အာလူးပင်များတွင် ဖြစ်ပွားတတ်သော မြစ်ဖုရောဂါ

12/06/2020 12:30 PM တွင် မေမြတ်မော် မေမြတ်မော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မြစ်ဖုရောဂါသည် Solanaceae ပင်များဖြစ်သော အာလူးပင်နှင့် ခရမ်းချဉ်အပင်များတွင် အဖြစ်များပါသည်။(Meloidogyne hapla) နှင့်(M. chitwoodi) ဟုခေါ်သော နီမတုတ်တို့ကြောင့်ဖြစ်ပွားသည်။ (M. chitwoodi) သည် (Meloidogyne hapla)ထက်ပို၍ ဆိုးရွားသည်။ နှစ်မျိုးလုံးသည် Sedentary endoparasites များဖြစ်ပြီးမြေဆီလွှာထဲတွင်သာတွေ့ရသည်။ ရောဂါကူးစက်ခံထားရသော ဥများနှင့် အစေ့များ၊ ရောဂါဖြစ်ပွားပြီးသောမြေများ ရေများမှတစ်ဆင့် ကူးစက်သည်။ (M. chitwoodi)သည် အပူချိန် ၄၁ ဒီဂရီဖာရင်ဟိုက်အထက်တွင် ရှင်သန်နေနိုင်ပြီး (Meloidogyne hapla) သည် ၅၀ ဒီဂရီဖာရင်ဟိုက်တွင် မရှင်သန်နိုင်ပါ။ ဥနှင့် အမြစ်တွင် နေထိုင်မှုများသည်။ နီမတုတ်များသည် နှစ်ပေါင်း၂၀ ထိ ရှင်သန်နိုင်သည်။ (M. chitwoodi) သည် မြေအနက် ၃ ပေအထိ ရောက်ရှိနိုင်ပြီး သဲမြေများတွင်  စီးပွားရေးအရသိသိသာသာ ထိခိုက်နိုင်သည်။

ရောဂါလက္ခဏာ

 

    မြစ်ဖုရောဂါလက္ခဏာကို အပင်၏မြေပေါ်ပိုင်းတွင် ပြသမှုရှားပါးပါသည်။ (M. chitwoodi) နီမတုတ်၏လက္ခဏာသည် ဥပေါ်တွင် အဖုများဖြစ်ပေါ်နေခြင်းဖြစ်သည်။ (Meloidogyne hapla)၏လက္ခဏာသည် ရောင်ရမ်းနေသည့်ပုံဖြစ်ပေသည်။ မျိုးစိတ်နှစ်ခုလုံးသည် ဥ၏ မျက်နှာပြင်တွင် ၀.၂၅ လက်မ အရွယ်အစားရှိ အညိုရောင်အကွင်းအကွက်များဖြစ်ပေါ်နေသည်။ အညိုရောင်အကွက်များသည် အချင်း ၀.၀၄ လက်မ ခန့်ရှိပြီး နီမတုတ်အမများ၏ ဥထုတ်လုပ်ချိန်များတွင်သာ တွေ့ရသည်။ ရာသီအလိုက်နှောင်းပိုင်းတွင် ဖြစ်ပွားသော(M. chitwoodi) ရောဂါကူးစက်ခံရသော ဥများသည် ရိတ်သိမ်းချိန်တွင် ပြင်ပလက္ခဏာမပြသော်လည်း သိုလှောင်ချိန်တွင် စတင်လက္ခဏာပြသပေသည်။ 

ကာကွယ်နှိမ်နင်းနည်း

မိရိုးဖလာနှိမ်နှင်းနည်း    

၁။ ရောဂါကင်းသော မျိုးစေ့ကိုသာ သုံးပါ။

၂။ အရင်နှစ်မှ ပင်ကြွင်းပင်ကျန်များကို သေချာစွာစွန့်ပစ်ပါ။

၃။ သန့်ရှင်းသော စက်ကိရိယာများကိုသာ အသုံးပြုပါ။

၄။ ရောဂါဖြစ်ပွားထားသောနေရာမှ ရေအသုံးပြုခြင်း ရှောင်ကျဉ်ပါ။

၅။ သီးလှည့်စိုက်ပျိုးပါ။( ဂျုံ၊ ပြောင်း)

၆။ ပေါင်းပင် စနစ်တစ်ကျနှိမ်နှင်းပါ။ ပေါင်းပင်သည် နီမတုတ်များအတွက် လက်ခံပင်ဖြစ်နိုင်သည်။

၇။ ဥများကို စိုက်ခင်းအတွင်း သိုလှောင်မြှုပ်နှံထားခြင်းမျိုး ရှောင်ကျဉ်ပါ။

ဓာတုနှိမ်နှင်းနည်း

  • ရီးဂျင့် ၃ ဂျီအာ တစ်ဧကလျှင် ၃ -၅ ထုပ်ကို စက်ဖွဲပြာ (သို့) မြေဆီနှင့်ရောကာ မြေမထွန်ခင် အစိုဓာတ်ရှိချိန်တွင် ထည့်ပေးပါ။
  • နီမတုတ်သတ်ဆေးများလည်း သုံးစွဲနိုင်ပါသည်။ ဒိုင်ယာဇီနွန် (၁၀) ခဲကို မြေထဲထည့်ခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။
  • ပိုတက်ဆီယမ် မြေဩဇာသုံးခြင်းဖြင့်လည်း ပွားများမှုကို နှိမ်နှင်းနိုင်သည်။
  • အကောင်းဆုံးမှာ မစိုက်မြေကို နှစ်ပတ်အလိုတွင် မြေနမူနာစစ်ဆေးမှုများ လုပ်သင့်ပေသည်။ ကြိုတင်ကာကွယ်ထားသင့်ပေသည်။

မေမြတ်မော်

https://www2.ipm.ucanr.edu/agriculture/potato/Nematodes/

https://pnwhandbooks.org/plantdisease/host-disease/potato-solanum-tuberosum-nematode-root-knot

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်