အမြဲတမ်းစိုက်ပျိုးရေးစနစ် ပေါ်ေပါက်လာပုံ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့ သဘောတရားတွေကို သင်ကြားဆွေး နွေးပေးသွားမယ့် အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခုကို ၂၂.၇.၂၀၁၈ (တနင်္ဂနွေ)နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီ ထိ ကုက္ကိုယာ ဩဂဲနစ်စိုက်ပျိုးရေးခြံမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
သင်ကြားဆွေးနွေးသွားမယ့် အကြောင်းအရာတွေကတော့
- အမြဲတမ်းစိုက်ပျိုးရေးစနစ်၏ သဘောတရားများ (Concept of Permaculture)
- အမြဲတမ်းစိုက်ပျိုးရေးစနစ် ပေါ်ေပါက်လာပုံနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ (History of Permaculture and definition)
- အမြဲတမ်းစိုက်ပျိုးရေးစနစ်၏ ကျင့်ဝတ်များနှင့် အခြေခံနိယာမများ (Permaculture Ethics and Principles)
- အခြေခံဒီဇိုင်း သဘောတရားများ၊ နိယာမ နှင့် ဒီဇိုင်းရေးဆွဲခြင်း (Concept of Design, design principle and Designing) စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။ တက်ရောက်လိုသူများက သင်တန်းကြေးအနေနဲ့ တစ်ဦးလျှင် ၅၀၀၀၀ ကျပ်ပေးသွင်းရမှာဖြစ်ပြီး အောက်က Link မှာ စာရင်းပေးသွင်း နိုင်ပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSfW0dXbT1SkwVr7dIk118tBC069vQMl9bmNydC69vUo3MqWEg/viewform
ကုက္ကိုယာ ဩဂဲနစ်၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ။
Source –Kokkoya Organic
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်