Wi-Fi ရေဒီယိုလှိုင်းများကြောင့် အပင်များသေဆုံး

17/01/2018 11:15 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကြိုးမဲ့ ဆက်သွယ်ရေး စနစ်များကို အသုံးများလာသည့် ခေတ်တွင် Wi-Fi ဆက်သွယ်ရေးလှိုင်း စနစ်ကြောင့် လူသားတို့အပေါ် သက်ရောက်မှုများကို လေ့လာ သုံးသပ်ခဲ့ရာ နောက်ဆုံး တွေ့ရှိချက်အရ Wi-Fi ရေဒီယိုလှိုင်းများသည့် အပင်များကို သေဆုံးစေကြောင်း လေ့လာ တွေ့ရှိခဲ့ရသည်။

Wageningen တက္ကသိုလ်မှ သုတေသီများသည် သစ်တော ဧရိယာအတွင်း Wi-Fi လှိုင်းများကို အမြင့်ဆုံးနှုန်းနှင့် ထုတ်လွှတ်ကြည့်ရာ အပင်များသာမက ဗက်တီးရီးယား ပိုးမွှားများနှင့် ဗိုင်းရပ်စ်များတွင် ခံစားရမှု အရိပ်အယောင်များ တွေ့ရှိခဲ့ကြရသည်။ အရိပ်အယောင်များ ဆိုရာတွင် ဗက်တီးရီးယားများတွင် သွေးယိုခြင်း၊ အပင်အခေါက်များ အက်ကွဲခြင်း၊ အရွက်များ ညှိုးခြောက်သွားခြင်းအပြင် အပင်ပေါက်နှုန်းများ ပုံမှန် မဟုတ်ခြင်းတို့ကို လေ့လာ တွေ့ရှိရကြောင်း သုတေသီများက ဆိုသည်။

ထိုသို့ အပင်နှင့် သက်ရှိများတွင် ဝေဒနာများ ဖြစ်ပေါ်ရခြင်းသည် Wi-Fi လှိုင်းများကြောင့်သာ ဖြစ်ပြီး သူတို့သည် အပင် ၂၀ ကို သုံးလကြာအောင် နည်း အမျိုးမျိုးနှင့် စမ်းသပ်ခဲ့ပြီးမှ အဖြေထုတ်ခဲ့ကြခြင်း ဖြစ်သည်။

မြို့ပြတွင် Wi-Fi စနစ်ကို အသုံးများသောကြောင့် မြို့ပြဝန်းကျင်ရှိ အပင်များ၏ အနေအထား ပြောင်းလဲလာမှုများကို ထိုပညာရှင်အဖွဲ့က လေ့လာခဲ့မိပြီး ယခုကဲ့သို့ ဆက်လက် လေ့လာခဲ့ကြခြင်း ဖြစ်သည်။

နယ်သာလန် နိုင်ငံတွင်လည်း မြို့ပြရှိ အပင် ၇၀ ရာခိုင်နှုန်းခန့်သည့် အဆိပ်မိသည့် လက္ခဏာများ ဖြစ်ပေါ်နေပြီး၊ နောက်လာမည့် ငါးနှစ်အတွင်း ၁၀ ရာခိုင်နှုန်းခန့် တိုးမြင့် ပျက်စီးနိုင်ကြောင်း ခန့်မှန်းထားသည်။

ကျေးလက် Wi-Fi အသုံးနည်းသည့် ဒေသများတွင် မြို့ပြကဲ့သို့ အပင်များသည် ထိခိုက်ပျက်စီး သေဆုံးမှု နည်းပြီး ပညာရှင်များက အခေါက်၊ အမြစ်၊ အရွက်များအပေါ် သက်ရောက်မှုများအား ဆက်လက် စမ်းသပ် စစ်ဆေးနေဆဲဖြစ်ကာ လူသားတို့ အပေါ်တွင်ပါ မည်သို့ သက်ရောက်မှု ရှိနိုင်ကြောင်း ဆက်လက် စစ်ဆေးနေဆဲ ဖြစ်သည်။

(LIVE SCIENCE)

REF: The Voice Weekly


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်