စပါးခင်းတွင်း ဖြစ်တတ်သည့် ရောဂါမဟုတ်သည့် ရောဂါများအကြောင်း

19/03/2026 09:54 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

စပါးခင်းမှာ စပါးရွက်လေးတွေ ပုံမှန်မဟုတ်တာမြင်ရုံမျှဖြင့် ပိုး/ရောဂါ ဟု ယူဆပြီးဆေးဖျန်းဖို့ အရင်စဥ်းစားတဲ့အထဲမှာမိတ်ဆွေပါနေပြီလား?

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုအရင်ဖတ်ကြည့်ပြီးမှ ဘာဆေးဖျန်းသင့်လဲ? ဘာလုပ်သင့်လဲ?ဆိုတာ ဆုံးဖြတ်လိုက်ပါ၊

သက်ရှိ တစ်မျိုးမျိုးကြောင့်မဟုတ်သော စပါးပင်ပြလက္ခဏာများ

သက်မဲ့အကြောင်းအရာများ ကြောင့်ဖြစ်သော အပင်လက္ခဏာများ(non living factors)ကိုAbiotic Disorders လို့‌ ခေါ်ကြပါတယ်။ ပိုးမွှား၊ရောဂါကြောင့်မဟုတ်ဘဲ ပတ်ဝန်းကျင် သို့မဟုတ်စိုက်ပျိုးမှုအမှားတခုခုကြောင့်ဖြစ်တဲ့လက္ခဏာတွေပါပဲ။

အဲဒါတွေကတော့

၁။ အာဟာရဓာတ်ချို့တဲ့ခြင်း/အဆိပ်သင့်ခြင်း(Nutrient deficiencyand toxicity)

၂။ မြေကြပ်ခြင်း/ရေငတ်ခြင်း(drought/compaction)

၃။ ရေများလွန်း/နည်းလွန်းခြင်း(Water loggy/drought)

၄။ အပူချိန်နိမ့်လွန်း/မြင့်လွန်းခြင်း

၅။ Heavy metal and chemical residue အဆိပ်သင့်ခြင်းတို့ပဲ ဖြစ်ပါတယ်။

၁။ အာဟာရဓာတ်ချို့တဲ့ခြင်း(Nutrient deficiency)

Nitrogen(N) ချို့တဲ့ပါက အောက်ရွက်များဝါခြင်း၊ ပင်ပွားအားနည်းခြင်း

Phosphorous(P) ချို့တဲ့ပါက အရွက်စိမ်းညှို့ပြီး အပင်ပုနေခြင်း 

Potassium(K) ချို့တဲ့ပါက အရွက်များစိမ်းပြီး ရွက်ဖျား/နားခြောက်နေခြင်း

Sulphur(S)ချို့တဲ့ပါက အပေါ်ရွက်အဖျား ဝါဖျော့နေခြင်း

Iron(Fe) Toxicity ဖြစ်ပါက မြေကြီး PH နိမ့်နေခြင်း၊ အရွက်အပေါ်မှာ အညိုစက်ပြောက်တွေ့ရခြင်း(နီတိုလက္ခဏာ)

၂။ Drought stress - ရေငတ်ခြင်း

ရေသွင်းရမည့်ကာလတွင် ရေမရခြင်းသည် စပါးပင်အရွက်များလိပ်ခြင်း၊ တမန်းအိပ်ပြီး မြေကြပ်ခြင်း၊ အမြစ်နာခြင်း ဖြစ်စေပါသည်။

၃။ Water logging (ရေဝပ်ခြင်း)

စပါးခင်းအတွင်း ရေအမြဲရှိနေခြင်း/ရေထုတ်မရခြင်းသည် အမြစ်ဇုန်အတွင်းအောက်ဆီဂျင်ပြတ်လပ်စေပါသည်။ စပါးအမြစ်ပုပ်ခြင်း​၊ ဟိုက်ဒြိုဂျင်ဆာလ်ဖိုဒ်ယ(H2S)ဓာတ်ငွေ့ထွက်စေပြီး စပါးမြစ်များမဲစေပါသည်။ (ဝါတိုလက္ခဏာ)

၄။ Heat stress(High temperature) အပူချန်မြင့်လွန်းခြင်း

စပါးပင်သက်တမ်း​ တလျှောက် ကြိုက်နှစ်သက်သောအပူချိန်မှာ 26, 27, 28°Cဝန်းကျင် ဖြစ်ပြီး၊ 35°Cထက်ကျော်ပါက စပါးနှံပန်းပွင့်ချိန်တွင် ဝတ်မှုန်ကန်းခြင်း၊ နှံဖြူထွက်ခြင်း ဖြင့်စပါးအထွက်နှုန်းထိခိုက်စေပါသည်။

၅။ Cold stress(Low temperature) အပူချိန်နိမ့်နေခြင်း

20°Cထက်နိမ့်ကျပါက စပါးအပင်ပေါက်ညံ့ခြင်း၊ ကြီးထွားမှုနှေးခြင်း၊ ဇီဝကမ္မအပြောင်းအလဲဖြစ်စေပါသည်။

၆။ Heavy Metal Toxicity (ဓာတုအဆိပ်သင့်ခြင်း)

မြေဆီလွှာအတွင်း အကြောင်းကြောင်းကြောင့် ရောက်ရှိလာသောarsenic(As) Cadmium(Cd)စသော လေးလံသတ္ထုများကြောင့် စပါးပင်အမြစ်များမှ Znဇင့် နှင့် Mn မင်းဂနိစ်များချို့တဲ့ကာ အပင်ကြီးထွားမှုတန့်စေပါသည်။ (စိမ်းတိုလက္ခဏာ)

#အကြံပြုတင်ပြခြင်း

အထက်ဖော်ပြပါ စပါးခင်းအခြေအနေများသည် ပိုးမွှားရောဂါဟူသောသက်ရှိအကြောင်းတရား(Biotic factors)များကြောင့် မဟုတ်သဖြင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများဖျန်းခြင်းဖြင့် ကုစား၍မရနိုင်ပါ။

ထို့ကြောင့်စပါးစိုက်လယ်မြေများထွန်ရေးပြင်စဥ်တွင် အောက်ပါလုပ်ငန်းများဆောင်ရွက်သင့်ပါသည်။

မြေချဥ်/မြေငံပြုပြင်ခြင်း

သဘာဝမြေဩဇာနှင့်အတူ ၁ဧက ဂျစ်ဆန်(၂ - ၄ အိတ်)+K Humic 2kgထည့်သင့်ပါသည်။

(Gypsumနှင့် K humic သည် မြေဆီလွှာပြုပြင်ခြင်း၊ မြေတွင်းအဆိပ်အတောက်များကိုဖယ်ရှားခြင်း၊ အ​မြစ်ဖွဲ့စည်းမှုကောင်းခြင်းကြောင့် stress မျိုးစုံကို ကျော်လွှားနိုင်သည်။)

ဖြည့်စွက်အာဟာရအ‌နေဖြင့် ဆာလဖာ(S) နှင့် (Zn)ဇင့်ပါသော အားဆေးများအသုံးပြုသင့်ပါသည်။

ရေငတ်ခံ/မိုးခေါင်ခံ စပါးမျိုးများ၊ ရေမြှုပ်ခံစပါးမျိုးများ၊ ဆားငံခံစပါးမျိုးများကို ရေမြေဒေသအလိုက် ရွေးချယ် အသုံးပြုသင့်ပါသည်။

ရေချွေတာရေးနှင့် မီသိန်းထုတ်လွှတ်မှု(H2S)ကိုလျှော့ချရန် စပါးခင်းကို စိုတလှည့် /ခြောက်တလှည့် စနစ်(AWD)အသုံးပြုပါ။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်