လာမယ့် ၄ ရက် (ဇွန်လ ၂၀ -၂၃ ရက်အထိ) ပဲခူးတိုင်းအရှေ့ခြမ်းရှိ မိုးစပါးစိုက်တောင်သူများ ဂရုပြုရမည့် ပိုးများ

20/06/2025 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မိုးဦးကာလအကုန်ရက် ဇွန်လ ၃၀ ရက်အထိတော့ မိုးရွာတာက မပြတ်နိုင်ပါဘူး။ အနောက်တောင်မုတ်သုံလေ အားကောင်းနေဆဲမို လေပြင်း ရံဖန်ရံခါတိုက်နေတာလဲ ရှိပါမယ်။ လတ်တလော အချိန်မှာ ထန်းတပင်နဲ့ ပဲခူးတိုင်းအနောက်ခြမ်းက လက်ပံတန်းမှာ မိုးအနည်းငယ်ရွာပြီး တိမ်တွေထူနေပါတယ်။ (Weather Station)

ရန်ကုန် ကမာရွတ်က အထပ်မြင့် station မှာ လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီ မိုင် ၂၀ကျော် ရှိနေပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းမှာ မိုးက ဆက်များနေဦးမှာပါ။ အခု လိုင်းပေါ်မှာ တက်လာတဲ့သတင်းတွေအရ တောင်ငူ၊ ဆူးတက်ရွာလယ်၊ ကျောင်းတံတားနဲ့လက်ခုတ်ကုန်းတံတား ရုက်တရက်ရေတိုးပြီး ကျိုးသွားပါတယ် ရေကတော့ လျှပ်တပြက်ရေကြီးခြင်းမျိုးလို့ သိရပါတယ်။ (Flash Flood) ..

တအိအိနဲ့ တက်လာနေမဲ့ စစ်တောင်းမြစ်ကို သတိထားစောင့်ကြည့်ကြရပါဦးမယ်။

HIMAWARI ဂြိုဟ်တုပုံမှာတော့ မြန်မာပြည်အလယ်ပိုင်းဒေသတွေနဲ့ ရှမ်းပြည်နယ်ဘက်မှာ တိမ်ဖြစ်ထွန်းမှုအခြေအနေက အတော်ကို ပါးပါးပါပဲ။ ဆိုတော့ လာမယ့် ၄ ရက်အတွင်း အနိမ့်ဆုံး အပူချိန် ၂၄ မှ အမြင့်ဆုံး ၃၀ ဒီဂရီစင်တီဂရိတ်ရှိပြီး စိုထိုင်းစ ၉၀ % အထက်မှာရှိနေနိုင်မှာမို့ ပဲခူးတိုင်းအရှေ့ခြမ်းရှိ မိုးစပါးစိုက်တောင်သူများ စပါးရွက်လိပ်အိမ်ပိုး၊ စပါးကျောက်ဆူးပိုး/ လောင်မီးပိုးနဲ့ စပါးကြက်သွန်မြိတ်ပိုးတို့ကို သတိထားကြဖို့အတွက် အစိမ်းရောင်လမ်းကနေ သတိပေးလိုက်ရပါတယ်ရှင်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်