အိန္ဒိယက ထပ်မံတင်သွင်းခွင့်ပြုလိုက်တဲ့ ပဲစင်းငုံတန်ချိန် နှစ်သိန်းကြောင့် ပဲကုန်သည်နှင့်တောင်သူများ အသက်ရှူချောင်

13/05/2018 12:03 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နေပြည်တော် မေ ၁၂

အိန္ဒိယအစိုးရက ပြည်ပမှပဲစင်းငုံတန်ချိန်နှစ်သိန်းကို တင်သွင်းခွင့်ပြုသွားမည်ဟုယမန်နေ့က ထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ချက်ကြောင့် ယနေ့မနက်တွင် ပြည်တွင်းပဲစင်းငုံဈေးများ တစ်တန်လျှင် မူလဈေးထက် ကျပ်ရှစ်သောင်းခန့် ဈေးတက်သွားခဲ့သည်ဟု ပဲကုန်သည်များထံမှ သိရသည်။

"အဲ့ဒီကြေငြာတဲ့အချက်ထဲမှာတော့ လိုင်စင်ကို ဒီလထဲမှာတင်ထားတာ ဇွန်လတစ်ရက်နေ့မှာ (confirm ) လုပ်ပြီးတော့ သုံးလအတွင်းမှာ အပြီးတင်ရမယ်။ ပြောရရင် သူတို့ထွက်လာမယ့် စက်တင်ဘာကိုသွားပြီးတော့ အနှောက်အယှက်မဖြစ်အောင် cover ယူပေးထားတာပေါ့။ သြဂုတ်လကုန်နောက်ဆုံးထားပြီး ပို့ခိုင်းထားတယ်ပေါ့။ တန်ချိန် နှစ်သိန်းဖွင့်ပေးတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံနဲ့ အာဖရိတိုက်ကထွက်တဲ့ပဲစင်းငုံနဲ့ အဲ့မှာတော့ နည်းနည်းလေး အပြိုင်အဆိုင်တော့ဖြစ်မှာ"ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါသည်။

အိန္ဒိယနိုင်ငံမှ ပဲစင်းငုံထွက်ပေါ်လာမည့် စက်တင်ဘာလ မတိုင်ခင်အထိ ပြည်ပမှ သုံးလအတွင်း တန်ချိန် နှစ်သိန်းတင်သွင်းရန် စီစဉ်ခြင်းဖြစ်သည်။

ပဲစင်းငုံတစ်တန်လျှင် လေးသိန်းခန့်ရှိနေရာက အိန္ဒိယနိုင်ငံမှ ဝယ်ယူမည်ဆိုသည့် ကြေညာချက်ကြောင့် တစ်တန်လျှင် လေးသိန်းရှစ်သောင်းခန့်အထိ ယနေ့တွင် ဈေးနှုန်းအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သည်။

ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲကိုလည်း Quota စနစ်ဖြင့် ဝယ်ယူမည်ဟု ကြေညာထားသော်လည်းပြည်တွင်းဈေးကွက် ရှိပြီးဖြစ်သောကြောင့် ဈေးအတက်အကျ ကြီးမားစွာမပြောင်းလည်းကြောင်း"ပဲတီစိမ်းက အပြောင်းအလဲ သိပ်ကြီးကြီးမားမားမရှိဘူး။ အိန္ဒိယဈေးကွက်ကို သိပ်မှီဖြစ်တာမဟုတ်တဲ့အတွက် အစထဲကသိပ်မကျသလို အများကြီးလဲမတက်ဘူး။ အိန္ဒိယဘက်ကဈေးကွက်ကျယ်တဲ့အတွက် အိန္ဒိယဘက်က အခုလိုပြန်ပြီးဖွင့်တာက မြန်မာနိုင်ငံအတွက်လည်း အထိုက်အလျှောက်အထောက်အကူပြုတာပေါ့"ဟု ဦးမင်းကိုဦးကဆိုသည်။

ပြည်တွင်းပဲဈေးကွက်မှာ အိန္ဒိယနိုင်ငံ၏မူဝါဒပေါ် မူတည်နေပြီး ယခုလိုမတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံများ ပြန်လည်တင်သွင်းခွင့် ပြုလိုက်သည့်အတွက် ပဲစိုက်တောင်သူများနှင့် ကုန်သည်များအတွက်အသက်ရှူချောင်စေခဲ့သည်။

Source - Popular News


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်