ညောင်တုန်း၊ အင်္ဂပူ၊ ဟင်္သာတဒေသများရှိ မိုးစပါးစိုက်တောင်သူများသို့

22/07/2025 15:12 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တိုင်ဖွန်းမုန်တိုင်းအဆင့်မှ အားကောင်းသောအပူပိုင်းမုန်တိုင်းအဆင့်သို့လျော့ကျလာပြီး ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိတဲ့ "မုန်တိုင်း WIPHA" ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှ လာအိုနိုင်ငံမြောက်ပိုင်းတွေကို ကုန်းတွင်းလေပွေလှိုင်းနှင့် မုန်တိုင်းအကြွင်းအကျန်များအဖြစ် ဖြတ်ကျော်ရွေ့လျားမှာဖြစ်ကြောင်း ECMWF, UKM Model တွေက ခန့်မှန်းတဲ့ လမ်းကြောင်းကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။

တချိန်ထဲမှာပဲ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာတာတွေ့ရပါတယ်။ အခုလို ထူးခြားတဲ့ မိုးလေဝသအခြေအနေတွေကြောင့် -

ဇူလိုင် ၂၃ ရက် - နံနက် ၈ နာရီမှ ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီအတွင်း - 

🔸 မြန်မာတနိုင်ငံလုံးနေရာအနှံ့အပြားမိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး

🔸 ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရခိုင်ကမ်းရိုးတန်းဒေသများတွင်၊ နေရာကွက်၍ မိုးသည်းထန်နိုင်ပြီး၊ မိုးရေချိန်ရရှိမှုများနိုင်ပါမယ်။

ဒါ့အပြင် ယနေ့ ဇူလိုင် ၂၂ မှ ၂၅ အတွင်း ညောင်တုန်း၊ အင်္ဂပူ၊ ဟင်္သာတဒေသများတွင် အပူချိန် ၂၅ မှ ၂၉ ဒီဂရီစင်တီဂရိတ်အတွင်းရှိကာ စိုထိုင်းစမှာလည်း ၉၂ ရာခိုင်နှုန်းအထက်တွင်ရှိတာကြောင့် စပါးရွက်ညိုပြောက်ဂုတ်ကျိုးနဲ့ စပါးဘက်တီးရီးယားရွက်စင်းရောဂါများကို သတိပြုကြဖို့အစိမ်းရောင်လမ်းကနေ သတိပေးလိုက်ရပါတယ်ရှင်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်