ငရုတ်ပင်တွင် ကျရောက်သော ဖျက်ပိုးများ

06/08/2019 19:30 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

သစ်သီးယင် (Fruit fly)

ဖျက်ဆီးမှုလက္ခဏာ

ယင်မသည် ငရုတ်သီးအပြင်ခွံတွင်အုသည်။ လောက်ကောင်သည် အတွင်း၌ စားသောက်ပြီး ရေစိုနာကွက်လိုဖြစ်ကာ ညှိုးပုပ်သည်။ ဘက်တီးရီးယား၊ မှို ဆက်လက်ဖြစ်စေသည်။

ဘဝစက်ဝန်း

ဥအဆင့် (၂ - ၃) ရက်၊ လောက်ကောင်အဆင့် (၁၄) ရက်၊ ရုပ်ဖုံးအဆင့် (၇) ရက် ကြာပါသည်။ ရုပ်ဖုံးသည် မြေကြီးထဲတွင် လုပ်ပါသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) ကြွေကျငရုတ်သီးများကို မြေမြှုပ်ပါ။

(၂) ငရုတ်မစိုက်ခင် မြေကြီးကို အမှိုက်ရှင်းလင်းပြီး မီးရှို့ပါ။

(၃) မြေကြီးထဲသို့ ရီးဂျင့် ( Regent 3 GR) (၁ ဧက) (၁၈၀) ကျပ်သားခန့် သို့မဟုတ် ဒိုင်ယာဇီနွန် ( Diazinon 10 G) (၁ ဧက) (၃၀၀) ကျပ်သားခန့်ထည့်၍ မြေထဲအနှံ့ထွန်ပါ။

(၄) ငရုတ်ပင်အနီး ယင်ကောင်၊ (နီဝါနက်) ရောင်ပျံသန်းပါက ယင်ဖမ်းထောင်ချောက်များ (၁) ဧက (၂) ခုခန့် အသုံးပြုနိုင်သည်။

(၅) အသီးများတွင် ဒဏ်ရာ (သို့) ပျော့ပုပ်ခြင်းတွေ့လျှင် အောက်ပါဆေးတစ်မျိုးမျိုးကို သုံးပါ။

- ဒါနာဒင် ( Danadim 40 EC) (၁ ဧက) (ထမင်းစားဇွန်း ၁၅ ဇွန်းခန့်)၊ ရိတ်သိမ်းရန်စောင့်ဆိုင်းရသောရက် (PHI) (14) ရက်၊

- မြန်မာဆိုက်ပါ ( Myanmarcyper) (၁ ဧက) ထမင်းစားဇွန်း (၂၀) ဇွန်းသုံးပါ။

သရစ်ပိုး(Thrips)

ဖျက်ဆီးမှုလက္ခဏာ

အရွက်များကို ဖျက်ဆီးသဖြင့် အရွက်များ ငွေရောင်ဖြစ်နေပြီး အကွက်အပျောက်များ ဖြစ်နေမည်။ များပြားစွာ ကျပါက အပင်နုဖြစ်လျှင် ညှိုးခြောက်ကုန်သည်။ ရံဖန်ရံခါ တစ်ပင်လုံးသေနိုင်သည်။

ဘဝစက်ဝန်း

ဥဆင့် (၅) ရက်၊ အကောင်ငယ် အဆင့် (၁၂) ရက်နှင့် အကောင်ကြီး (၁) လခန့်ကြာပါသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) ပေါင်းမြက်များ ရှင်းလင်းပြီး၊  ဟင်းသီးဟင်းရွက်ခင်းများတွင် ခြောက်သွေ့ချိန်၌ မီးရှို့၍ မီးခိုးမှိုင်း တိုက်ထားပါ။

(၂) အက်ဆင့် ( Ascend 50 SC) (၁ ဧက) ထမင်းစားဇွန်း (၂၀) ဇွန်းနှင့် အရွက်ကို နှံ့အောင်ဖြန်းပါ။ PHI (၇) ရက်။

(၃) မာလာသီယွန် ( Malathion) (၁ ဧက) ထမင်းစားဇွန်း (၆၀) ဇွန်းနှုန်းသုံးပါ။ ရိတ်သိမ်းရန်စောင့်ဆိုင်းရသောရက် (PHI) ၃ ရက်

(၄) တမာပိုးသတ်ဆေးကို ရေ (၁) ဂါလံတွင် ထမင်းစားဇွန်း (၆)ဇွန်းထည့်၍ တစ်ပတ်တစ်ခါ မှန်မှန်ဖြန်းပါ။

သီးလုံးဖောက်ပိုး (Bollworms)

ဖျက်ဆီးမှုလက္ခဏာ

အသီးကင်းဝင်ချိန်မှ ရင့်မှည့်ချိန်ထိ ကျရောက်တတ်သည်။ အကောင်ငယ်သည် အရွက်၊ အပွင့်၊ အသီးထဲဝင်စားပြီး၊ အသီးတစ်ခုမှတစ်ခုသို့ ပြောင်းလဲ စားသောက်သည်။ အသီးသည် တဖြည်းဖြည်း အားနည်းလာပြီး မှို၊ ဘက်တီးရီးယား ဝင်နိုင်သည်။

ဘဝစက်ဝန်း

ဥအဆင့် (၄) ရက်၊ လောက်ကောင် (၆) ဆင့်ရှိပြီး(၃) ပတ်ခန့်ကြာပါသည်။  ရုပ်ဖုံး (၁၄) ရက်ခန့်ကြာပါသည်။

ကာကွယ်နှိမ်နင်းနည်း

(၁) ငရုတ်ပန်းပွင့်ချိန်တွင် သတိထားပြီး မီးခိုးမှိုင်းတိုက်နိုင်သည်။

(၂) မြေကြီးထဲသို့ ဖျူရဒန် ( Furadam ၃ G) (သို့) ဒိုင်ယာဇီနွန် (Diazinon 10 G) ကို (၁ ဧက) (၃၀၀) ကျပ်သားထည့်၍မွှေပါ။

(၃) အသီးထဲသို့ သီးလုံးဖောက်ပိုး မဝင်မီ ဆေးထိရောက်စွာ ဖျန်းနိုင်ရမည်။ အသီး (သို့) အပွင့်များ ၅ % ခန့်ပျက်စီးနေပါက ဆေးဖျန်းပါ။ ဒီစစ် Decis 2.5 EC (Deltamethrin) (၁ ဧက)ထမင်းစားဇွန်း (၂၀) ဇွန်း၊ (ရိတ်သိမ်းရန်စောင့်ဆိုင်းရသောရက် - PHI ၇ ရက်)၊ လာဗင် (Larvin 375) (၁ ဧက) ထမင်းစားဇွန်း (၂၀)ဇွန်းနှုန်း (ရိတ်သိမ်းရန်စောင့်ဆိုင်းရသောရက် - PHI ၁၄ ရက်)၊ ဆူမီစီဒင် ( Sumicidin) (၁ ဧက) ထမင်းစားဇွန်း (၂၀) ဇွန်း ရိတ်သိမ်းရန်စောင့်ဆိုင်းရသောရက် PHI (၇) ရက်။

စိုက်ပျိုးရေးဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်