ပဲတောင်ရှည်တွင်ကျရောက်တတ်သော ပိုးမွှားများ (၂)

25/09/2020 12:45 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား

ပဲပျပိုး

ဖျက်ဆီးပုံလက္ခဏာများ 

  • အရွက်များ၊ ပန်းခိုင်များနှင့် ပဲသီးငယ်များအား အနက်ရောင်ပျပိုးများကို တွေ့ရသည်။ 
  • ပုရွက်ဆိတ်အနက်များ ရွေ့လျားမှုနှင့်အတူ ပျားရည်ချိုးစစ်ထုတ်မှုကို တွေ့ရသည်။ 

ဖျက်ပိုး၏ဝိသေသလက္ခဏာ

ပိုးမမည်နှင့် အရွယ်ရောက်ကောင် – ဝမ်းဗိုက်ပိုင်းတွင် ဆူးချွန်နှင့်အတူ အနက်ရောင်ရှိသည်။ 

ကာကွယ်နှိမ်နင်းခြင်း

အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း ပက်ဖျန်းပါ။

  • ဒိုင်မီသိုအိတ် (Dimethoate)
  • ထရိုင်ယာဇိုဖော့စ် (Triazophos)
  • အင်ဒိုဇာကာ့ဘ် (Indoxacarb)
  • အီမာမက်တသ်ဘန်ဇိုအိတ် (Emamectin benzoate)
  • တမာစေ့ခွံစစ်ကျရည် (Neem Seed Kernel Extract)
  • တမာဆီ (Neem oil) 

ပဲတောင့်ရှည်သီးတောင့်ထိုးပိုး

ဖျက်ဆီးပုံလက္ခဏာများ

  • အစောပိုင်းအဆင့်များတွင် အရွက်များကို ကြွေစေသည်။
  • လောက်ကောင်၏ဦးခေါင်းသာ အသီးများ၏အတွင်းပိုင်းကို ထိုးဖောက်ပြီး ကျန်ရှိသည့် ကိုယ်ခန္ဓာအပိုင်းသည် အပြင်ဖက်သို့ထွက်နေသည်။
  • ဖျက်ဆီးခံရသောပဲတောင့်ရှည်မှ ဒဏ်ရာများသည် လုံးဝန်းသောအပေါက်များဖြစ်ကြသည်။ 

ဖျက်ပိုး၏ဝိသေသလက္ခဏာ

လောက်ကောင် - ကိုယ်ခန္ဓာမှာ မီးခိုးဖြူရောင်ရှိပြီး အညိုရောင်ဦးခေါင်းပါရှိသည်။ အဆစ် အသီးသီး၏ ကျောဖက်တွင် အနက်ရောင်အစက်ပါရှိသော အစုံနှစ်စုံရှိသည်။ 

အရွယ်ရောက်ကောင် -  ရှေ့တောင်ပံသည် အဖြူရောင်အမှတ်အသားများနှင့်အတူ ညိုနုရောင်ရှိသည်။ နောက်တောင်ပံသည် အရှည်လိုက်အစွန်းပိုင်းတွင် အညိုရောင်အမှတ်အသားများပါရှိပြီး အဖြူရောင်ရှိသည်။ 

ကာကွယ်နှိမ်နင်းခြင်း

အပင်တစ်ပင်လျှင် လောက်ကောင်သုံးကောင်တွေ့ရှိရပါက အောက်ပါပိုးသတ်ဆေး တစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်း အသုံးပြုပါ။ 

  • လန်ဘ်ဒါဆိုင်ဟာလိုသရင် (Lambda cyhalothrin)
  • အင်မီဒါကလိုပရစ်ဒ် (Imidacloprid)
  • တမာဆီ (Neem oii)

ရွက်စားဖြုတ်ပိုး

ဖျက်ဆီးပုံလက္ခဏာများ

  • အရွက်များ ပြောက်ကြားဖြစ်သွားကြပြီး အဝါရောင်သန်းသွားကြသည်။
  • အရွက်များ၏အောက်ဖက်မျက်နှာပြင်တွင် အစိမ်းရောင်အင်းဆက်များကို တွေ့ရသည်။ 

ဖျက်ပိုး၏ဝိသေသလက္ခဏာများ

အကောင်ကြီးများသည် ရှည်မျောမျောဖြစ်ကာ တက်ကြွပြီး သပ်ပုံရှိကြကာ အစိမ်းရောင် ရှိသည်။ 

ကာကွယ်နှိမ်နင်းခြင်း

အောက်ပါပိုးသတ်ဆေးကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်း ပက်ဖျန်းပါ။

  • ဒိုင်မီသိုအိတ် (Dimethoate)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်