တစ်ညတည်း တံစဉ်နဲ့ ရိတ်ထားသလို ကိုက်ဖြတ်စားသောက်နိုင်တဲ့ စပါးငမြှောင်တောင်

21/07/2026 10:13 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

Scientific name = Mythimna separata

Other Scientific Names

  • Cirphis separata
  • Cirphis unipuncta Haworth
  • Leucania consimilis Moore
  • Leucania separata Walker
  • Pseudaletia separata Walker

English name 

  • eating caterpillaroriental armyworm
  • paddy army worm of Gramineae
  • paddy climbing armyworm
  • rice armyworm
  • rice ear cutting caterpillar
  • southern armyworm

ဘာကြောင့် armyworm လို့ခေါ်သလဲ?

စပါးခင်းများကို စစ်တပ်ချီတက်သကဲ့သို့ အုပ်စုလိုက် စားသောက်ဖျက်ဆီးပြီး တနေရာမှ အခြားတနေရာ စပါးတစ်ခင်းပြီး တစ်ခင်း၊ ချီတက်စားသောက်တတ်လို့ rice armyworm ခေါ်ကြပါတယ်။

၁။ အသွင်အပြင်လက္ခဏာ

လုံးဝိုင်းပုံသဏ္ဍာန်ရှိပြီး အစင်းကြောင်းများ သို့မဟုတ် ပိုက်ကွန်ပုံသဏ္ဍာန်ရှိပါတယ်။  အချင်း ၀.၄ မှ ၀.၆ မီလီမီတာခန့်ရှိပါတယ်။

စပါးရွက်ပေါ်မှာ အစုလိုက်ဥပြီး ၊အစပိုင်းတွင် အဖြူရောင်၊ နောက်ပိုင်း တွင်အညိုရောင်ဖြစ်လာတာတွေ့ရပါတယ်။

လောက်ကောင်

အစိမ်းရောင်မှ အညိုရောင်အထိရှိနိုင်ပြီး ကိုယ်ပေါ်တွင် အလျားလိုက် အဖြူနှင့် အညိုစင်းများ ရှိပါတယ်။

ရုပ်ဖုံး (Pupa)

မြေကြီးအတွင်း ၂–၅ စင်တီမီတာခန့် အနက်မှာ၊ ပိုးတုံးလုံး ရုပ်ဖုံးအဖြစ် ကြာရှည်စွာနေနိုင်ပါတယ်။

ဖလံ (Adult moth)

အရောင်မှာ အညိုရောင်ဖြစ်ပြီး ညမီးအရောင်ကို ကြိုက်နှစ်သက်ပါတယ်။

ဒါကြောင့် "ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနည်းတတ်သည်"လို့ ရှေးအဆိုရှိခဲ့ပါတယ်။

အထူးသဖြင့် လမိုက်ည/လကွယ်ညတွေမှာ ဖလံတွေ မြူးတူး လှုပ်ရှားတတ်ကြပြီး လဆန်းရက်မှာ ဥချတတ်ပါတယ်။

၂။ ဘဝစက်ဝန်း

ဥ ဘဝ (၃–၇ ရက်)

လောက်ကောင် (၁၅–၂၅ ရက်)

ပိုးတုံးလုံး (၇–၁၄ ရက်)

ဖလံ (၇–၁၅ ရက်)

စုစုပေါင်း ၃၀–၄၅ ရက်ခန့်ဖြင့် ဘဝစက်ဝန်းတစ်ပတ်လည် နိုင်ပါတယ်။

၃။ စားသောက်ဖျက်ဆီးပုံ

ညဘက်တွင်သာ စားသောက်ဖျက်စီးပါသည်။ နေ့ခင်းဘက်တွင် စပါးပင်ခြေရင်း၊ မြေကြီးပတ်ကြားအက်ကွဲကြောင်းနှင့် ပေါင်းမြက်များထဲ၌ ပုန်းအောင်းနေပြီး၊ ညမှောင်မှသာ အပင်ပေါ်တက်၍ အလွန်မြန်ဆန်စွာ ကိုက်ဖြတ်စားသောက်ကြပါတယ်။

အရွက်များကို အကြောပဲကျန်အောင်စားပြီး စပါးရွက်နု၊ ရွက်ရင့်မရွေး ကိုက်စားပါတယ်။ ဖျက်ဆီးမှုပြင်းထန်ပါက အရွက်တစ်ခုလုံး ကုန်သွားပြီး ရွက်လယ်အကြောမကြီးများသာ တံမြက်စည်းကဲ့သို့ ကျန်ခဲ့ပါတယ်။

 

စပါးအနှံထွက်ချိန်တွင် ကျရောက်ပါက စပါးနှံ၏ အခြေမှ ကိုက်ဖြတ်ပစ်သဖြင့် စပါးနှံများ မြေပေါ်သို့ ပြတ်ကျတတ်ပါတယ်။

အုပ်စုလိုက် ချီတက်ပြီး တစ်ညတည်းနှင့် တံစဉ်ဖြင့် ရိတ်ထားသကဲ့သို့ ပြောင်အောင်စားနိုင်ပါတယ်။

၄။ ဖြစ်ပွားလွယ်သော အခြေအနေ

"ရေကြီး၊ မိုးခေါင်...ငမြောင်တောင်"လို့ တောင်သူကြီးများ မှတ်သားထားကြသလို ဇွန်၊ ဇူလိုင်မှာ ရေကြီးပြီး July drought ကဲ့သို့ မိုးခေါင်သော အခြေအနေမျိုးမှာ စပါးငမြောင်တောင် outbreak ဖြစ်တတ်ပါတယ်။

အုံ့မှိုင်းစွတ်စိုနေသောအခြေအနေ ပေါင်းမြက်ပေါများသော လယ်ကွင်း နိုက်ထရိုဂျင် (ယူရီးယား) အလွန်များသောစပါးခင်း၊ မိုးရွာပြီးနောက် စိုထိုင်းဆမြင့်သောအခြေပနေမျိုးတွင် ငမြောင်တောင်ကျရောက်တတ်ပါတယ်။

၅။ တွေ့ရှိရသောလက္ခဏာ

  • စပါးရွက်များ ကိုက်စားထားသည့် အပေါက်များ၊
  • အရွက်ဖျားများ ပြတ်တောက်နေခြင်းများ၊
  • နံနက်စောစောတွင် လောက်ကောင်များကို အပင်အောက်ခြေတွင် တွေ့ရတတ်ခြင်း။
  • နေ့ခင်းတွင် မြေကြီးပတ်ကြားအက်များ၊ ရိုးတံအောက်တွင် ပုန်းနေတတ်ခြင်းတို့ကိုတွေ့ရပါတယ်။

၆။ စောင့်ကြည့်ခြင်း

  • ညဘက် ဓာတ်မီးဖြင့် စစ်ဆေးပါ။
  • ၁ စတုရန်းမီတာ(၃ပေပတ်လည်)လျှင် လောက်ကောင် ၃–၅ ကောင်ထက်ပို တွေ့ပါက ဆေးဖျန်းဖို့ လိုအပ်ပါတယ်။
  • ဖလံဖမ်းရန် light trap မီးထောင်ချောက် သို့မဟုတ် pheromone trap အသုံးပြုနိုင်ပါတယ်။

၇။ IPMနည်းဖြင့် ကာကွယ်နှိမ်နင်းနည်း

စိုက်ပျိုးရေးနည်းလမ်း

  • စပါးခင်း ပတ်ဝန်းကျင် ပေါင်းမြက်ရှင်းပါ။
  • နိုက်ထရိုဂျင်ကို လိုအပ်သလောက်သာ အသုံးပြုပါ။
  • ရေသွင်းရေထုတ် စနစ်တကျလုပ်ပါ။

ဇီဝနည်းဖြင့်ကာကွယ်နည်း

  • ငှက်များ၊ ပင့်ကူများ၊ ကပ်ပါးပိုးများကို ထိန်းသိမ်းပါ။
  • Bacillus thuringiensis (Bt) ကို လောက်ကောင်ငယ်စဉ်တွင် အသုံးပြုပါ။

ဓာတု‌ဆေးဖြင့်နှမ်နင်းနည်း 

ငမြောင်တောင် ငယ်စဉ်(အဆင့်၁/၂/၃)တွင် ဖျန်းလျှင် အထိရောက်ဆုံးဖြစ်ပါတယ်။

အသုံးပြုသင့်သော  ပိုးသတ်ဆေးai(Active Ingredients )များမှာ

  1. Chlorantraniliprole
  2. Emamectin benzoate
  3. Spinetoram
  4. Spinosad
  5. Indoxacarb
  6. Flubendiamide

ဆေးအာနိသင် ပိုမိုထိရောက်စေရန် ပိုးသတ်ဆေးကို  စွဲကပ်/ပျံ့နှံ့ဆေးဆေး အသုံးပြုပါ။

ညနေချိန်တွင်သာ ဆေးဖျန်းပါ။

(အကယ်၍ စပါးငမြောင်တောင် outbreakယူ ယူဆပါက နီးစပ်ရာ စိုက်ပျိုးရေးနည်းပညာရှင်များထံ အမြန်ဆုံးဆက်သွယ်ပါ။)

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်