ပမှတင်သွင်း၍ သုံးစွဲရသည့် ငွေတို့၏ ခြားနားချက်အရ  အမေရိကန်ဒေါ်လာသန်း ၂၀၀၀ နီးပါး အကျိုးအမြတ်ရရှိနေသည်ဟု ဆီကျွမ်းကျင်ပညာရှင်များက တွက်ချက်ရရှိသဖြင့် အခြေအနေ အပေါ်မူတည်ကာ နည်းလမ်းစုံဖြင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးကြရန် တိုက်တွန်းလိုက်ရပါသည်။        ။ 

Source - လယ်ယာစီးပွားသတင်းဂျာနယ်

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်