ရေက အပင်တွေအတွက် ဘယ်လောက်အထိအရေးပါပါသလဲ...
မြေဆီလွှာအတွင်းရှိ ရေကို အရည်၊ အငွေ့နှင့် အစိုင်အခဲဟူ၍ အခြေအနေ(၃)မျိုးကိုတွေ့ရပါသည်။ အရည် သို့မဟုတ် အစိုင်အခဲသည် မြေဆီလွှာအလေးချိန်၏ ၃၀ ရာခိုင်နှုန်းခန့်ပါဝင်ပြီး အငွေ့မှာ မြေဆီလွှာအလေးချိန်၏ အပုံတစ်သန်းတွင် အနည်းငယ်မျှသာ ပါဝင်သည်။ မြေဆီလွှာအစိုဓာတ် သင့်လျော်စွာ ရရှိခြင်းသည် အပင်ရှင်သန်ကြီးထွားရန်အတွက်လည်းကောင်း၊ အပင်မစိုက်မီ မြေယာပြုပြင်ရာတွင်လည်းကောင်း အလွန် ရေးကြီးပါသည်။ အပင်အများစု၏အလေးချိန် ၈၀% (အချို့အပင်များတွင် ၉၀% ကျော်) မှာရေဖြစ်ပါသည်။ အချို့သစ်မာပင်၏ပင်စည်နှင့်အမြစ်တို့၌ ရေပါဝင်မှုသည် ၄၀% ကျော်ဖြစ်ပါသည်။ အပင်၏အစိတ်အပိုင်းများအနက် မျိုးစေ့၌ ရေအနည်းငယ်သာပါ၀င်ရာအချို့မျိုးစေ့များ၌ ရေ ၂၀% သို့မဟုတ် အနည်းငယ်သာ ပါ၀င်ပါသည်။
အပင်တို့အစာချက်လုပ်ခြင်းအတွက် ရေသည် မရှိမဖြစ် အရေး ကြီးပါသည်။ အပင်၏သက်ရှိဆဲလ်အတွင်း ရေလုံလောက်စွာရှိပါက အပင်သန်စွမ်းမှုကို အားပေးသည်။ မြေဆီလွှာအတွင်းတွင် လုံလောက်သောရေရှိပါက အပင်၏အာဟာရဓာတ်ပြည့်ဝစေခြင်း၊ သီးနှံပင်ရှင်သန်ကြီးထွားစေခြင်းတို့ ဖြစ်စေပါသည်။ ထို့ ပြင် မြေတွင်းရှိ အဏုဇီဝသက်ရှိများ ရှင်သန်ကြီးထွားမှု၊ ဓာတုဓာတ်ပြုခြ င်းများဖြစ်ပေါ်မှု၊ ယင်းဓာတ်ပြု ခြင်းကြောင့် သီးနှံပင်များ ရှင်သန်ကြီးထွားမှုတို့ကို ထိန်းချုပ်ပေးပါသည်။ အပင်ဆဲလ်အတွင်းရှိ ရေသည် ပင်ရည်ပျံခြင်းဖြင့် အပူစီးဆင်းမှုကို ထိန်းညှိပေးပါသည်။ အပင်သည် ပင်ရည်ပျံခြင်းကြောင့် မြေဆီလွှာအတွင်းမှရေနှင့်အာဟာရကို ပိုမိုစုပ်ယူနိုင်သည်။ မြေဆီလွှာအတွင်းရှိ ရေဓာတ်ပျောက်ဆုံးမှုမှာပင်ရည်ပျံခြင်းကြောင့် ဖြစ်ပေါ်ရသကဲ့သို့ မြေမျက်နှာပြင်ပေါ်သို့ မြေဆီလွှာအတွင်းမှလေဟာပေါက်များ ပေါင်းစပ်၍ဖြစ်ပေါ်လာသော သေးငယ်သည့် ပြွန်က်ပါက်များမှတစ်ဆင့်ဆုံးရှုံးကာလျော့နည်းသွားစေသည်။ သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် မြေတွင်းရှိရေကိုပင်ရည်ပျံခြင်းဖြင့်သာ ပျောက်ဆုံးစေသင့်သည်။ မြေဆီလွှာ၏ ပြွန်ပါက်ငယ်များမှတစ်ဆင့်ရေဆုံးရှုံးမှုကို အနည်းဆုံးရရှိရန် ဆောင်ရွက်သင့်သည်။ မြေတွင်းကရေစုပ်ယူနိုင်မှု နည်းပါးလာပါက အပင်များ ယာယီညိုးရာမှ ထာဝရညိုးသေသွားနိုင်ပါသည်။

Crd#ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Khine Htet Kyaw
လွန်ခဲ့သော ၁ နှစ် ကမီလီလီတာကိုပြောချင်တာလား
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကကောက်ရိုးမှိုဗေဒါနှင့်နွားချေးသုံးပြီစိုက်ပျိုးနည်းကိုသိချ င်လိ ဒဈဈဒဈဈဆဈ
ဆက်စပ်မေးခွန်းများ
ဒူးရင်းပင်အတွက်ဘာမြေဩဇာသုံးးရမလည်းဗျာ
စိုးခန့်ကကို • ဖြေကြားချက် 1 ခု
အပင်အားဆေးလောင်တာမျိုးက ပြန်ဖြေလို့ရလားဗျ တကယ်လို့ပြန်ဖြေလို့ရရင် ဆေးလေးညွန်းပေးပါအုံး
nay • ဖြေကြားချက် 3 ခု
ကွမ်းစိုက်ထားတာလသားအရွယ်မှာပဲသေနေတာ ၃လသားရှိပြီ ပင်ခြေနားကနေအဖြူလေးတွေအလုံးတွေကပ်နေပြီးအမြစ်ပုတ်သေနေတာ ဘာလုပ်ရမလဲဗျာ
JohnSaw • ဖြေကြားချက် 3 ခု
"မင်္ဂလာပါ" ကျွန်တော်ကကွမ်းပင်အညွန့်ဖြတ်ရောင်းတဲ့ခြံရှင်ပါ ကွမ်းပင်ဖြတ်တာ အကြိမ်ရေများတော့ အညွန့်နည်းနည်းသေးသွားတယ် အဲ့တာကြောင့် အပင်ပြန်ကြီးလာအောင် ဆော်တာ ကျွေးလို့ရလားဗျ
Kyaw Aye • ဖြေကြားချက် 3 ခု
ဆရာကြီးဦးသိန်းစုရဲ့စာအုပ် linkရနိင်မလးဆရာ
U Than Toe Aung • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
သီးနှံအထွက်တိုးပြီး ရောဂါဒဏ်ခံနိုင်စေတဲ့ သကြားဓာတ်
05/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026