အိမ်နောက်ဖေး စျေးဆိုင်တွေအတွက် အော်ဂဲနစ် ပိုးပြေးဆေး

18/07/2019 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်ထားတဲ့ သူတွေရှိလား..

အဲ့ဒါဆိုရင်တော့ အော်ဂဲနစ် ပိုးပြေးဆေးလေးတွေ လုပ်ကြရအောင်။

အိမ်နောက်ဖေးက ခရမ်းချဉ်တွေ ငရုတ်တွေ ဘူး ဖရုံ တွေမှာ ပိုးကောင်လေးတွေကျနေတယ်ဟဲ့

ငါက သဘာဝအတိုင်းစားချင်လို့ စိုက်ထားတာ ဆေးမဖြန်းချင်ဘူး ဆိုတဲ့ သူတွေအတွက်

ပထမဆေးနည်း

() ကြက်သွန်ဖြူ တစ်ဥ

() ပန်းကန်ဆေးဆပ်ပြာဆီ စားပွဲတင်ဇွန်းတစ်ဇွန်း (အရောင်ချွတ်ဆေးမပါတာကိုသုံးပေးပါ)

() ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ()ဇွန်း

() ရေ ()ခွက်

ကြက်သွန်ဖြူ အမွှာလေးတွေကို အခွံခွာပြီးတော့ အရည်ညှစ် ရေနဲ့ရော၊ ဟင်းသီးဟင်းရွက်ဆီ ထည့်၊ တစ်ည သိပ်၊ မနက်ကျတော့မှ ဆပ်ပြာဆီလေးထည့် အခင်းထဲ ဖြန်းဖို့ အသင့်ပဲ။

ဒုတိယဆေးနည်း

() ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ()ဇွန်း

() မုန့်ဖုတ်ဆော်ဒါ စားပွဲတင်ဇွန်း ()ဇွန်း

() ပန်းကန်ဆေးဆပ်ပြာဆီ စားပွဲတင်ဇွန်းတစ်ဇွန်း (အရောင်ချွတ်ဆေးမပါတာကိုသုံးပေးပါ)

() ရေ က ဂါလန်ဝက်

အကုန်လုံးပေါင်းထည့်လိုက်ပြီး ဖြန်းရုံပဲ၊ ဂျပိုးအုပ်စုဝင် ပိုးကောင်လေးတွေ ပြေးကြပါလိမ့်မယ်။

တတိယဆေးနည်း

() ငရုတ်သီးထောင်း ခွက် ()ဝက် (စပ်လေကောင်းလေဆိုတော့ မိုးမျှော်လောက်ထည့်)

() ရေက ()ခွက်

() ပန်းကန်ဆေးဆပ်ပြာဆီ စားပွဲတင်ဇွန်းတစ်ဇွန်း (အရောင်ချွတ်ဆေးမပါတာကိုသုံးပေးပါ)

ငရုတ်သီးတွေကို ရေနဲ့ဖျော်၊ တစ်ညသိပ်။ ကိုယ်ကဖျန်းမှာဆိုတော့ အရည်ပြန်စစ်ပေး၊ အသားနဲ့ထိရင်တော့ ပူတတ်လို့ သတိတော့ထားပေးပါ။ ပြီး ဆပ်ပြာဆီနဲ့ ရော ပြီး ပက်ဖျန်းလိုက်ရင် ဂျပိုးအုပ်စုတွေ ပြေးပြီပေါ့။

သတိထားဖို့ တစ်ချက်ကတော့ ကိုယ်တိုင်ဖော်စပ်တာဆိုပေမဲ့လို့ အားကတော့ ပြင်းပါတယ် ဓာတုဆေးလိုပဲဆိုတော့ အကျိုးပြုသက်ရှိတွေလည်း သေစေနိုင်တာကြောင့်မို့ သတိတော့ တစ်ချက်ထားပေးဖို့လိုပါတယ်။

အဲ့တော့ မဖျန်းခင်မှာ သေးသေးလေးတွေ အရင် တစ်ပင် နှစ်ပင်လောက်ကို စမ်းကြည့်ပါ။

ဆပ်ပြာဆီတွေ ထည့်ထားတာက ဆေးကို ပိုစွဲအောင်ထည့်ထားတာပါ။ နေရောင်အရမ်းပြင်းတဲ့အချိန်မှာ မသုံးမိဖို့ကိုလည်း သတိပြုပါ။ အပင်တွေကို လောင်စေနိုင်တာကြောင့်မို့ပါနော်။

အိမ်ထဲကနေ လုပ်လို့လွယ်တဲ့ ဆေးလေးတွေ ကိုယ်တိုင်ဖော်စပ်နိုင်ပြီးတော့ အိမ်နောက်ဖေး ဈေးဆိုင်လေးကနေ အော်ဂဲနစ် စစ်စစ်တွေ ကိုယ်တိုင်ထုတ်ပြီး စားနိုင်ကြပါစေ။

reference - https://home.howstuffworks.com/green-living/homemade-organic-gardening-sprays.htm

 

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်