ထန်းတက်လုပ်သားရှားပါး၊ ထန်းတောများ ပြုန်းတီးမည့်အရေး စိုးရိမ်နေရ

05/04/2018 10:43 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
အညာဒေသ၌ ထန်းတက်လုပ်သားရှားပါးခြင်းနှင့်အတူ ထန်းလျက် ဈေးကောင်းမရရှိခြင်း တို့ကြောင့် ဒီဇင်ဘာလ (နတ်တော်လ) တွင် ထန်းတက်လုပ်ငန်း စတင်ချိန်ဖြစ်သော်လည်း လုပ်ကိုင်သူနည်းပါးကာ ထန်းတောပိုင်ရှင်များသည် ခုတ်လှဲပြီးသစ်အဖြစ် ရောင်းချခြင်းများ ရှိနေကြောင်း၊ နှစ်ကြာလာပါက ထန်းတောပြုန်းတီးမှုဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြရကြောင်း ချောက်နှင့် ရေနံချောင်းမြို့နယ်တို့ရှိ ဒေသခံများ ထံမှသိရသည်။
 
စိုက်ပျိုးခဲ့
 
အဆိုပါဒေသတို့၌ အဘိုးအဘွားများလက်ထက်ကတည်းက အရိပ် ရပင်အဖြစ်လည်းကောင်း၊ သီးနှံများရိတ်သိမ်းပြီး နားနေချိန် ပွင့်လင်း ရာသီ၌ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရေး အတွက်လည်းကောင်း ရည်ရွယ်ချက်တို့ဖြင့် ထန်းပင်များကို စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
 
"ထန်းသားကို သစ်အဖြစ်အသုံးပြုတာရယ်၊ လက်မှုပစ္စည်းအဖြစ် အသုံးပြုတာတွေရှိတယ်။ သစ်မာဈေးတစ်တန်ကို ကျပ် ၁၄ သိန်းရှိတယ်။ အခြားသစ်တစ်တန်ကို ကျပ် ရှစ်သိန်းပေါက်တယ်။ ဒါကြောင့် ဆောက် လုပ်ရေးပစ္စည်းအဖြစ်၊ လက်မှုပစ္စည်းအဖြစ် ထန်းသား တစ်တန်ကို ကျပ်ငါးသိန်းနဲ့ ဝယ်တယ်။ လက်တွေ့ဝင်ငွေရတဲ့အတွက် ခုတ်လှဲ ရောင်းချနေကြတယ်။ နှစ်ကြာလာရင်တော့ ထန်းပင်တွေ ပြုန်းတီးမှုဖြစ် နိုင်တာပေါ့"ဟု ချောက်မြို့နယ်မှဒေသခံ ကိုဝင်းကြိုင်က ပြောဆိုသည်။
 
ဖန်တီးပေးသင့်
 
"၂၀၁၆ ခုနှစ်က ထန်းပင်တစ်ရာဆိုရင် ထန်းတက်လုပ်ငန်းလုပ် ကိုင်သူ သုံးဆယ်ခန့် ရှိတယ်။ ၂၀၁၇ ခုနှစ်မှာ ထက်ဝက်ပဲ လုပ်ကိုင်နိုင် တော့တယ်။ အဓိကက ထန်းကနေထွက်တဲ့ပစ္စည်းတွေ ဈေးကွက်မဝင် တာ။ ထန်းလျက်အစား တရုတ်ကဝင်တဲ့သကြားက တစ်ပိဿာမှ ကျပ် ၁,၂၀ဝ ပဲရှိတာ။ ထန်းလျက်က ကျပ် ၁,၈၀ဝ ဈေးရှိတယ်။ လုပ်ငန်းရှင်က သကြားကို သုံးတာလည်းပါတယ်။ ခြုံငုံသုံးသပ်ပါဆိုရင် ထန်းပိုင်ရှင်တွေ အတွက် ထန်းနဲ့ပတ်သက်တဲ့ ထန်းလျက်ဈေးကောင်းရအောင် ဖန်တီး ပေးသင့်ပါတယ်"ဟု ရေနံချောင်းမြို့နယ်မှ ဦးထွန်းဦးက သုံးသပ်သည်။
 
ရေနံချောင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောအုပ်တစ်ဦးက "ထန်းပင်က ကျေးလက်ဝင်ငွေရအောင်ဆောင်ရွက်ပေးတယ်။ ထန်းပင်ရဲ့ အသားကို လယ်ယာသုံးအဖြစ်ရယ်၊ နေအိမ်နဲ့ တင်းကုပ်ဆောက်လုပ် ရတဲ့နေရာမှာ အသုံးပြုလို့ရတယ်။ ထန်းတောပြုန်းအောင်တော့ မခုတ် ကြနဲ့ပေါ့။ ခုတ်ပြီးရင်လည်း ထန်းပင်ကို အစားထိုးပြန်စိုက်ပျိုးတာတွေလုပ်ဆောင်ရမယ်" ဟု ပြောဆိုသည်။
 
Myanmar Time
 
 
 

Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်