စပါးပင်တွင် ဇင့် ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ

06/08/2024 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဇင့်ချို့တဲ့လျှင် အပင်၏ ဇီဝဓာတုဖြစ်စဥ် (Biochemical processes) ကို ထိခိုက်စေကာ အပင်ကြီးထွားမှုနှောင့်နှေးစေသည်။ ဇင့် ချို့တဲ့မှုသည် ဆာလဖာချို့တဲ့မှုနှင့် အတူတကွ ဖြစ်ပေါ်လေ့ရှိသည်။

ဇင့်ချို့တဲ့ရသည့် အကြောင်းများစွာရှိသော်လည်း စပါးမျိုးသစ်များစိုက်ပျိုးလာခြင်း၊ သီးနှံများဆက်တိုက်စိုက်ပျိုးခြင်းနှင့်အတူ စပါးသီးနှံတွင် ဇင့်ဓာတ်ချို့တဲ့မှုမှာ အဖြစ်များလာသည်။ အထူးသဖြင့် မြေချဥ်ငံကိန်းမြင့်သော စိုက်ကွက်များ (pH 7ခန့်) နှင့် ထုံးကိုအလွန်အကျွံထည့်သော အကွက်များတွင် အဖြစ်များသည်။ 

လက္ခဏာများ

အောက်ပါ ချို့တဲ့မှုလက္ခဏာများကို ရွှေ့ပြောင်းစိုက်ပျိုးပြီး ၂ ပတ် မှ ၄ ပတ်အတွင်း တွေ့ရသည်။

အပင်များပုညှက်နေပြီး အရွက်ဟောင်းများ အပေါ်တွင် အညိုရောင်အစွန်းကွက်နှင့် အစင်းများဖြစ်သည်။

အရွက်နုများ၏ အောက်ခြေပိုင်း အလယ်ကျောရိုးပေါ်တွင် အစိမ်းရောင်မညီကွက်များတွေ့ရသည်။ အပင်ပုပြီး အပင်ပွားနည်းကာ စိုက်ခင်းထဲတွင် အကွက်လိုက် အပင်ရုံများ ကြီးထွားမှုမညီမညာ ဖြစ်နေကာ ရင့်မှည့်မှု နှောင့်နှေးသည်။ အနှံစေ့များအောင်မြင်မှုနည်းသည်။ ရွက်ပြားအရွယ်အစားသေးငယ်ပြီး တခါတရံ ရွက်လယ်ကြော တစ်လျှောက် အဖြူရောင် အစင်းတွေ့ရသည်။

ပြုပြင်ရန် နည်းလမ်းများ

ဇင့်ဆာလဖိတ် (ZnSO4 ) အမှုန့် ကို တစ်ဟက်တာလျှင် ၂၅ Kg နှုန်း ဖြင့် ထည့်သွင်းပါ။

ရွက်ဖြန်းမြေသြဇာ အဖြစ် 0.5 % ZnSO4 ( ၅ ဂရမ် / လီတာ) ကို ၁၅ ရက်ခြား ၍ ၂ ကြိမ် ပက်ဖြန်းပေးပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်