ကိုဗစ်တတိယလှိုင်းကိုရှောင်ဖို့ ဒါတွေပြင်ဆင်ထားရအောင်

07/07/2021 13:30 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    ကိုရိုနာဗိုင်းရပ် (covid 19) သည် ယခုအခါမြန်မာပြည်သို့ တတိယလှိုင်းအဖြစ်ပြန်ရောက်လာကာ ပျံ့ပွားလျက်ရှိပါသည်။ ယခင်ကဲ့သို့ Quarantine Center များရှားလာခြင်းနှင့် ကပ်ဘေးအမျိုးမျိုးရင်ဆိုင်ရသော ယခုအခြေနေတွင် မိမိတို့နေအိမ်တွင်သာရောဂါကို အတတ်နိုင်ဆုံးရှောင်နိုင်ရန် ပြင်ဆင်သင့်သည်များကို ရေးသားတင်ပြအပ်ပါသည်။

    အသုံးအဆောင်အနေဖြင့် နှာခေါင်းစည်း(mask)၊ face shield၊ လက်သန့်ဆေးရည်နှင့် oximeter (သွေးတွင်းအောက်စီဂျင်တိုင်းကိရိယာ) တို့ ဆောင်ထားသင့်ပါသည်။

    ဆေးဝါးများအနေဖြင့် စီဗစ် (vitamin C)၊ ပါရာစီတမော၊ ဇင့်၊ ချောင်းဆိုးပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ရှူဆေး၊ ဓာတ်ဆားတို့ကို ပြင်ထားသင့်ပေသည်။

    လူတစ်ဦးသည် တစ်နေ့လျှင် vitamin C ကို အများဆုံး 1000 mg အထိ သောက်သုံးနိုင်ပါသည်။ BPI civit တစ်ပြားသည် 100 mg နှင့်ညီပါသည်။ သို့သော် တန်ဆေးလွန်ဘေးမဖြစ်စေရန် ကိုယ်ခံအားကောင်းလိုသူများအတွက် တစ်နေ့တစ်ပြားသာ​ ကြိုတင်သောက်သုံးပေးသင့်ပါသည်။ ရောဂါကူးစက်လာပါက နှစ်ပြားခန့်သောက်နိုင်ပါသည်။ 500 mg ဆိုပါက တစ်ပြားသောက်နိုင်ပါသည်။

    ဇင့်သည် သာမန်အခြေနေတွင် သောက်သုံးစရာမလိုပါဟု ဆရာဝန်များဆိုကြပါသည်။ ဇင့်၏အစွမ်းမှာ အနာကျက်မြန်စေခြင်းနှင့် အနံ့အရသာကောင်းအောင် ကူညီပေးခြင်းဖြစ်ပါသည်။ သို့သော် ဘေးထွက်ဆိုးကျိုးအနေနှင့် အလွန်အကျွံသောက်ပါက အော့အန်ခြင်း၊ ခေါင်းထိုးခြင်း၊ ဝမ်းလျောခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ရောဂါကာကွယ်ရန်အတွက် ဇင့်ကို ကြိုသောက်ရန်မလိုပါ။

    ဓာတ်ဆားတွင် BPI ဓာတ်ဆားများကို ယခုကာလ ဆောင်သင့်ပါသည်။ ဗီဇပြောင်းကိုဗစ်သည် အချို့တွင် အစပိုင်း ဝမ်းသွားခြင်းနှင့် အန်ခြင်းကဲ့သို့ဖြစ်သောကြောင့် ထိုသို့​ဖြစ်ပါက ချွေးဓာတ်နှင့် ဆားဓာတ်ကို ပြန်လည်ဖြည့်တင်းရန် တစ်နေ့ကို ဓာတ်ဆားတစ်ထုပ်သောက်ရပါမည်။

    ရှူဆေးအနေနှင့် အနံ့ပျောက်ခဲ့ပါက ရှူပေးရန်ဖြစ်ပါသည်။ နှာစေးပျောက်ဆေးမှာလည်း ကူးစက်ခံရခါစတွင် နှာစေးပါက သက်သာရန်ဖြစ်ပါသည်။ အလွယ်ကူဆုံးမှာ ဘာမီတွန်ကို ၈ နာရီခြားတစ်ကြိမ် သောက်ပေးလျှင်ရပါသည်။ ချောင်းဆိုးပျောက်ဆေးမှာလည်း အလားတူပင်ဖြစ်ကာ ဆေးရည်ဖြစ်စေ ဆေးလုံးဖြစ်စေ အသင့်ဆောင်ထားသင့်ပါသည်။ ပါရာစီတမောကိုလည်း အဖျားဝင်မှသာ သောက်သင့်ပါသည်။ အဖျားရှိပါက ပါရာစီတမောကို လေးနာရီခြားတစ်ခါ သောက်နိုင်ပါသည်။ အဖျားကြီးလွန်းပါက ရေခဲဝတ်ကပ်ပေးခြင်းကိုပါ ပြုလုပ်နိုင်ပါသည်။ အဖျားမရှိဘဲ အနံ့သာပျောက်သောအခြေအနေတွင် စီဗစ်သောက်ခြင်း၊ ဓာတ်ဆားသောက်ခြင်းနှင့် နေရောင်ခြည်ကို နာရီဝက်ခန့် လှုံပေးခြင်းတို့လုပ်ကာ ကိုယ်ခံအားပြည့်ဝစွာ စားသောက်နေထိုင်ပါလျှင် အကောင်းပကတိပြန်ဖြစ်နိုင်ပါသည်။

    oximeter မှာ သွေးတွင်းရှိ အောက်စီဂျင်ပမာဏကိုတိုင်းပေးသော ကိရိယာဖြစ်၍ ရောဂါကူးစက်ခံရသူသည် အောက်စီဂျင် 90% အောက်နည်းပါက အောက်စီဂျင်ပေးရန်လိုပြီဟု မှတ်သားနိုင်ပါသည်။ ထိုအခြေနေတွင် ဆေးရုံသို့ ချက်ချင်းသွားရပါမည်။

    Vitamin C ကြွယ်ဝသော အစားအစာများမှာ မာလကာသီး၊ သံပုရာသီး၊ ငရုတ်ပွ၊ ချဥ်ပေါင်ရွက်၊ ပန်းပွင့်စိမ်းတို့ဖြစ်ကာ ထိုအစားအစာတို့ကိုလည်း ယခုကာလတွင် စားသုံးပေးရပါမည်။ ဇင့်ဓာတ်ကို အနီရောင်အသားများ၊ ဂဏန်းများနှင့် သီဟိုစေ့များမှလည်း ရနိုင်၍ တစ်ပတ်တစ်ခါ ထိုအရာများစားသုံးပေးလျှင် သင့်တော်ပါသည်။

    အချုပ်အားဖြင့်ဆိုရသော် အာဟာရပြည့်ဝစွာစားသုံးခြင်း၊ လတ်လတ်ဆတ်ဆတ်ပူပူ​​နွေးနွေးစားသုံးခြင်း၊  အိပ်ရေးဝဝအိပ်စက်ခြင်း၊ နေစာလှုံပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုကိုတစ်နေ့လျှင်နာရီဝက်ခန့်လုပ်ပေးခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ အပြင်သွားတိုင်း မဖြစ်မနေ နှာခေါင်းစည်း mask နှစ်ထပ်တပ်ပေးခြင်း၊ လက်သန့်ဆေးရည် hand gel ဆောင်ထားခြင်း၊ အပြင်မှပြန်လာတိုင်း လက်ကို စင်ကြယ်စွာဆေးခြင်းတို့်သည် ကိုဗစ်ကို အကောင်းဆုံးကာကွယ်ပေးသည့် နည်းလမ်းများဖြစ်ပါသည်။ အကယ်၍ ကူးစက်ခံရသည်ဟုသံသယရှိပါက အိမ်တွင် သီးသန့်ခွဲနေကာ အသုံးအဆောင်ပန်းကန်များပါ ခွဲထားပြီး အထက်ဖော်ပြပါနည်းလမ်းများ ဆေးဝါးများဖြင့် ကိုယ်ခံအားကောင်းစေရန် နေမည်ဆိုပါက မကြာမီ ပျောက်ကင်းမည်ဖြစ်ပါကြောင်း ရေးသားအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်