အပင်နှင့် ဆေးလောင်ခြင်း

23/01/2018 13:54 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

တစ်ခါတစ်ရံမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပြီး ပိုးကြောင့် ရောဂါကြောင့် မဟုတ်ပဲ ဆေးလောင် ပျက်စီးတတ်ပါတယ်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး မှားယွင်းမှုတွေကြောင့် ဆေးလောင်တာဆိုတာ မကြာမကြာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုပါ။ ဖြေရှင်းရာမှာလည်း ခက်ခဲပါတယ်။ ဆေးလောင်လာရင် အပင်တွေ ပြန်စိမ်းလာအောင် အပင်တွေ ပြန်လန်းဆန်းလာအောင် အားဆေးဖျန်းမှာလား အမြစ်ထွပ်ဆေးဖျန်းမှာလား စသဖြင့် လုပ်ကိုင်ကြပေမယ့် ထိထိရောက်ရောက် ဖြစ်လာတာ နည်းတတ်ပါတယ်။ အထူးသဖြင့် ပေါင်းသတ်ဆေး လက်ကျန်ကို တစ်ခြားဆေးနဲ့ မှားဖျန်းမိတာမျိုးတွေ ပေါင်းသတ်ဆေးဖျန်းထားတဲ့ ဆေးပုံးတွေကို ရေပြောင်အောင် မဆေးမိတဲ့ အခြေနေတွေမှာ ပြဿနာ အဖြစ်များဆုံးပါ။

ဟင်းသီးဟင်းရွက် စိုက်ခင်းတွေမှာ ဆေးကြောင့်လောင်သွားတဲ့ အရွက်တွေ ကိုင်းတွေ ဖြတ်ချ ရှင်းလင်းပြီး ရေအဝ တိုက်ပေးတာမျိုး အပင်ကို ရေဆေးချတာမျိုးတွေ လုပ်ကိုင်မယ်ဆို သက်သာတတ်ပါတယ်။ ကျယ်ပြန့်တဲ့ စပါးခင်း ပဲခင်းလို စိုက်ခင်းတွေမှာတော့ အထက်ပါဖော်ပြနည်းဟာ မဖြစ်နိုင်ပါဘူး။ ဖြေဆေးသဘောမျိုး ဆေးတစ်ခုခုဖျန်းပေးမှသာ အပင်လောင်ကျွမ်းမှုကို သက်သာနိုင်ပါတယ်။

အခြေခံအချက်အနေနဲ့ မိမိ မှားယွင်းသုံးမိတဲ့ဆေးဟာ အယ်ကာလီ ဆားဂုဏ်သိတ္တိရှိမယ့်ဆေးအုပ်စုလား အက်ဆစ်ဂုဏ်သိတ္တိရှိတဲ့ ဆေးအုပ်စုလားဆိုတာ ခွဲခြားသိဖို့ လိုပါတယ်။ ပုံမှန် ယေဘူယျအားဖြင့် နွားသေးဟာ အပင်လောင်ခြင်းအတွက် အပင်ဖြေဆေး တစ်ခုဖြစ်ပါတယ်။ လူသိလည်း နည်းနိုင်ပါတယ်။ နွားသေးမှာ ဆိုဒီယမ် ကလိုရိုဒ် ပါဝင်ပြီး အက်စစ် ဂုဏ်သတ္တိရှိတဲ့ ဆေးလောင်ကျွမ်းမှုကို သက်သာစေပါတယ်။ ၁၀၀ စီစီကနေ ၂၅၀ စီစီ ရေ ၄ ဂါလံ အထိ အပင်ထိခိုက်မှုအလိုက် အတိုးအလျော့ ချိန်ဆအသုံးပြုနိုင်ပါတယ်။

acid ကို base ခေါ် အယ်လ်ကာလီနဲ့ အယ်လ်ကာလီကို အက်ဆစ်နဲ့ ဖြေလျော့လို့ ရတယ်ဆိုတဲ့ အခြေခံ အချက်ကို သိထားရပါမယ်။ အပင်ပေါ် တင်ကျန်နေတဲ့ အက်စစ်ဓာတ်ကို ဆားဓာတ်နဲ့ ခြေဖျက်တဲ့ သဘောတရားပါ။ ဆားပျော်ရည်ကို အသုံးပြုခြင်းနဲ့ နွားသေး အသုံးပြုကွာဟမှု ရှိပါတယ်။ NaCl ပါဝင်ပေမယ့် ဆားပျော်ရည်လို ပြင်းအား မများပါဘူး။ နောက်တစ်ချက်က alkali အုပ်စုက ဆေးလောင်ရင်တော့ ရှာလကာရည် သံပုရာရည်က ဓာတ်လျော့ပြီး ဖြေလျော့နိုင်ပါတယ်။ ရှာလကာရည်က ပိုအဆင်ပြေပါတယ်။ အိမ်သုံးရှာလကာရည်တွေဟာ ၃%ခန့် ပြင်းအားရှိတာ များပါတယ်။ ရေသန့်ဗူးဝတ်ကနေ တစ်ဗူးအထိ ရေ ၄ ဂါလံ ရောဖျန်းပြီး လောင်ကျွမ်းမှုကို ဖြေလျော့ပေးနိုင်ပါလိမ့်မယ်။

အများဆုံးဆေးလောင်တဲ့ ပြဿနာဟာ ပေါင်းသတ်ဆေးမှာ ဖြစ်တတ်လို့ ကျနော် သိသလောက် ပေါင်းသတ်ဆေး အုပ်စုကို acid နဲ့ alkali ခွဲပေးထားပါတယ်။ အယ်လ်ကာလီ အာနိသင် အုပ်စုတွေက ဂလိုင်ဖိုဆိတ်၊ 2-4D Sodium salt၊ Anilofos၊ TRIFLURALIN 48% EC ဖြစ်ပြီး အက်စစ်အာနိသင် အုပ်စုများကတော့ 2-4D၊ Artrazine၊ Acetochlor၊ Butachlor.

Khant Zaw Htet


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်