မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း

03/10/2023 17:00 PM တွင် Ning Naing Ling Ning Naing Ling မှ ရေးသား

စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းမှာ ဝက်မကြီးမွေးပြီး နာရီအနည်းငယ်ဟာ မွေးဝက်ငယ်လေးများ  အသက်ရှင်နိုင်ဖို့အတွက် လွန်စွာအရေးကြီးတဲ့ ကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်မွေးမြူသူတွေအနေဖြင့် မွေးပြီး (၂၄) နာရီအတွင်း မွေးဝက်မနှင့် ဝက်ကလေးတွေကို အနီးကပ် ဂရုစိုက်မှုလိုအပ်ပါတယ်။ ပုံမှန်အားဖြင့် မွေးဝက်ငယ်သေဆုံးမှုရဲ့ ထက်ဝက်ကျော်ဟာ မွေးပြီးနာရီအနည်းငယ်အတွင်း သေဆုံးတာကြောင့် အဖြစ်များပါတယ်။ မွေးမြူသူတွေ အနေဖြင့် ဝက်ငယ်မွေးဝက်ငယ်လေးများ သေဆုံးမှုနည်းအောင်၊ သားခွဲကိုယ်အလေးချိန် ပြည့်မီအောင် လုပ်ဆောင်နိုင်ရန်အတွက် အရေးကြီးတဲ့အချက်တွေကို  ဖော်ပြပေးချင်ပါတယ်။

ပထမအရေးကြီးတဲ့အချက်ကတော့ မွေးပြီးပြီးချင်း ဝက်ငယ်လေးတွေရဲ့ နှာခေါင်း၊ ပါးစပ်နှင့် ခန္ဓာကိုယ်အနှံ့မှာ အကျိအချွဲများ ကပ်ပါလာတတ်ပါတယ်။ ၎င်းအကျိအချွဲများကို သေချာသန့်စင်ပြီး မိခင်၏ နို့ဦးရည်(colostrum) ကို (၂၄) နာရီအတွင်းရရှိအောင် လုပ်ဆောင်ပေးရပါမယ်။ ထိုသို့လုပ်ဆောင်ရာတွင် ဝက်ငယ်လေးတွေကို အုပ်စု(၂) စုခွဲကာ နို့ဦးရည်ကို တိုက်ကျွေးပေးနိုင်ပါတယ်။ 

ထို့နောက်မွေးပြီး တစ်ရက်ကျော်လျှင် ဝက်ငယ်လေးတွေကို ချက်ကြိုးဖြတ်ခြင်း၊ အမြီးဖြတ်ခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။ မွေးပြီး ရက်သတ္တပတ်အတွင်း ဝက်ငယ်လေးတွေ လိုအပ်တဲ့အပူချိန် ရရှိအောင်လုပ်ဆောင်ပေးခြင်း၊ နို့တိုက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရပါမယ်။

ဝက်မွေးသူတွေအနေဖြင့် ဝက်အုပ်အတွင်း အားနည်းသည့် ဝက်ငယ်လေးများ၊ အရွယ်ငယ်တဲ့ ဝက်ငယ်လေးများကို သေချာဂရုစိုက်ပေးခြင်းဖြင့် ဝက်ငယ်လေးတွေ သေဆုံးမှုကို လျှော့ချနိုင်ပါတယ်။ 

မွေးဝက်ငယ်လေးတွေအတွက် နို့ဦးရည်(colostrum) ဟာ အောက်ပါအချက်တွေကြောင့် အရေးကြီးလှပါတယ်။ 

  • ၁) နို့ဦးရည်ဟာ ဝက်ကလေးတွေအတွက် ခံနိုင်ရည်၊ အာဟာရနှင့် ခုခံအားအတွက် မရှိမဖြစ်အရေးကြီးခြင်း။
  • ၂) နို့ဦးရည်ဟာ ဝက်ငယ်လေးရဲ့ ခုခံအားစနစ်ဖွံ့ဖြိုးလာအောင် အကူအညီပေးခြင်း။
  • ၃) မွေးပြီး၂၄ နာရီကျော်လျှင် ဝက်ငယ်လေးတွေရဲ့ အူလမ်းကြောင်းဟာ ခုခံအားစနစ်အတွက်အရေးကြီးတဲ့ပစ္စည်း (antibodies) ကို မစုပ်ယူနိုင်တော့ခြင်း။
  • ၄) ဝက်မကြီးမှ မွေးပြီး ၂၄ နာရီအတွင်းသာ နို့ဦးရည် ထွက်ရှိခြင်းတို့ကြောင့် နို့ဦးရည်ကို (၂၄) နာရီအတွင်း အဖြစ်မနေတိုက်ကျွေးပေးသင့်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့အချက်ဖြစ်တဲ့ ဝက်ငယ်လေးတွေ သေဆုံးမှုများနိုင်တဲ့ အခြေအနေတွေကို မွေးမြူသူတွေ ရှောင်ရှားနိုင်အောင်ဖော်ပြပေးချင်ပါတယ်။ ပုံမှန်အားဖြင့် မွေးဝက်ငယ်လေးတွေဟာ အောက်ပါအခြေအနေတွေမှာ သေဆုံးတာဖြစ်တတ်ပါတယ်။

  • ၁) နို့ဦးရည်ကို ၂၄ နာရီအတွင်း လုံလောက်စွာ မရရှိခြင်း၊
  • ၂) မွေးစကိုယ်အလေးချိန် ၀.၈ ကီလိုဂရမ်ထက် နည်းခြင်း၊
  • ၃) မွေးဝက်ငယ်ကောင်ရေများတဲ့ ဝက်အုပ်ရှိ ဝက်ငယ်လေးများ စနစ်တကျ ပြုစုစောင့်ရှောက်မှု မရရှိခြင်း၊
  • ၄) ဝက်မကြီးကိုကျွေးတဲ့အစာ အာဟာရမပြည့်ဝခြင်း၊
  • ၅) ဝက်မကြီးမှ နေမကောင်းသောကြောင့် နို့မချခြင်း စတဲ့အခြေအနေတွေမှာ သေဆုံးမှုများနိုင်ပါတယ်။

မွေးမြူရေးလုပ်ငန်းရှင်တွေအနေဖြင့် ဝက်မွေးမြူရေးကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ဖို့ဆိုလျှင် ဝက်ငယ်လေးများ မွေးပြီး ရက်အနည်းငယ်အတွင်း စနစ်တကျ ပြုစုစောင့်ရှောက်ခြင်းဖြင့် မွေးဝက်ငယ်လေးများ သေဆုံးနှုန်း(motality) ကို လျှော့ချနိုင်ပြီး စီးပွားရေးအတွက် အကျိုးအမြတ်ရရှိနိုင်မှာဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်