တိုင်းရင်းကြက်မွေးမြူရေးရုံ ပြင်ဆင်ခြင်း

05/06/2020 15:00 PM တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရေးသား ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ပေးပို့ထားပါသည်။
  • ကြက်များ အရွယ်တူမွေးမြူခြင်းနှင့် ကြက်အုပ်လိုက် ခြံသွင်း၊ ခြံထုတ်စနစ် “All in All out” သည် ရောဂါ      ထိန်းချုပ်မှုအတွက် အကောင်းဆုံးဖြစ်သည်။
  • ကြက်ရုံမှ အသုံးအဆောင်ပစ္စည်းများကို ဖော်မလင် (၁ : ၂၀ ) အချိုးဖြင့်ဖျန်းပြီး တစ်ရက်ထားပါ။
  • ရွှေ့ပြောင်း၍ ရနိုင်သောပစ္စည်းများကို ကြက်ရုံထဲမှ ရွှေ့ပြောင်းပါ။
  • မြက်များကို ကြက်ရုံမှ (၂) မီတာအကွာအထိ ခုတ်ထွင်ရှင်းလင်းပြီး ပတ်ဝန်းကျင်အား ပိုးသတ်ဆေးသုံးပါ။
  • ကြက်ရုံနှင့် အသုံးအဆောင်ပစ္စည်းများကို ရေနှင့် ဆပ်ပြာမှုန့်ရောစပ်ပြီး သန့်ရှင်းသည်အထိ ဆေးကြောပါ။ ကြက်ရုံဆေးသော ကိရိယာသည် အနည်းဆုံး (၁) စတုရန်းလက်မတွင် ပေါင် (၅၀၀) ဖိအားရှိရမည်။
  • ကြက်သန်ကောင်ပြဿနာရှိခဲ့ဖူးလျှင် သန်ဥများကို ဖျက်ဆီးရန် ကော့စတစ်ဆိုဒါ ပြင်းအား (၂ %) ဖြင့် အခင်းနှင့် ပတ်ဝန်းကျင်အနှံ့ဖျန်းရန်၊ ဖျန်းပြီးနောက် အားလုံးကုန်စင်အထိ ရေသုံးပြီးဆေးရမည်။
  • သံဇကာနှင့် ခြံထောင့်များတွင် ကပ်ငြိနေသော ကြက်မွှေးများကို သုတ်သင်ပစ်ရန် မီးမှုတ်သွင်းပါ။
  • ပိုးသတ်ဆေးဖျန်းပြီးသော ခြံသုံးပစ္စည်းများကို ကြက်ရုံအတွင်း ပြန်ထည့်သွင်းပါ။
  • အားလုံးသန့်စင်ပြီးသည့်အခါ ကြက်ရုံအား အဝင်အထွက်မရှိစေရန် ပိတ်လိုက်ပါ။
  • (၁၄) ရက်ကြာပိတ်ထားပြီး ကြက်များ ထည့်သွင်းမွေးမြူနိုင်မည်ဖြစ်သည်။

အဆောက်အဦ

    ကြက်ရုံအဆောက်အဦဆောက်လုပ်ခြင်းသည် တိုင်းရင်းကြက်ထုတ်လုပ်ခြင်းတွင် အရေးပါသောအချက်ဖြစ်သည်။ အဆောက်အဦသည် ကြက်များ၏လုံခြုံရေး၊ သက်တောင့်သက်သာနေနိုင်ရေးအတွက် စီစဉ်ပေးရမည်။ အဆောက်အဦအရွယ်အစားသည် ကြက်အရွယ်အစားအလိုက် ဆောက်လုပ်ပေးသင့်သည်။ ကြက်ရုံနှင့် ခြံစည်းရိုးဆောက်လုပ်ခြင်းဖြင့် ကောင်းမွန်သည့်အချက်များ-

    • ကြက်များအား မိုးဒဏ်၊ လေဒဏ်၊ ပူပြင်းသော နေရောင်ခြည်ကို ကာကွယ်ပေးခြင်း၊

    • ပြင်ပတိရစ္ဆာန်၊ သူခိုးများအန္တရာယ်မှ ကာကွယ်ပေးခြင်း၊

    • ကြက်များအား အစာရေစာ လွယ်ကူစွာဖြည့်ဆည်းပေးနိုင်ခြင်း၊

    • ရောဂါစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ရောဂါကာကွယ်ပေးနိုင်ခြင်း၊

    • ပြင်ပမှ ကူးစက်ရောဂါများအား ဝင်ရောက်မှုမရှိစေရန် ထိန်းချုပ်နိုင်ခြင်းတို့ဖြစ်သည်။

အဆောက်အဦဆောက်လုပ်ရာတွင် မွေးမြူမည့်စနစ်အလိုက် ဆောက်လုပ်ပေးရမည်ဖြစ်သည်။

တစ်ဝက်လွှတ်ကြောင်းမွေးမြူခြင်း

    • မြေနေရာ ရွေးချယ်ခြင်း

    • လိုအပ်သော အကျယ်အဝန်း

    • ကြက်ခြံအဆောက်အဦ ဆောက်လုပ်မည့် အစီအစဉ်

    • လွှတ်ကွင်းတွင် စိုက်ပျိုးပေးမည့် မြက်ခင်းအမျိုးအစားများ

    • နေ့ခင်းအနားယူရန် ပြုလုပ်ပေးရမည့်ပုံစံ

    • လေဝင်လေထွက်ကောင်းမွန်ရမည်။

ခြံတွင်းမွေးမြူခြင်း

    • မွေးမြူမည့်ကောင်ရေအလိုက် ဆောက်လုပ်မည့် အဆောက်အဦအကျယ်အဝန်း

    • အသက်အရွယ်ဦ အမျိုးအစားအလိုက် ဆောက်လုပ်ပေးရမည့် အဆောင်အဦပုံစံ

    • ကြက်ခြံအတွင်း ထည့်သွင်းရမည့် ခြံသုံးပစ္စည်းများ (အစာခွက်၊ ရေခွက်၊ အိပ်တန်း၊ ဥတင်း၊ ဝပ်ကျင်း) စသည့်အချက်များ ထည့်သွင်းစဉ်းစားရမည်။

    အဆောင်အဦဆောက်လုပ်ရာတွင် ဒေသထွက်ပစ္စည်းများနှင့် ဆောက်လုပ်ပြီး ကြက်ကြီးတစ်ကောင်လျှင် (၃) စတုရန်းပေ၊ ကြက်လတ်တစ်ကောင်လျှင် (၂) စတုရန်းပေ အကျယ်အဝန်းလိုအပ်သည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်