ဝါးပင်များကို သဘာဝမြေသြဇာကျွေးခြင်း

01/10/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အရည်အသွေးနှင့် အထွက်နှုန်းကောင်းစေရန် ဝါးပင်များကို မြေသြဇာထည့်သွင်းပေးနိုင်ပါက ပိုမိုဖြစ်ထွန်းပါသည်။ လောလောလတ်လတ် ခုတ်ထားသည့် ဝါးငုတ်တိုအတွင်းသို့ မြေသြဇာထည့်သွင်းပေးနိုင်ပါကလည်း အကျိုးရလဒ် အမြင့်ဆုံးကို ရရှိစေမည်ဖြစ်ပါသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့်...

(၁) မျှစ်များ အာဟာရဓာတ်ရရှိပြီး ကြီးထွားစေရန် မိခင်ဝါးပင်အား အကူအညီပေးသည်။

(၂) ဝါးငုတ်ဆွေးမြေ့မှု မြန်ဆန်စေပြီး မျှစ်အသစ်ထွက်ရှိရန် နေရာရရှိစေသည်။

(၃) ဝါးငုတ်ဆွေးမြေ့မှုကြောင့် ရောဂါဖြစ်စေသော မှိုနှင့် ဘတ်တီးရီးယားများ မပေါက်ဖွားနိုင်ဘဲ အကျိုးပြုဘတ်တီးရီးယားများ ပေါက်ဖွားမှုကို အားပေးသည်။ 

ပြုလုပ်နည်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နည်းလမ်း (၁) 

   ဝါးပင်ခုတ်သိမ်းပြီးပါက ငုတ်တိုတို ပထမဆုံးအဆစ်အထက်တွင် လွှဖြင့်ဖြတ်ပြီး အဆစ်ကို သင့်တော်သော ကရိယာဖြင့် အပေါက်ဖောက်ရမည်။ ဝါးခေါင်းအတွင်းသို့ သဘာဝမြေသြဇာ/မြေဆွေးထည့်ပြီး ဝါးငုတ်တိုအပင်မျက်နှာပြင်ကို မြေကြီးဖြင့် ဖုံးအုပ်ပေးရမည်။

နည်းလမ်း(၂)

   ကြက်ဆူပဲဖတ်(သို့) မုံညှင်းပဲဖတ် (၅) ကီလိုနှင့် နွားချေး ၃ ကီလိုကို ရေ (၅၀) ဂါလံတွင်ထည့်၍ (၁၄) ရက်ခန့် အပုပ်ခံပြီး အရည်နှင့်အဖတ်များအား ဝါးပင်ခြေတွင် လောင်းပေးခြင်းဖြင့် ဝါးပင်ဖွံ့ဖြိုးလာစေသည်။ အထက်ပါနည်းအတိုင်း ဝါးငုတ်တိုအတွင်းသို့လည်း ထည့်ပေးပြီး မြေကြီးဖုံးထားပေးနိုင်ပါသည်။ 

နည်းလမ်း (၃) 

   နွားကျင်ငယ်ရေ (၁) လီတာကို ပုံး/ ခွက်တွင်ထည့်၍ အဖုံးဖုံးပြီး (၃) ရက်ခန့်ထားရမည်။ ချင်း (သို့) နနွင်း (သို့) မိတ်သလင် လက်တစ်ဆုပ်စာကို ထုထောင်းထားပြီး စျေးများမှ စွန့်ပစ်အသီး (သင်္ဘောသီး၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ပန်းသီး၊ နာနာတ်သီး) ၁ ကီလိုကို ချေမွှ၍ အနှစ်ရအောင် ပြုလုပ်ရမည်။ (ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီး အသုံးမပြုရပါ) အထက်ဖော်ပြပါ ပစ္စည်းများကို သမအောင်မွှေပြီး ပုံးတွင်ထည့်၍ ဖုံးထားရမည်။ အထက်ပါ ဖျော်ရည် (၁၀) လီတာတွင် သကာရည် (သို့) သကြားဟင်းစားဇွန်း (၁) ဇွန်း (သို့) ထန်းလျက် (၃ – ၄ ) ခဲရောထည့်ပြီး (၃) ရက်ထားရမည်။

   ယင်းဖျော်ရည် (၁) ဆကို ရေ (၁၀) ဆ ရောပြီး ဝါးပင်ခြေတွင် ပက်ဖျန်းပေးနိုင်သည်။ ကြွေကျသောဝါးရွက်၊ ဝါးကိုင်းများနှင့် ပတ်ဝန်းကျင်ရှိ သစ်ရွက်များကို စုပုံ၍ ဝါးရုံပတ်ဝန်းကျင်မှ ခြစ်ယူထားသော အပေါ်ယံမြေများနှင့် ရောနှောပြီး ဝါးပထမအဆစ်မြုပ်သည့်အထိ ဖုံးအုပ်ပေးခြင်းဖြင့် မိုးရာသီရောက်သည့်အခါ ဆွေးမြေ့ပြီး ဝါးပင်အတွက် မြေသြဇာ ရရှိသည်။

ရတနာစိုး (ဂေဟစနစ်ဖြင့် ဝါးပင်များ ရှင်သန်ဖွံ့ဖြိုးစေဖို့)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်