စပါးပင်တွင်ဖော့စပရပ် ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ

24/07/2024 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဖော့စပရပ်ဓာတ်ချို့တဲ့မှုကို စပါးစိုက်ပျိုးသည့်ဒေသတိုင်းတွင် ကျယ်ပြန့်စွာတွေ့ရသည်။ အထူးသဖြင့် အချဥ်ပေါက်သော ယာစပါးခင်းများတွင် မြေဆီလွှာတွင်းမှ P ဓာတ်ကိုထိမ်းချုပ်မှုများသဖြင့် အပင်ကြီးထွားမှုကို အထူးထိခိုက်စေသည်။ P ဓာတ်ချို့တဲ့မှုကြောင့် အပင်ပွားမှု၊ အမြစ်ဖွံ့ဖြိုးမှု၊ အနှံထွက်နောက်ကျခြင်း၊ ရင့်မှည့်မှုနောက်ကျခြင်းများဖြစ်စေသည်။

လက္ခဏာ

အပင်မကြီးထွားဘဲ ပင်ပွားလည်းနည်းသည်။ အရွက်များ အစိမ်းရင့်ရောင်ဖြစ်ပြီး ကျဥ်း၊ တို ၊ ထောင်မတ်သည်။ ရွက်နုများကျန်းမာသော်လည်း ရွက်ဟောင်းများ အညိုရောင်ပြောင်းသွားသည်။ စပါးမျိုးကိုလိုက်၍ အနီရောင် (သို့မဟုတ်) ပန်းရောင် အဖြစ်ပြောင်းကာ အရွက်ပေါ်၌ amthocyanin pigment များထုတ်ပေးသည်။ Amthocyanin ဆိုသည်မှာ အနီ၊ ခရမ်း နှင့် အပြာရောင်များပါဝင်သည့် ရေတွင်ပျော်ဝင်သော ဘုံမြင့်ပင်များ၏ ဆဲလ်၌ပါဝင်သည့် အင်းဆက် နှင့် ငှက်များကို ဆွဲဆောင်ပေးသည့်ဓာတ်တစ်မျိုးဖြစ်သည်။

ပြုပြင်ရန်နည်းလမ်း

  • အရည်အသွေးကောင်း၊ အထွက်ကောင်းမျိုးစေ့ကိုသုံးပါ။
  • အချဥ်ဓါတ်များသော ယာစပါးစိုက်ခင်းများတွင် P ကို စုပ်ယူမှု အားကောင်းသော စပါးမျိုးကို ရွေးချယ် စိုက်ပျိုးပါ။
  • စပါးပြီး စပါးစိုက်ပျိုးသော ဒေသများတွင် ရိတ်သိမ်းပြီး ၂ ပတ်အတွင်း အခြောက်ထယ်ရေး တိမ်တိမ် (၁၀ စင်တီမီတာခန့်) ထိုးထားပါ။  မြေချဥ်ပေါက်ပြီး ၊ အာဟာရနည်းသော မိုးကောင်းသောက်လယ် နှင့် တောင်ယာစပါးခင်းများတွင် မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နှင့် အခြား အနည်းလို အာဟာရ များကိုပါ ၊ P ဓာတ်မဖြည့်တင်းမီ ဦးစွာထည့်ထားရမည်။
  • ကောက်ရိုး နှင့် ရိုးပြတ်များကို ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် ရေရှည်တွင် P ပါဝင်မှုကို မျှတစေသည်။
  • N နှင့် K မြေသြဇာများ နှင့် အနည်းလိုအာဟာရများကို သင့်တော်သည့်နှုန်းထားအတိုင်းကျွေးပေးပါ။
  • သစ်ဆွေးမြေသြဇာ နှင့် မြေဆွေး များကိုပါ P ဓာတ်မြေသြဇာနှင့်အတူ ထည့်သွင်း၍ ရိတ်သိမ်းသီးနှံ နှင့်အတူဆုံးရှုံးသွားသော P ဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်