ငရုတ်ကောင်း အဆစ်ပိုင်း ကိုင်းဖြတ်မျိုးပွားနည်း

09/10/2019 11:45 AM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

(၁) တစ်ဆစ်ပိုင်း ကိုင်းဖြတ်မျိုးပွားနည်း (Single node Cutting or leaf Cutting)

   ယင်းကိုင်းဖြတ်မျိုးပွားနည်းတွင် အဆစ် တစ်ဆစ်၊ အရွက်တစ်ရွက်၊ ရွက်ညှာတံနှင့် အဖူးတစ်ဖူးသာပါရှိသည့် အရှည်(၂)လက်မအရွယ် ကိုင်းဖြတ်များကို အသုံးပြုပါသည်။ အမြစ်ထွက်မှုကို အားပေးသော ဟော်မုန်းများကို အသုံးပြုပါက (၂၁) ရက်အတွင်း ကိုင်းဖြတ် (၇၅) ရာခိုင်နှုန်း အစို့ထွက်ကာ အမြစ်များလည်း ကောင်းစွာထွက်စေပါသည်။ ယင်းအစို့ထွက်ပြီး ကိုင်းဖြတ်များကို ပလက်စတစ်အိတ်များဖြင့် ပြောင်းရွှေ့စိုက်ပျိုး ထိန်းသိမ်းထားရှိရပါသည်။ (၃) လခန့်ကြာသော် စိုက်ခင်းအတွင်း ပြောင်းရွှေ့စိုက်ပျိုးနိုင်သည့် အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။

(၂) နှစ်ဆစ်ပိုင်း ကိုင်းဖြတ်မျိုးပွားနည်း (Tow node Cutting)

   ဤနည်းဖြင့်မျိုးကိုင်းများကို အဆစ် (၂) ဆစ်စီပါအောင် ဖြတ်ယူရပါသည်။ အရင်းပိုင်းအဆစ်မှအရွက်ကို ရွက်ညှာရင်းမှ ဖြတ်ပေးပြီး ကျန်အဆစ်မှအရွက်ကို အရွက်ကြီးမားပါက ထက်ဝက်ခန့်အထိ အလျားလိုက် စောင်းဖြတ်ကာ ရေငွေ့ပျံမှုသက်သာစေရန် ပြုလုပ်ပေးထားရပါမည်။ ကိုင်းဖြတ်များကို (၄၅) ဒီဂရီခန့်စောင်းပြီး တစ်ကိုင်းနှင့်တစ်ကိုင်း (၆) လက်မခန့် ခြားကာ အဖျားပိုင်း အဆစ်ရှိရွက်ရင်းထိ မြေမြှုပ်ပျိုးထောင်ရပါသည်။

(၃) အဆစ်ခုနှစ်ဆစ်ပါ ကိုင်းဖြတ်မျိုးပွားနည်း (Seven node Cutting)

   ဤနည်းတွင် အရွက် (၁၀) ရွက်ထက် ပိုမိုထွက်ရှိနေသော ထိပ်ပိုင်းကိုင်းများကိုသာ ဖြတ်ယူအသုံးပြု မျိုးပွားပါသည်။ ပြုလုပ်နည်းမှာ ထိပ်ညွှန့် (၃) ရွက်ကို ဖြတ်တောက်ပေးရပါသည်။ ကျန်ရှိသောကိုင်း၏ ထိပ်ပိုင်း (၃) ရွက်ကိုချန်လျက် အောက်ဘက်ရှိ (၄) ဆစ်မှ အရွက်များကို ဖယ်ရှားပေးရပါသည်။ (၁၀) ရက်ခန့်ကြာသောအခါ ယင်းကိုင်းမျိုးများကို အရွက်များဖယ်ရှားထားသည့် အောက်ဆုံးအဆစ်၏အောက်မှ ဖြတ်တောက်၍ အရွက်ဖယ်ရှားထားသော အဆစ်(၄) ဆစ် မြှုပ်သည်အထိ မြေမြှုပ်မျိုးပွားရပါသည်။ ပျိုးခင်းမြေမှာ မြေကျက်ဖုတ်ထားသည့် သစ်ရွက်ဆွေးမြေများသော သဲမြေနုဖြစ်ရပါမည်။ မျိုးကိုင်းရှိ အရွက်များ နေရောင်ခြည်တိုက်ရိုက်မထိတွေ့စေရန် ပလတ်စတစ်ဖြင့် သင့်လျော်သော အမိုးပြုလုပ်ပေးရပါမည်။ ပျိုးခင်းမြေတွင်လည်းကောင်း၊ မျိုးကိုင်းပတ်ဝန်းကျင် လေထုတွင်လည်းကောင်း စိုထိုင်းဆ အမြင့်ဆုံးရှိနေစေရန် ထိန်သိမ်းပေးရပါမည်။ အမြစ်ထွက်စေရန် ပျိုးထောင်မှုမရှိဘဲ မျိုးကိုင်းများကို တိုက်ရိုက်စိုက်ပျိုးပါက အောင်မြင်မှုနည်းပါးစေပါသည်။

စိုက်ပျိုးရေးဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်