မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ရှမ်းနှင့် ကချင်ပြည်နယ်မှ လူငယ်များအတွက်

15/02/2024 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

🌱 Youth Agri-Pitch Competition: Calling for Applications!

စုစုပေါင်း ဒေါ်လာ ၄,၅၀၀ အထိ ဆုအသီးသီးကို ယှဥ်ပြိုင်ရရှိနိင်မည့် အခွင့်အလမ်းတစ်ခု လူငယ်တွေအတွက် ရောက်ရှိလာပါပြီ။🌟

သင်က စိုက်ပျိုးရေးကဏ္ဍနဲ့ စိုက်ပျိုးစီးပွားနဲ့ဆက်စပ်တဲ့လူငယ်လုပ်ငန်းရှင်တစ်ယောက်၊ စွန့်ဦးတီထွင်သူတစ်ယောက် ဖြစ်ပါသလား ❓

စိတ်အားထက်သန်မှုအပြည့်နဲ့ စိုက်ပျိုးကဏ္ဍတွင် သက်ဝင်လှုပ်ရှားနေတဲ့ လူငယ်တိုင်းအတွက် ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ ကြီးမားတဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အထူးလိုအပ်တဲ့ Business Pitching Skills တွေကို မြှင့်တင်ပေးဖို့ Impact Hub Yangonမှ Program တစ်ခုဖော်ဆောင်လျက်ရှိပါတယ်။

ဒီစိန်ခေါ်မှုရဲ့

❇️ ပထမအဆင့်မှာဆိုရင် လူငယ်စွန့်ဦးတီထွင်သူ/လူငယ်လုပ်ငန်းရှင် (30) ဦးကို ရွေးချယ်ပြီး 

🔰 လက်ရှိ Business Model ကိုအဆင့်မြှင့်တင်ရန်

🔰 စျေးကွက်စနစ်နဲ့ ယှဥ်ပြိုင်မှုကို ဆန်းစစ်ရန်

🔰 Customers၊ Business Partners၊ ရင်းနှီးမြှပ်နှံသူများနဲ့ ပြောဆိုဆက်ဆံရာမှာ အရေးအကြီးဆုံးဖြစ်တဲ့ Pitch Deck ပြင်ဆင်ရန်

🔰 ကိုယ့်ရဲ့ Pitching ကို အကောင်းဆုံးတင်ပြနိုင်ရန် စတာတွေကို အွန်လိုင်း သင်တန်း (4) ချိန်နဲ့ ပို့ချပေးသွားမှာဖြစ်ပါတယ်။

သင်တန်းအပြီး မှာ ပဏာမ Pitching ပြိုင်ပွဲတစ်ခုကို အွန်လိုင်းကပဲ ပြုလုပ်သွားမှာဖြစ်ပြီး ဒုတိယအဆင့်အတွက် နောက်ဆုံး (15) ဦးအား အကဲဖြတ်ရွေးချယ်သွားပါမယ်။

❇️ ဒုတိယအဆင့်အနေနဲ့ ရွေးချယ်ခံ လူငယ်လုပ်ငန်းရှင်များအတွက် ရန်ကုန်တွင် 

🔰 ပထမနေ့ Workshop & Expert Session များနှင့် Final Pitching အတွက် စိုက်ပျိုးရေးနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ဆရာများ၊ ပညာရှင်များနှင့် ဆွေးနွေး ပြင်ဆင်မှု

🔰 ဒုတိယနေ့ Pitching ယှဥ်ပြိုင်မှုနှင့် ဆုချီးမြှင့်ပွဲများ အပြီး Networking လုပ်နိုင်မဲ့ အစီအစဥ်များနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ (နေရာထိုင်ခင်းနှင့်ခရီးစရိတ် စီစဥ်ပေးမည်။)

ဆုကြေးငွေများအနေနဲ့

💡ပထမဆု - USD 2,000

💡ဒုတိယဆု - USD 1,500

💡တတိယဆု - USD 1,000 နဲ့ Sponsor Awards များအသီးသီး ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ဒီ Program မှာပါဝင်ဖို့ဆိုရင်

✅ အသက် (18) မှ (29) အတွင်း ဖြစ်ရပါမည်။

✅ အဓိက လုပ်ငန်း (သို့) ထုတ်လုပ်မှု တည်နေရာ၊ (သို့) ကုန်ကြမ်းအရင်းအမြစ် ဝယ်ယူရာနေရာသည် မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးများ၊ ရှမ်း နှင့် ကချင်ပြည်နယ်များအတွင်း အခြေပြုခြင်း (သို့မဟုတ်) ယင်းဒေသများမှ တောင်သူများ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် တိုက်ရိုက်ချိတ်ဆက်ခြင်း ရှိရပါမည်။

✅ လူငယ်ကိုယ်တိုင် ဦးဆောင်/ခန့်ခွဲလျက်ရှိတဲ့ လုပ်ငန်းဖြစ်ရပါမည်။

✅ စိုက်ပျိုးရေးနှင့်ဆက်စပ်သော စားသောက်ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးသွင်းကုန်များ ဖြန့်ဖြူး၊ ထုတ်လုပ်ရောင်းချခြင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်သော ဒီဂျစ်တယ်နည်းပညာဆိုင်ရာ လုပ်ငန်းဝန်ဆောင်မှုများပေးခြင်း စသည်တို့မှ တစ်ခုခုဖြစ်ရပါမည်။

✅ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းခတ်မွေးအကြိုင်၊ အစေ့အဆန်၊ ပြောင်း၊ ကော်ဖီ၊ လက်ဖက်၊ အသီးအနှံ၊ သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက်များ အဓိကထား စိုက်ပျိုးသူ၊ ရောင်းဝယ်ဖောက်ကားသူ၊ ၎င်းတို့ကို အသုံးပြု၍ စားသောက်ကုန်ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်း တို့ဖြစ်ရပါမည်။

ဖော်ပြပါ အချက်အလက်များနဲ့ ကိုက်ညီပါက Young-Agri Pitching Competition မှာ ပါဝင်ဖို့ အမြန်ဆုံးလျှောက်ထားပြီး သင်ယူမှုအခွင့်အလမ်းများနှင့် ဆုငွေတို့ကို အရယူလိုက်ပါ။ 

⚠ နောက်ဆုံးလျှောက်ထားရမည့်ရက် 21.2.2024 (ဗုဒ္ဓဟူး)

🔗လျှောက်ထားရန် လင့်ခ် [ https://forms.gle/XBXH6s4k8q2QsPkKA ]

📲 အသေးစိတ်အချက်အလက်များနှင့် စုံစမ်းမေးမြန်းလိုပါက Ma Khaing Yin Aye [09967398567] khaingyin.aye@impacthub.net, Ma Theint Mady [09975269468] theint.mady@impacthub.net သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

[English Below]

🌱 Youth-Agri Pitch Competition

Calling for Applications!

💰 Chances to win a part of USD 4,500 Prize Pool!

Are you a young entrepreneur with a passion for agriculture?

For every agri-youth full of enthusiasm and innovative ideas, Impact Hub Yangon is developing a program to improve Pitching skills which is essential in impressing innovative business ideas and goals to your partners, investors and customers.

In the 1st phase of this challenge, 30 youth entrepreneurs will be selected and trained 4 sessions below virtually.

🔰 To upgrade your current business model

🔰 To examine market system and analyze competitors

🔰 To prepare the Pitch Deck, which is the most important end of communication with Customers, Business Partners and Investors

🔰 To present your Pitch skillfully

In completion of this phase, initial pitching will be conducted virtually and 15 youth entrepreneurs will be able to step to the 2nd phase where they will be brought together in Yangon for

🔰 Day 1: Workshop & Expert Sessions and Preparation for Final Pitching industry-leading professionals and trainers

🔰 Day 2: Pitching competition and award ceremony with a networking event for like-minded entrepreneurs and stakeholders.

(accommodation and transportation expenses subsidized)

Awards:

🏆 USD 2,000 for the Winner

🏆 USD 1,500 for the 1st Runner Up, and

🏆 USD 1,000 for the 2nd Runner Up along with branded awards.

Eligibility are

✅ Applicants must be aged between 18 and 29 years old

✅ Main business location (or) production (or) source of raw materials must be in the 5 areas (Mandalay, Magway, Sagaing Regions, Shan and Kachin States) or must be directly related to the producers/farmers from those areas.

✅ Must be a youth-led (or) youth-managed (or) youth-owned entity/business

✅ Must be either agri-production, agri-processing, agri-inputs, agri-tech digital solution or agri-distribution business.

✅ Value chain focus on pulses & beans, oil seeds, spices, maize, coffee, tea and horticulture.

Checked all criteria! If you are a perfect candidate for this Youth-Agri Pitch Competition, apply now to grab the chance of winning, learning and networking with us.

📅 Application Deadline: 21.2.2024 (Wednesday)

🔗Apply Here: [ https://forms.gle/XBXH6s4k8q2QsPkKA ]

📲 For further information and inquiries, reach out to Ma Khaing Yin Aye [09967398567], khaingyin.aye@impacthub.net or Ma Theint Mady [09975269468] theint.mady@impacthub.net .

Ready to take your agricultural enterprise to the next level? Apply now and turn your ideas into reality! 🌟

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်