နာနတ်သီးပင်တွင်ကျရောက်သော ပိုးများ နှင့် ကာကွယ်နှိမ်နင်းနည်းများ

12/01/2018 10:36 AM တွင် ayethandasoe ayethandasoe မှ ရေးသား

ကျရောက်သည့်ပိုးများ
ပင်ထိုးပိုး    ဖျက်ဆီးပုံ - အရွယ်ရောက်ကျိုင်းကောင်သည် ပင်စည်အား ထိုးဖောက်ပြီး အပင်ညှိုးသေခြင်းကို ဖြစ်စေသည်။

ဘဝဖြစ်စဉ်   ဥ - ဘဲဥပုံ နို့နှစ်ကဲ့သို့ အဖြူရောင်ဥ များကို manure pits (သို့) ဟင်းသီးဟင်းရွက် ပျက်စီးနေသော အစုအပုံများ၏ အနက် 5-15 cm တွင်တွေ့ရသည်။ဥမှအကောင်ပေါက်ရန်အချိန်သည် ၈-၁၈ ရက်ကြာသည်။ အမ တစ်ကောင်သည် တစ်ကြိမ်လျှင် ၁၄၀-၁၅၀ ဥ အုနိုင်သည်။

လောက်ကောင် (Grub ) - အနက် 5-30 cm တွင် “ C “ ပုံစံအညိုဖျော့ ရောင်ဦးခေါင်းရှိသော ပိုးလောက်ကောင်ဖြစ်သည်။

ရုပ်ဖုံး - မြေကြီးထဲ အနက် (0.3-1 m ) တွင် ရုပ်ဖုံးဘဝကို ပြုလုပ်ကြ သည်။

ရွက်ရောက်ကောင် - အရွက်ရောက်အကောင်သည် မာပြီး အညိုမဲရောင် ( သို့ ) အမဲရောင် ရှိသည်။ အထီးတွင် အမထက် ပိုရှည်သော ဂျို ရှိသည်။

ကာကွယ်နှိမ်နင်းနည်း
ဖျက်ဆီးခံရသောအပင်အစိတ်အပိုင်းများကို ဖယ်ရှားဖျက်ဆီးပါ။ manure pits မှ ပိုးကောင်များကို စုဆောင်းပြီးဖျက်ဆီးပါ။ Metarhizium anisopliae ကို အေးသောလတွေမှာ grubs တွေကို တိုက်ခိုက်ရန်အတွက် manure pits ထဲတွင် ရောပါ။ Reduviid bugs , Platymeris laevicollis တို့ကို အရွယ်ရောက် အကောင်များ တိုက်ခိုက်ရန်အတွက်မွေးပါ။ပင်စည် အခြေနား တွင်တွေ့ရသော အရွယ်ရောက်ကောင်များအားဖယ်ရှားပါ။အလင်း ထောင်ခြောက် ( light traps ) များကို မိုးရွာသောအချိန် အရွယ်ရောက် ကျိုင်းကောင်များကို ဆွဲဆောင်ရန်အတွက် ပြုလုပ်ပါ။

- ပိုသတ်ဆေးအနေဖြင့် cabaryl 0.1% ကို ၃ လ တစ်ကြိမ်ဖြန်းပါ။
Malathion 5% ကို လည်းဖြန်းနိုင်ပါသည်။

၁။ ပင်ရည်စားအကောင်များ
(က) ေလွး

ဖ်က္ဆီးပုံ
အရွက်ရိုးတံများနှင့်ပင်စည်များကြားတွင် အကောင်ငယ်များနှင့် အရွယ်ရောက်အကောင်များ နေ ထိုင်ပြီး ပင်ရည်ကိုစုပ်စားကြသည်။ အရွက်များကို ငွေရောင်သို့ပြောင်းစေပြီး အရွက်ထိပ်ဖျားမှ စပြီးညှိုး ခြောက်လာသည်။ အပင်ငယ်များကို ကြီးထွားမှုရပ်တန့်သွားသည်။ အဖူးများ ပုံပျက်စေပြီး အောက် ဘက်တွင်သာရှိနေမည်။

ဘဝဖြစ်စဉ်
အပင်အတွက် ရောဂါကို သယ်ဆောင်ပေးသော အကောင်များဖြစ်သည်။ အရွယ်ရောက်ကောင် အမသည် အောက်ခြေအရွက်များအတွင်းသို့ ဥများကို အုကြသည်။ ဥမှ အကောင်ပေါက်ရန် ၁၀-၁၅ ရက်ကြာသည်။ ဥမှပေါက်ခါစ အကောင်ငယ် နှင့် အရွယ်ရောက်အကောင်တို့သည် အဝါရောင်ရှိ သည်။ အကောင်ငယ်မှ အကောင်ကြီးအဖြစ် ကြီးထွားရန် ၄ - ၆ ရက် လိုအပ်သည်။ မြေကြီးထဲတွင် ရုပ်ဖုံးဘဝကို ကုန်ဆုံးပြီး ၃ရက်အကြာတွင် အရွယ်ရောက်အကောင် ဖြစ်လာသည်။ တစ်နှစ်လျှင် သားဆက် ၁၀ဆက် မျိုးပွားနိုင်သည်။

ကာကွယ်နှိမ်နင်းနည်း
- မိုးပြာရောင် စေးကပ်စေသည့် ထောင်ခြောက်များက အဝါရောင် ထောင်ခြောက်များထက် ပို၍ ကောင်းသည်။
- Dimethoate ဖြန်း၍နှိမ်နင်းနိုင်သည်။
- ခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ်စိုက်ပျိုးသင့်သည်။

(ခ) ပိုးစေးနှဲ

 

ဖ်က္ဆီးပုံ

ဥမှပေါက်ခါစ အကောင်ငယ်နှင့် အရွယ်ရောက်အကောင်များသည် အရွက်နှင့်အသီးများမှ အရည် များကို စုပ်ယူစားပြီး အရွက်များအဝါရောင်ပြောင်းကာ အသီးများကို ပုံပျက်စေသည်။

ဘဝဖြစ်စဉ်
အရွက်၏ အောက်မျက်နှာပြင်တွင် အစုအဖွဲ့လိုက်နေထိုင်ကြသည်။ ပိုးစေးနှဲကောင်များ အမြစ်အ ပေါ်နားတွင် အစုလိုက်ကျရောက်ပါက ပင်ညှိုးရောဂါကို ဖြစ်စေပြီး လက္ခဏာကို များသောအားဖြင့် အရွက်၏အောက်မျက်နှာပြင်တွင်သာ တွေ့ရှိရသည်။ ဥမှပေါက်ရန် (၈-၉)ရက် ကြာသည်။ ဥမှ ပေါက်ခါစ အကောင်ငယ်ဘဝတွင် ၂၈ - ၃၅ ရက် ကြာသည်။ ရုပ်ဖုံးဘဝမှ (၁၅-၂၀) ရက် အကြာ တွင် အရွယ်ရောက်အကောင် ဖြစ်လာသည်။

ကာကွယ်နှိမ်နင်းနည်း
ခံနိုင်ရည်ရှိသောမျိုးကို စိုက်ပျိုးပါ။ ပိုးမကျခဲ့သော စိုက်ခင်းမှ မျိုးကိုင်းများကို စုဆောင်းစိုက်ပျိုးပါ။ စိုက်ပျိုးချိန်မှာ အပင်ခြေရှိကွေးနေသော အရွက်များကို ဖယ်ရှားစိုက်ပျိုးပါ။ စိုက်ပျိုးမည့် အပင်၏ အခြေကို မစိုက်မီ မီသိုင်း ပါရာသီယွန် ၀.၂ % ဖျော်ရည်ဖြင့် စိမ်ပြီးမှစိုက်ပါ။ မြေအောင်းပိုးသတ် ဆေးကို ၁၀၀ - ၁၂၅ ရက် ကြာလျှင်တစ်ကြိမ် ရောဂါကျ စိုက်ခင်းကိုဖျန်းပါ။ (အဆိပ်ငွေ့နှင့် ပင်လုံး ပြန့် အာနိသင်ရှိသော ပိုးသတ်ဆေးများကို စုပ်စားနှင့် ကိုက်ဖြတ်စားသော အင်းဆက်များ နှိမ်နင်း ရာတွင် အသုံးပြုနိုင်သည်။)

(ဂ) ကိုက်ဖြတ်စားသောအကောင်

ဖ်က္ဆီးပုံ

လောက်ကောင်သည် အရွက်များကို စားသောက်ပြီး အရွက်အလယ်ကြော နှင့် ရွက်ကြာမကြီး များကိုသာကျန်ရစ်သည်။

ဘဝဖြစ်စဉ်
ပြား၍အရောင်တောက်သောဥများကို အစုလိုက် အရွက်၏အောက်မျက် နှာပြင်တွင် အုပြီး ဥအစု အဝေးပေါ်တွင် အမွှေးများဖြင့် ဖုံးအုပ်ထား သည်ကိုတွေ့ရသည်။ ဥ အုပြီး ၄ - ၅ ရက် အကြာတွင် အကောင်ပေါက်လာသည်။ လောက်ကောင်သည် အစိမ်းရောင်ကိုယ်ပေါ်တွင် အဖြူရောင်ဆူးပါသော လိုင်းများပါရှိကာ ဆူးနှင့်ထိမိက နာကျင်ပြီး သွေးထွက်နိုင်သည်။ လောက်ကောင်ဘဝသည် ၄၀-၄၅ ရက်ကြာသည်။ ရုပ်ဖုံးဘဝကို အပင်ပေါ် တွင် ဆူးများ အမွေးများဖြင့် ကုန်ဆုံးသည်။ အရွယ်ရောက် ဖလံသည် အစိမ်းရောင်ရှိပြီး အရှေ့တောင်ပံနှစ်ဖက်၏ အခြေတွင် အညိုရောင်ရှိသည်။

ကာကွယ်နှိမ်နင်းနည်း
- ပိုးကောင်များကို ကောက်ယူဖယ်ရှားပါ။
- တမာပိုးသတ်ဆေးများကို သုံးစွဲပါ။ အခြားပိုးသတ်ဆေးများကိုသုံးစွဲပါက မိတ်ဆွေပိုးများ သေဆုံးစေနိုင်သည့်ပိုးသတ်ဆေးများကို မသုံးသင့်ပါ။

 

Aye Thanda Soe ( 5.1.2018)

Ref; - insects & pest of pineapple ( slideshare)

-https://www.kisansuvidha.com/pineapple pest


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်