ဒီတပတ် ကွင်းဆင်းကြည့်ရာမှာတော့ ရွက်လိပ်ရွက်ကပ်ပိုး၊ ရွက်လိပ်အိမ်ပိုးနှင့် ဖြုတ်ညို ကျရောက်တာတွေ တွေ့ခဲ့ရပါတယ်။
ဖြုတ်ညိုကို အထူးဂရုစိုက်ပေးကြပါ။
တောင်သူက ကွင်းကိုစစ်တဲ့အခါ ကန်သင်းပေါ်ကပဲ ကြည့်ကြတာ များပါတယ်။
ဖြုတ်လောင်တာမြင်မှ ဖြုတ်ကျမှန်းသိရင် အဲဒီအပင်တွေအတွက်တော့ မမီတော့ပါဘူး၊ ဆက်မပြန့်အောင်ပဲ တတ်နိုင်ပါတော့မယ်။

ဆိုတော့ ..
၁။ ဖြုတ်ကျတာ သိသိချင်း ရေကို ထုတ်ပါ။
၂။ နိုက်ထရိုဂျင်ဓါတ်မြေဩဇာကို အကြိမ်ကြိမ် ခွဲကျွေးပါ။
၃။ ဆက်တိုက်စိုက်မည့် စပါးရာသီ၊ နောင်နှစ်စပါးရာသီမှာ တစ်ကွင်းတစ်စပ်တည်းရှိတဲ့ လယ်များနဲ့ စိုက်ချိန်ကွာခြားမှု ၃-ပတ်ထက် မများပါစေနဲ့။
၄။ နိုက်တီပိုင်ရမ် တစ်မျိုးတည်းဆို ထိရောက်မှု နည်းပါမယ်။ နိုက်တီပိုင်ရမ်+ပိုင်မီထရိုဇင်း ထိရောက်မှုရှိပါတယ်။
- ကလိုသိုင်ရာနီဒင်+ပိုင်မီထရိုဇင်း
- ဖစ်ပရိုနေးလ်+ဘူဖရိုဖစ်ဇင်
- သောက်ရာမီသောက်ဇန်
- ဒိုင်နိုတီဖျူရမ်+ပိုင်မီထရိုဇင်း
- ထရိုင်ဖလူမီဇိုပိုင်ရင် (ပစ်စလွန်) စသည့် ပိုးသတ်ဆေးများ သုံးနိုင်ပါတယ်။
ရေဘေးသင့်ဒေသတွေကို ကူညီအားပေးရင်း အခြားဒေသတွေကလည်း စားနပ်ရိက္ခာများ မယုတ်လျော့ကြအောင် လုပ်ဆောင်ကြပါစို့။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more