စပါးပင်တွင်ဖော့စပရပ် ချို့တဲ့လက္ခဏာနှင့် ပြုပြင်ကုစားနည်းများ

24/07/2024 10:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဖော့စပရပ်ဓာတ်ချို့တဲ့မှုကို စပါးစိုက်ပျိုးသည့်ဒေသတိုင်းတွင် ကျယ်ပြန့်စွာတွေ့ရသည်။ အထူးသဖြင့် အချဥ်ပေါက်သော ယာစပါးခင်းများတွင် မြေဆီလွှာတွင်းမှ P ဓာတ်ကိုထိမ်းချုပ်မှုများသဖြင့် အပင်ကြီးထွားမှုကို အထူးထိခိုက်စေသည်။ P ဓာတ်ချို့တဲ့မှုကြောင့် အပင်ပွားမှု၊ အမြစ်ဖွံ့ဖြိုးမှု၊ အနှံထွက်နောက်ကျခြင်း၊ ရင့်မှည့်မှုနောက်ကျခြင်းများဖြစ်စေသည်။

လက္ခဏာ

အပင်မကြီးထွားဘဲ ပင်ပွားလည်းနည်းသည်။ အရွက်များ အစိမ်းရင့်ရောင်ဖြစ်ပြီး ကျဥ်း၊ တို ၊ ထောင်မတ်သည်။ ရွက်နုများကျန်းမာသော်လည်း ရွက်ဟောင်းများ အညိုရောင်ပြောင်းသွားသည်။ စပါးမျိုးကိုလိုက်၍ အနီရောင် (သို့မဟုတ်) ပန်းရောင် အဖြစ်ပြောင်းကာ အရွက်ပေါ်၌ amthocyanin pigment များထုတ်ပေးသည်။ Amthocyanin ဆိုသည်မှာ အနီ၊ ခရမ်း နှင့် အပြာရောင်များပါဝင်သည့် ရေတွင်ပျော်ဝင်သော ဘုံမြင့်ပင်များ၏ ဆဲလ်၌ပါဝင်သည့် အင်းဆက် နှင့် ငှက်များကို ဆွဲဆောင်ပေးသည့်ဓာတ်တစ်မျိုးဖြစ်သည်။

ပြုပြင်ရန်နည်းလမ်း

  • အရည်အသွေးကောင်း၊ အထွက်ကောင်းမျိုးစေ့ကိုသုံးပါ။
  • အချဥ်ဓါတ်များသော ယာစပါးစိုက်ခင်းများတွင် P ကို စုပ်ယူမှု အားကောင်းသော စပါးမျိုးကို ရွေးချယ် စိုက်ပျိုးပါ။
  • စပါးပြီး စပါးစိုက်ပျိုးသော ဒေသများတွင် ရိတ်သိမ်းပြီး ၂ ပတ်အတွင်း အခြောက်ထယ်ရေး တိမ်တိမ် (၁၀ စင်တီမီတာခန့်) ထိုးထားပါ။  မြေချဥ်ပေါက်ပြီး ၊ အာဟာရနည်းသော မိုးကောင်းသောက်လယ် နှင့် တောင်ယာစပါးခင်းများတွင် မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်နှင့် အခြား အနည်းလို အာဟာရ များကိုပါ ၊ P ဓာတ်မဖြည့်တင်းမီ ဦးစွာထည့်ထားရမည်။
  • ကောက်ရိုး နှင့် ရိုးပြတ်များကို ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် ရေရှည်တွင် P ပါဝင်မှုကို မျှတစေသည်။
  • N နှင့် K မြေသြဇာများ နှင့် အနည်းလိုအာဟာရများကို သင့်တော်သည့်နှုန်းထားအတိုင်းကျွေးပေးပါ။
  • သစ်ဆွေးမြေသြဇာ နှင့် မြေဆွေး များကိုပါ P ဓာတ်မြေသြဇာနှင့်အတူ ထည့်သွင်း၍ ရိတ်သိမ်းသီးနှံ နှင့်အတူဆုံးရှုံးသွားသော P ဓာတ်ကိုပြန်လည်ဖြည့်တင်းပေးပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်