အာလူးပင်ညိုးရောဂါ

11/01/2018 16:42 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား
ကျရောက်ရာဒေသ
ရောဂါကျရောက်ခဲ့ဖူးသော မြေတွင်ပြန်စိုက်လျှင် ပြန်ဖြစ်လေ့ရှိပါသည်။ ရောဂါကျအပင်မှ မျိုးစေ့ယူထားပြီး ပြန်စိုက်ပါကလည်း ဖြစ်ပေါ်တတ်ပါသည်။
 
ရောဂါပင်ပြလက္ခဏာ
- အပင်ထိပ်ဖျားအရွက်များ ညှိုးငိုက်လာပြီး ၂ - ၃ ရက်အတွင်း တစ်ပင်လုံးညှိုးကျသွားသည်။ 
- ရောဂါစကျသည့် အာလူးများကို ကန့်လန့်ဖြတ်ကြည့်ပါက အညိုရစ်တွေ့ရပြီး ရောဂါဆိုးပါက ပျော့ပုပ် သွား ပါသည်။
- ရောဂါကျ ပင်စည်ကို ကန့်လန့်ဖြတ်ပြီး ရေဖန်ခွက်ထဲ ပြောင်းပြန်ထည့်ကြည့်ပါက အဖြူရောင် ဘက်တီးရီးယား များ စိမ့်ထွက်လာသည်။ ပင်စည်ဖြတ်ရာနေရာမှ အဖြူရောင်ထွက်လာသည်ကို မြင်နိုင်သည်။
 
ကာကွယ်နှိမ်နှင်းနည်းများ
_ ခံနိုင်ရည်ရှိသော မျိုးကို သုံးပါ။
_ ရောဂါရအပင်ကို ချက်ချင်းနှုတ်ယူ ဖျက်ဆီးမီးရှို့ပါ။
_ မြေတွင်းအောင်း အင်းဆက်ပိုးမွှားများနှင့် နီမတုတ်များကို ကြိုတင်ကာကွယ်ပါ။
_ ပြောင်းရွှေ့စိုက်ပျိုးစဉ် အမြစ်များ ဒဏ်ရာမရအောင်ဆောင်ရွက်ပါ။
_ စိုက်ဘောင်၊ စိုက်ခင်းရေမဝပ်စေရန်ဆောင်ရွက်ပါ။
_ အာလူးမျိုးရင်းမဟုတ်သည့် (ဥပမာ - ခရမ်းချဉ်၊ ငရုတ်၊ ခရမ်း) တို့နှင့် သီးထပ်စိုက်ပျိုးမှုမှ ရှောင်ကျဉ်ပါ။
_ မြေချဉ်ငန်ဓာတ်( ရ.၅_ ရ.၆) ရရှိစေရန်ဆောင်ရွက်ပါ။ ထုံးထည့်ပေးပါ။
_ ထယ်နက်နက်ထိုးပြီးမြေလှန်ပေးပါက မြေကြီးအပေါ်သို့ရောက်ရှိလာသော နီမတုတ်များသည် မြင့်မားသော အပူချိန်ကြောင့် သေစေသည်။
 
 
ကိုးကား - စိုက်ပျိုးရေးဦးစီးဌာန

Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်