ပုစွန်မွေးမြူရေးအတွက် အစာဖော်စပ်စာနည်းလမ်များ

25/07/2025 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ပုစွန်အတွက်ဖော်စပ်စာပြုလုပ်မည်ဆိုလျှင် သားလောင်း၊ သားပေါက်၊ သက်နုအဆင့် ဖော်စပ်စာနှင့် သက်ကြီးကောင်၊ မျိုးပုစွန်ဖော်စပ်စာဟူ၍ နှစ်မျိုးရှိပါသည်။ သားလောင်း၊ သားပေါက်နှင့် သက်နုကောင်အတွက် ဖော်စပ်စာမှာ 

အမျိုးအမည်     -  စပ်စာ (ဂရမ်)

  • ငါးမှုန့်             -    ၃၀၀                
  • ပုစွန်ခြောက်မှုန့်    -  ၁၅၀   
  • ပဲပိစပ်မှုန့်           -  ၁၅၀            
  • ဖွဲနု                   -  ၁၅၀           
  • ဂျုံမှုန့်                - ၁၅၀               
  • သာဂူမှုန့်             - ၅၀               
  • ငါးကြီးဆီ          -  ၂၀               
  • ဗီတာမင်စီ         - ၀.၅               
  • ရေ                  - ၂၀၀              

နောက်တစ်နည်းမှာ 

  • အမျိုးအမည်     -        စပ်စာ  (ဂရမ်)
  • ငါးမှုန့်             -        ၁၇၅        
  • ပုစွန်ခြောက်မှုန့်    -      ၂၂၅             
  • ပဲပိစပ်မှုန့်           -       ၂၀၀        
  • ဖွဲနု                   -         ၈၀                 
  • ဂျုံမှုန့်                -         ၁၀၀                  
  • သာဂူမှုန့်             -           ၅၀            
  • ငါးကြီးဆီ          -            ၃၀            
  • ဗီတာမင်စီ         -             ဝ.၅          
  • ရေ                  -            ၂၀၀                

နောက်တစ်နည်းမှာ 

အမျိုးအမည်     - စပ်စာ(ဂရမ်)

  • ငါးမှုန့်             -     ၂၇၅
  • ပုစွန်ခြောက်မှုန့်    -    ၂၇၅
  • ဖွဲနု                   -    ၂၀
  • ဂျုံမှုန့်                -    ၁၅၀
  • သာဂူမှုန့်             -   ၅၀
  • ငါးကြီးဆီ          -   ၂၀
  • ဗီတာမင်စီ         -    ၀.၅
  • ရေ                  -    ၂၀၀ တို့ဖြစ်သည်။

သက်ကြီးကောင်ပုစွန်နှင့် မျိုးပုစွန်အတွက် ဖော်စပ်စာမှာ

အမျိုးအမည်     -  စပ်စာ (ဂရမ်)

  • ငါးမှုန့်             -    ၂၀၀
  • ပုစွန်မှုန့်         - ၂၀၀
  • ကမာမှုန့်           -  ၂၅၀      
  • ဖွဲနု                   -  ၁၀၀
  • သာဂူမှုန့်            - ၄၀     
  • ပဲပိစပ်ဆီ           - ၂၅     
  • ငါးကြီးဆီ          -  ၂၅       
  • ဗီတာမင်စီ         - ၁       
  • ရေ                  - ၂၀၀     

နောက်တစ်နည်းမှာ

အမျိုးအမည်     -     စပ်စာ (ဂရမ်)

  • ငါးမှုန့်             -      ၂၀၀
  • ပုစွန် မှုန့်         -      ၂၀၀
  • ဖွဲနု                   -     ၁၀၀        
  • သာဂူမှုန့်            -       ၄၀             
  • ပဲပိစပ်ဆီ           -        ၂၅           
  • ငါးကြီးဆီ          -        ၂၅
  • ဗီတာမင်စီ         -         ၁                 
  • ရေ                  -       ၂၀၀                 

နောက်တစ်နည်းမှာ

အမျိုးအမည်     -  စပ်စာ (ဂရမ်)

  • ငါးမှုန့်             -       ၂၀၀
  • ပုစွန်မှုန့်         -      ၂၀၀
  • ဖွဲနု                   -    ၁၀၀
  • သာဂူမှုန့်            -    ၄၀
  • ပဲပိစပ်ဆီ           -     ၂၅
  • ငါးကြီးဆီ          -     ၂၅
  • ဗီတာမင်စီ         -       ၁
  • ရေ                  -         ၂၀၀ တို့ဖြစ်သည်။

ပုစွန်ဖမ်းယူနည်းများမှာ

ပုစွန်သည် ရောင်းတမ်းဝင်ရန်  ၈ လမှ ၁၀ လကျော်သာ ကြာသည်။ ထိုအချိန်ဆိုလျှင် ဖမ်းယူရောင်းချနိုင်ပြီ ဖြစ်သည်။ ပုစွန်သည် စျေးကွက်ကောင်းသော ထုတ်ကုန်တစ်မျိုးဖြစ်သည်။ ပုစွန်ကို ဖမ်းယူရာတွင် ပုစွန်ပိုက်အား လူအင်အားသုံး၍ “ဂ” ပုံစံဖမ်းယူနည်းဖြင့် ဖမ်းယူကြသည်။ထို့ပြင် ထောင့်ဖြတ်မြောင်းတူး၍ ဖမ်းယူနည်း၊ ပတ်လည်မြောင်းဖော်၍ ဖမ်းယူနည်း၊ ယင်းဝိုင်းရေစိမ်းထိုးဖမ်းယူနည်းတို့ ဖြစ်သည်။ ယင်းဝိုင်းရေစိမ်းထိုးဖမ်းယူနည်းမှာ မဖမ်းယူမီ ရေကို ၃ပေအထိလျှော့ချပေးရမည်။ ထို့နောက်ယင်းကို ကန်၏ ထောင့်တစ်ထောင့်တွင် ချဝိုင်းလိုက်ပါ။ ကန်၏ထောင့်နှင့် ယင်းသည် ၈ ပေ ကွာရမည်။ ပုစွန်ဝင်နိုင်စေရန် ယင်းအားမြှုံးသဏ္ဍာန် ပြုလုပ်ပေးထားရမည်။ထိုယင်းအဝင်သို့ ရေစိမ်းသွင်းပေးရသည်။ထိုအခါ ရေစိမ်းထိုးလိုက်သဖြင့် ပုစွန်များ ယင်းအတွင်းသို့ ဝင်လာသည်။ဤနည်းဖြင့် ဖမ်းယူခြင်းကို ယင်းဝိုင်းရေစိမ်းထိုးဖမ်းယူခြင်းဟု ခေါ်သည်။ 

နောက်တစ်နည်းမှာ ရေထုတ်ပိုက်ဖြင့် ဖမ်းယူခြင်းဖြစ်သည်။ဤနည်းဖြင့် ဖမ်းယူလျှင် ရေသွင်းရေထုတ်အပေါက်ကို ပိုက်တပ်၍ ပိုက်ထိပ်မှ အိတ်စွပ်ကာ ရေထုတ်ခြင်းဖြင့် ဖမ်းယူကြသည်။ အချုပ်အားဖြင့် ဆိုရသော်- ပုစွန်မွေးမြူခြင်းသည် အခြားသောမွေးမြူရေးလုပ်ငန်းများထက် ဂရုစိုက်ရသလို လုပ်ငန်းစဥ်တွေလည်း များသည်။အတိမ်းအစောင်း မခံပေ။ အထူးသဖြင့် ရေထုညစ်ညမ်းမှုကို မခံနိုင်ပေ။စနစ်တကျလုပ်ကိုင်နိုင်လျှင် အကျိုးအမြတ်များများ ရနိုင်မည်ဖြစ်ပါကြောင်း မျှဝေပေးလိုက်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်