ကမ္ဘာကြီးပူ​နွေးလာခြင်​းကိုငြင်​းဆန်​​နေကြတဲ့သူ​တွေ အသံတိတ်​​သွား​စေမယ်​့ ယခင်နဲ့ယခုပုံတို့ကို ရိုက်​ပြထား​သော အလွန်​တရာမှ ဆိုးရွား​ကြောက်​မက်​ဖွယ်​​ကောင်​းသည်​့ ဓာတ်​ပုံ (၁၀) ​ပုံ

17/01/2018 16:41 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အကယ်​၍ခင်​ဗျားကို တစ်​စုံတစ်​​ယောက်​က ရာသီဥတု​တွေ​ဖောက်​ပြန်​​​နေတယ်ဆိုတဲ့ အချက်ဟာ ရယ်​စရာ​ကောင်​းလှတဲ့ လိမ်​လည်​ လှည်​့ဖြားမှု တစ်ခုသာ ဖြစ်​တယ်​လို့ ​ပြောလာခဲ့ရင်​ ဒီဓာတ်​ပုံ​တွေကို ပြဖြစ်​​အောင်​ ပြလိုက်​ပါ။

​လော​လောလတ်​လတ်​ ရိုက်​ထားတဲ့ ကမ္ဘာကြီး​ပေါ်က ​ရေကန်​​တွေ၊ ကျွန်​းစု​တွေ၊ သန္တာ​ကျောက်​တန်​း​တွေရဲ့ဓာတ်​ပုံ​တွေကို လွန်​ခဲ့​တဲ့နှစ်​​ပေါင်​း၂၀က ရိုက်​ခဲ့​တဲ့ဓာတ်​ပုံ​တွေနဲ့ ယှဉ်​ကြည်​့လိုက်​ရင်​ ရာသီဥတု​တွေ​ဖောက်​ပြန်​ကုန်​ပြီဆိုတာ အင်​မတန်​မှ သိသာထင်​ရှားပါတယ်။

တစ်​ချို့ကိစ္စ​တွေဆိုရင်​ ဆယ်​စုနှစ်​တစ်​စုအတွင်​း ဖြစ်​ပျက်​ကုန်​တာပါ။ အိုဇုံလွှာ​ပေါက်​ခြင်​းနဲ့ ကမ္ဘာ့ဝင်​ရိုးစွန်​း​ဒေသ​တွေက ​ရေခဲ​တောင်​​တွေအရည်​​ပျော်​ခြင်​းတို့ အဆက်​မပြတ် ​ဖြစ်​ပွား​နေတာ​ကြောင်​့ ရာသီဥတုပုံစံ​တွေကို က​မောက်​ကမ ဖြစ်​​စေပြီး အလွန်​လျင်​မြန်​ဆိုးရွားတဲ့ ပင်​လယ်​​ရေပြင်​မြင်​့တက်​မှုတို့ ဖြစ်​​နေရပါတယ်​။ အမျိုးသား​လေ​ကြောင်​းနဲ့အာကာသထိန်​းသိမ်​း​ရေးအဖွဲ့(NASA)နာဆာက​တော့ ​နောင်​လာမယ်​့ရာစုနှစ်​ထဲမှာ ကမ္ဘာ့ပင်​လယ်​​ရေမျက်​နှာပြင်​ဟာ ၃​ပေထက်​ပိုပြီးမြင်​့တက်​​တော့မယ်​လို့ ​ထုတ်​ပြန်​ထားပါတယ်​။

ပုံ( ၁) ဒါက​တော့ ပနားမားကျွန်​းဆွယ်​ထဲက ဆန်​ပလက်​စ်​ကျွန်​းကို ၂၀၀၂နဲ့၂၀၁၄မှာ မြင်​​တွေ့ရပုံပါ။

ပုံ (၂) ၁၉၈၀နဲ့၂၀၁၂မှာ မြင်​​တွေ့ရတဲ့ အာတိတ်​​ဒေသက​ရေခဲပြင်​​တွေဖြစ်​ပါတယ်​။

ပုံ (၃) ကယ်​လီဖိုးနီးယားပြည်​နယ်​၊ ​အော်​ရိုဗယ်​လီ​ရေကန်​ကို ခက်​ခက်​ခဲခဲဖြတ်​ပြီး ​ဆောက်​လုပ်​ထားတဲ့ တံတားကို ၂၀၁၁မှာ မြင်​​တွေ့ရပုံ(လက်​ဝဲဖက်​)နဲ့ ၂၀၁၄မှာမြင်​​တွေ့ပုံ(လက်​ယာဖက်​)တို့ ဖြစ်​ပါသည်​။ အဆိုပါ​ရေကန်​သည်​ ပုံမှန်​မဟုတ်​​သောမိုး​ခေါင်​​ရေရှားခြင်​းကိုကြုံ​တွေ့ရပြီး​နောက်​ပိုင်​း​တွင်​ အခုလို​ဆိုးရွားစွာ ပြောင်​းလဲသွားရခြင်​းဖြစ်​သည်​။

ပုံ(၄) အယ်​ရယ်​ပင်​လယ်​ကို ၁၉၈၉နဲ့၂၀၁၄မှာ မြင်​​တွေ့ရပုံပဲဖြစ်​ပါတယ်​။

(၅) ၂၀၀၂တွင်​ အ​ရောင်​​​​မွဲ​ခြောက်​သွား​သော အကြီးကျယ်​ဆုံးသန္တာ​ကျောက်​တန်​းပုံ

ကမ္ဘာကြီးပူ​နွေးလာခြင်​းဖြစ်​စဉ်​ကို ​ပိုပြီးသက်​​သေပြဖို့အတွက်​ အ​မေရိကန်​နိုင်​ငံ ပထဝီအ​နေအထားဆိုင်​ရာစစ်​တမ်​း​ကောက်​အဖွဲ့က "ဓာတ်​ပုံထပ်​တလဲလဲရိုက်​ခြင်​း"ဆိုတဲ့နည်​းလမ်​းကို အသုံးပြုထား​သောစီမံကိန်​းတစ်​ခုကို လုပ်​​ဆောင်​​နေပါတယ်​။ ကမ္ဘာကြီးပူ​နွေးလာခြင်​းဟာ လွန်​ခဲ့​သောနှစ်​​ပေါင်​း၁၀၀​ကျော်​အတွင်​းမှာပဲ ​ရေခဲပြင်​ကြီး​တွေအရည်​​ပျော်​နှုန်​းမြင်​့တက်​​​စေခဲ့ပြီဆိုတာကို လူသား​တွေအ​နေနဲ့ မျက်​မြင်​ကိုယ်​​တွေ့ထင်​ထင်​ရှားရှားသိရှိနိုင်​ဖို့ ဒီစီမံကိန်​းက ကူညီ​ပေး​နေပါတယ်​။ ရလဒ်​​တွေက အရမ်​းတုန်​လှုပ်​​ခြောက်​ခြားဖွယ်​​ကောင်​း​နေ​တော့ လူသား​တွေဟာ သူတို့ကိုယ်​တိုင်​အတွက်​ စကား​ပြောဖို့လိုအပ်​လာပါပြီ။

ပုံ(၆) အလက်​စကာ​မီယာ​ရေခဲပြင်​ကြီးကို ၁၈၈၀ခုနှစ်​​တွေမှာ မြင်​​တွေ့ရပုံနဲ့ ၂၀၀၅ခုနှစ်​မှာ​တော့ ​ရေပြင်​ကြီးအဖြစ်​​ပြောင်​းလဲမြင်​​တွေ့ရပုံတို့ဖြစ်​ပါတယ်​။

အ​မေရိကန်​အ​ခြေစိုက် ​ပထဝီအနေအထားဆိုင်​ရာစစ်​တမ်​း​ကောက်​အဖွဲ့က​တော့ ၁၈၈၀ခုနှစ်​​တွေနဲ့၁၉၀၀ခုနှစ်​အ​စောပိုင်​း​တွေမှာ ကမ္ဘာ့​ရေခဲပြင်​​တွေဘယ်​လိုပုံစံရှိခဲ့ပြီး​တော့ အခုချိန်​မှာအရာရာတိုင်​းဟာ ဘယ်​​လောက်​ထိ​ပြောင်​းလဲသွားခဲ့ပြီး ​ပြောင်​းလဲ​နေဆဲဆိုတာကိုသိဖို့အတွက်​ သူတို့အဖွဲ့ရဲ့ဓာတ်​ပုံဆရာ​တွေက ​ရေ​မြေ​တော​တောင်​​ဒေသ​နေရာတူ​တွေကို နှိုင်​းယှဉ်​ရိုက်​ပြထားပါတယ်​။

ဒီစီမံကိန်​းထဲမှာ အလက်​စကာပြည်​နယ်​မှာရှိတဲ့ ​မိုတာနာအမျိုးသား​ရေခဲပြင်ဥယျာဉ်၊ ပြည်​သူပိုင်​ဥယျာဉ်​​တွေနဲ့ သစ်​​တောတို့ ပါဝင်​ပါတယ်​။ အဆိုပါအမျိုးသား​ရေခဲပြင်​ဥယျာဉ်​တွင်​ ၁၈၈၀ခုနှစ်​​တွေက ​ရေခဲပြင်​​ပေါင်​း၁၅၀​ကျော်​ရှိခဲ့ရာမှ အခုအချိန်​မှာ​တော့ ​ရေခဲပြင်​၂၅ခုပဲ ကျန်​ပါ​တော့တယ်​။

ပုံ (၇) မိုတာနာဥယျာဉ်​ထဲက ဂရင်​နယ်​​ရေခဲပြင်​ကို ၁၉၂၀နဲ့၂၀၀၈ခုနှစ်​တို့တွင်​ အ​ပေါ်မှ မြင်​​တွေ့ရပုံ။

အ​မေရိကန်​အ​ခြေစိုက်​ ပထဝီအနေအထား​ဆိုင်​ရာစစ်​တမ်​း​ကောက်​အဖွဲ့ရဲ့ထုတ်​ပြန်​ချက်​​တွေအရ​တော့ အ​မေရိကတိုက်​နဲ့အလက်​စကာမှာရှိတဲ့ ​ရေခဲပြင်​​တွေ​လျော့နည်​းလာမှုဟာ ပြင်​းထန်​ဆိုးရွားလှပါတယ်​။ ​ရေခဲပြင်​​တွေနည်​းပါးလာနှုန်​းဟာ ကမ္ဘာပူ​နွေးလာခြင်​းရဲ့ဆိုးကျိုး​တွေစတင်​ဖြစ်​ပွားခဲ့တဲ့ ၁၉၈၀ခုနှစ်​​တွေရဲ့ နှုန်​းထက်​ မ​ျားစွာမြင်​့တက်​သွားပြီဖြစ်​ပါတယ်​။

ပုံ(၈) ၁၉၃၀ခုနှစ်​​တွေနဲ့ ၂၀၀၅မှာ​တွေ့ရတဲ့ အလက်​စကာပါဒါဆင်​​ရေခဲပြင်​

မိုနာတာပြည်​နယ်​ထဲက အမျိုးသား​ရေခဲပြင်​ဥယျာဉ်​ကိုသာ အခုချိန်​မှာထိန်​းသိမ်​းမှုတစ်​စုံတစ်​ရာမပြုလုပ်​နိုင်​ဘူးဆိုရင်​ ​နောင်​လာမယ်​့၂၀၃၀၌ ထိုဥယျာဉ်​အတွင်​းရှိ ​ရေခဲပြင်​များလုံးဝကွယ်​​ပျောက်​သွားမည်​ဟု ခန်​့မှန်​းထားကြသည်​။ ဒီ​ရေခဲပြင်​​တွေကိုထိန်​းသိမ်​းဖို့အတွက်​ဆို ယခုလက်​​ရှိကြုံ​တွေ့​နေရ​သော ရာသီဥတု​ဖောက်​ပြန်​​ပြောင်​းလဲမှု​တွေရပ်​တန်​့သွားမှဖြစ် မည်​။
အ​မေရိကန်​အ​ခြေစိုက် ​ပထဝီမျက်​နှာပြင်​ဆိုင်​ရာစစ်​တမ်​းအဖွဲ့ရဲ့ ပင်​လယ်​​ရေ​နေအင်​းဆက်​ပိုးမွှား​ဗေဒပညာရှင်​ ​ဂျော့ဂျီးရှက ​သေးငယ်​တဲ့ ပင်​လယ်​​ရေ​နေ အင်​းဆက်​မျိုးစိတ်​​တွေဟာ ​ရေခဲပြင်​​တွေ အရည်​​ပျော်​ရခြင်​း​ကြောင်​့ ဒုက္ခ​ရောက်​ရတဲ့ ပထမဆုံး ဓားစာခံ​တွေဖြစ်​တယ်​လို့ ​ပြောထားပါတယ်​။ ​ရေခဲပြင်​​တွေဟာ သိမ်​​မွေ့နက်​နဲတဲ့ သဘာဝတရားရဲ့ဘက်​ညီမှု​တွေကို ထိန်​းညှိ​ပေးပါတယ်​။ အ​အေးပိုင်​း​ဒေသမှာ ရှင်​သန်​ကြီးပြင်​းတဲ့ သတ္တဝါ​တွေအတွက်​​တော့ သူတို့အတွက်​စား​သောက်​​နေထိုင်စ​ရော​တွေရှိ​နေတဲ့ ​ရေခဲပြင်​​တွေ ကမ္ဘာကြီးပူ​နွေးလာမှုကြောင်​့ အရည်​​ပျော်​သွားခြင်​းဟာ သူတို့အတွက်​ ဆိုးရွာတဲ့ရလဒ်​တစ်​ခုပါပဲ။ အ​​ပေါ်ကဗီဒီယို​တွေထဲက ဥပမာတစ်​ခုက​တော့ ​မြောက်​အ​မေရိကဝက်​ဝံညို​တွေအတွက်​ အစာအာဟာရအရင်​းအမြစ်​​တွေ​ပေးတဲ့ ​ဟော့ကယ်​ဘယ်​ရီအမည်​ရှိခြုံပင်​​တွေကို ထိခိုက်​စေတဲ့ ​မိုတာနာပြည်​နယ်​ထဲက ​ရေခဲပြင်​တစ်​ခုရဲ့သေးငယ်လာတဲ့ အရွယ်​အစားပါ။

ပုံ(၉) မိုတာနာပြည်​နယ်​ရှိ ဂရင်​နယ်​​ရေခဲပြင်​ကို ၁၉၂၆နဲ့ ၂၀၀၈တွင်​ ​တွေ့မြင်​ရပုံ။

ရုရှားသမ္မတ ဘလာဒီမာပူတင်​က ကမ္ဘာကြီးပူ​နွေးလာခြင်​းဆိုတာ အ​နောက်​ပိုင်​းအုပ်​စု​တွေရဲ့လိမ်​လည်​မှုသက်​သက်​သာဖြစ်​တယ်​လို့ စွပ်​စွဲပြီး သူ့နိုင်​ငံထဲက ကမ္ဘာကြီးပူ​နွေးလာခြင်​းကိုငြင်​းဆန်​တဲ့ အစ်​ဇွန်​​မိုဘဲလ်​သိပ္ပံအဖွဲ့ကို တရားမျှတရေးဌာနနဲ့အတူ အ​ဖြေရှာဖို့ ဖိအား​ပေးလိုက်​ပြီး​နောက်​ပို်​င်​းတွင်​ အထက်​ပါ သိပ္ပံနည်​းကျအ​ထောက်​အထား​များမှာ အ​ရေးမပါ​တော့သလို ဖြစ်​သွားခဲ့ရသည်။ တက်​ကြွလှုပ်​ရှားစွာအလုပ်​လုပ်​​နေ​သော ကမ္ဘာ့ရာသီဥတုဆိုင်​ရာသိပ္ပံ​ပညာရှင်​​တွေရဲ့ ၉၇ရာခိုင်​နှုန်​းနီးပါးက ကမ္ဘာကြီးပူ​နွေးလာခြင်​းဟာ လူ​တွေရဲ့လုပ်​​ဆောင်​ချက်​​တွေ​ကြောင်​့ဖြစ်​တယ်​လို့ အတည်​ပြု​ပြောကြားထား​သော်​ငြားလည်​း အခုလိုငြင်​းဆန်​လိုက်​တာဖြစ်​ပါတယ်​။

 

 

 

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်