အာဟာရတွေတိုးပွားဖို့ တိုင်းရင်းငါးငယ်လေးများ မကြာခဏစားကြစို့

28/09/2019 07:07 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

တိုင်းရင်းငါးမျိုးစိတ်ငယ်လေးများကို (၂-၃) လက်မ အရွယ်သာမွေးမြူရပြီး တစ်ကောင်လုံးစားသုံးနိုင်ပါသည်။ မိမိတို့ကိုယ်ခန္ဓာအတွက် လိုအပ်သည့် အရည်အသွေးမြင့်ပရိုတင်း နှင့် အာဟာရဓါတ်များကို ဖြည့်ဆည်းပေးနိုင်ပါသည်။

တိုင်းရင်းငါးငယ်လေးများကို စတင်မွေးမြူပြီး (၆) ပတ်ကြာလျှင် အချို့ကို ရွေးချယ်ဖမ်းဆီး စားသုံးနိုင်ပြီဖြစ်သည်။ ဆက်လက်၍ (၂) ပတ်လျှင် တစ်ကြိမ် ပြန်လည်ဖမ်းဆီးနိုင်သည်။ 

ရွေးချယ်ဖမ်းဆီးခြင်းသည် ငါးကြီးများကိုသာရွေးချယ်ဖမ်းဆီးခြင်း (အားလုံးကို ဖမ်းဆီးခြင်းမဟုတ်ပါ) ဖြစ်သည်။ ဤသို့အားဖြင့် ငါးမွေးကန်တွင် ငါးပေါက်ပွားမှု ပိုမိုကောင်းစေပြီး ကန်အတွင်း ငါးအကောင်ရေကို ထိန်းသိမ်းထားနိုင်ပါသည်။

ရွေးချယ်ဖမ်းဆီးခြင်း၏ အကျိုးကျေးဇူးများမှာ

  • ငါးများကို မကြာခဏစားသုံးရခြင်း
  • ငါးဟင်းအတွက်ကုန်ကျစရိတ်မရှိခြင်း
  • ငါးများရောင်းချခြင်းဖြင့် ဝင်ငွေရရှိခြင်းနှင့် ငွေလည်ပတ်မှုရှိခြင်း

- အရွယ်ရောက်ပြီးသူများအတွက် တစ်နေ့လျှင် ၃ ကျပ်သား (ငါးဦးခေါင်းအပါအဝင်) စားသုံးပေးပါ။

- ၆-၂၃ လအရွယ် ကလေးငယ်များအတွက် တစ်နေ့လျှင် ၁.၅ ကျပ်သား (ငါးဦးခေါင်းအပါအဝင်) စားသုံးပေးပါ။

တိုင်းရင်းငါးငယ်များတစ်ကောင်လုံးစားသုံးခြင်းဖြင့် ရရှိနိုင်သည်များမှာ

  • အရည်အသွေးမြင့် ပရိုတင်း
  • ဗီတာမင် အေ၊ သံဓာတ်
  • ကယ်လ်ဆီယမ် နှင့် အခြားသတ္တုဓာတ်များ

*ငါးဘဲဖြူကို အခြေခံ၍ ဖော်ပြထားပါသည်။

၁။ ကန်ဘောင်နှစ်ဖက်တွင် သစ်သားတိုင်ကို စိုက်ထူပါ။

၂။ သစ်သားတိုင်၏ ထိပ်ဖျားတွင် သံစိုက်၍ ၎င်းသံကို ကွေးထားပါ။

၃။ ငါးဖမ်းပိုက်နှင့် တွဲချည်ထားသောကြိုးကို ကွေးထားသည့်သံကွင်းထဲသို့ ထည့်ပါ။

 

 

၄။ ငါးဖမ်းပိုက်ကို ရေထဲတွင်ချထားပါ။ 

၅။ တုတ်ဖြင့် ရေကို (၂-၃) ကြိမ် ရိုက်ပါ။ မိနစ်အနည်းငယ်ကြာပြီးနောက် ငါးဖမ်းပိုက်ကို ဆွဲတင်ပါ။

 

 ၆။ ငါးဖမ်းပိုက်ကို သစ်သားတိုင်မှ ဖြုတ်ရန် မလိုအပ်ပါ။ နောက်တစ်ကြိမ် ပြန်လည် ဖမ်းဆီးရန် အသုံးပြုနိုင်ပါသည်။

 

ယခုဆောင်းပါးအား  INLAND MYSAP မှ ပူးပေါင်းပါဝင်ပံ့ပိုးပေးထားပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်