ကိုဗစ်ကိုခုခံတိုက်ခိုက်မယ့် လက်နက်တစ်မျိုး - နာနတ်သီး

05/08/2021 13:00 PM တွင် Nan Su San Nan Su San မှ ရေးသား

    “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုတဲ့အတိုင်း နေ့စဉ်စားသုံးနေကြတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေဟာ ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရဓါတ်များစွာကို ပေးစွမ်းနိုင်ရုံသာမက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတဲ့  တချို့သော ရောဂါပိုးတွေကိုလည်း ကာကွယ်ခုခံနိုင်စွမ်းရှိပါတယ်။ ရောဂါတစ်ခု ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီဟေ့ဆိုရင် အရင်ဆုံး ကိုယ်ခံအားစနစ်နဲ့ တိုက်ခိုက်ရပါတယ်။ ကိုယ်ခံအားစနစ်အားကောင်းဖို့အတွက် ခန္ဓာကိုယ်ဟာ လုံလောက်သော ဗိုက်တာမင်၊ သတ္တုဓါတ်နဲ့ တခြားအာဟာရဓါတ်များစွာ လိုအပ်ပါတယ်။

     အပူပိုင်းဒေသတွေမှာ ရှင်သန်ပေါက်ရောက်ကြတဲ့ သရက်သီး၊ နာနတ်သီး၊ မာလကာသီး၊ ပင်မှည့်သီး၊ လိုက်ချီးသီး၊ နဂါးမောက်သီး စတဲ့ အသီးတွေဟာလည်း ဗိုက်တာမင်စီ၊ carotenoids ပါဝင်မှု မြင့်မားရုံသာမက အသီးတစ်မျိုးချင်းစီမှာ ကျန်းမာရေးအတွက် ထူးခြားကောင်းမွန်တဲ့ အာဟာရဓါတ်တွေ ပါဝင်ပါတယ်။

    နာနတ်သီးဟာ အမှည့်အနေနဲ့ စားသုံးနိုင်သလို အခြောက်ခံပြီးစားရင်လည်း အရသာရှိပြီး  ဖျော်ရည်အဖြစ်လည်း သောက်သုံးလို့ရတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ နာနတ်သီးမှာ ဗိုက်တာမင်စီ၊ မန်ဂနိဓါတ်၊ အမျှင်ဓါတ်၊ ရေဓါတ်နှင့် Bromelain ပါဝင်မှု မြင့်မားရုံသာမက တခြားအကျိုးပြုအာရဓါတ်များစွာလည်း အတန်အသင့်ပါဝင်ပါတယ်။

    နာနတ်သီးကို စားသုံးပေးခြင်းဖြင့် အစာချေစနစ်ကို ကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါများကို ကာကွယ်နိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကို မြင့်မားစေခြင်း၊ အဆစ်ရောင်နာကို သက်သာစေခြင်း၊ အနာကျက်မြန်စေခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။

    Bromelain ဆိုတာ နာနတ်သီးရဲ့ ပင်စည်/ အူတိုင်မှာတွေ့ရတဲ့ အင်ဇိုင်းတစ်မျိုးဖြစ်ပြီး သူ့ကို နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးခဲ/ ပိတ်ခြင်းရောဂါများခံစားနေရသော လူနာများအတွက်သာမက ကင်ဆာဝေဒနာရှင်များအတွက်ပါ ကုသဖို့ ဓါတ်စာအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။

    ထိုမျှမက Bromelain ဓါတ်စာကို  ကိုဗစ်လူနာတွေကုသရာမှာလည်း စမ်းသပ်အသုံးပြုခဲ့ကြပါတယ်။

    အမေရိကန်နိုင်ငံ သုတေသနပညာရှင်များရဲ့လေ့လာတွေ့ရှိမှုများအရ Bromelain ဟာ ကိုဗစ်ရောဂါကိုဖြစ်စေသော SARS CoV-2 ဗိုင်းရပ်စ်ကို တိုက်ခိုက်ပြီး ကိုဗစ်ရောဂါကူးစက်မှုကို သိသိသာသာလျော့ကျစေပါတယ်။

    Bromelain ဟာ ဗိုင်းရပ်စ်ပိုးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ဖျက်ဆီးပြီး အပြင်ပိုင်းအလွှာကို ပျက်စီးစေကာ မျိုးပွားနိုင်စွမ်းကို ကျဆင်းစေပါတယ်။

    ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်ကို တိုက်ထုတ်နိုင်စွမ်းလည်းရှိတဲ့ Bromelain ဟာ  Covid-19 ရောဂါကူးစက်မှုကို  ထိရောက်စွာကာကွယ်နိုင်သော/ ခုခံတိုက်ထုတ်သော ကုထုံးတစ်မျိုးဖြစ်ပါတယ်။

    အကျိုးအာနိသင်များစွာရှိသော Bromelain ဓါတ်စာ (သို့) Bromelain ဓါတ်ကြွယ်ဝသော နာနတ်သီး ပင်စည်/ အူတိုင်ဟာ Covid-19 သာမက တခြား Coronaviruses ရောဂါများကုသရာတွင် အသုံးပြုနိုင်သော အလားအလာကောင်းသော လက်နက်တစ်မျိုးပင် ဖြစ်ပါတော့သည်။

(News medical life sciences၊ WebMD၊ Entertainment times၊ Bay natural၊ medicine မှ ဆောင်းပါးများကို ကိုးကားရေးသားထားပါသည်။)

နန်းစုစံ(စိုက်ပျိုးရေး)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်