ကန္တာရနှံကောင်နှင့်ပတ်သက်၍ မကြာခဏမေးလေ့ရှိသော မေးခွန်းများ (၂)

07/07/2020 12:30 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အရင်တစ်ပတ်ကတော့ အမေးအဖြေ အပိုင်း (၁ ) ကို ဖော်ပြထားပေးပြီးသားပါ။ ခု အပိုင်း (၂) ကို ဆက်လေ့လာကြည့်ရအောင်နော်။

မေး ၁၂ − ကန္တာရနှံကောင်တွေဟာ ဘာပြုလို့ ၄င်းတို့ရဲ့အပြုအမူတွေ ပြောင်းလဲကြတာလဲ။ 

ဖြေ ၁၂ − ကန္တာရနှံကောင်အရေအတွက် တိုးပွားလာပြီး ပိုမိုများပြားလာတာကြောင့် အထီးတည်းနေတတ်တဲ့ နှံကောင်တွေဟာ အုပ်စုလိုက်နေတတ်တဲ့ အပြုအမူပြောင်းလဲသွားကြပါတယ်။ ကန္တာရနှံကောင်ရဲ့ သွင်ပြင်လက္ခဏာလည်း ပြောင်းလဲသွားပါတယ်။ ဥပမာအနေနဲ့ အထီးတည်းနေတဲ့နှံကောင်ဟာ အညိုရောင်ဖြစ်ပြီး အုပ်စုလိုက်နေတဲ့နှံကောင်ငယ်က ပန်းရောင်နဲ့ အုပ်စုလိုက်နေတဲ့ နှံကောင်အရွယ်ရောက်ကောင်ဟာ အဝါရောင်ရှိပါတယ်။ ၁၉၂၁ ခုနှစ်အထိ ကန္တာရနှံကောင်မှာ မျိုးစိတ် (၂) ခုကွဲပြားတယ်လို့ ထင်ခဲ့ကြပါတယ်။

မေး ၁၃ − နှံကောင်မှာ အခြားအရေးကြီးတဲ့ မျိုးစိတ်တွေ ရှိသေးလား။ 

ဖြေ ၁၃ − ကန္တာရနှံကောင်ဟာ ၄င်းရဲ့ အကွာအဝေးအများကြီးကို ပျံသန်းနိုင်ပြီး အရေအတွက်အများကြီးတိုးလာတာမို့ နှံကောင်ထဲမှာ အရေးအကြီးဆုံးမျိုးစိတ်ဖြစ်တယ်လို့ မှတ်ယူထားပေမဲ့ ကမ္ဘာတစ်လွှား အခြားအရေးကြီးတဲ့ နှံကောင်မျိုးစိတ်တွေ ရှိကြပါသေးတယ်။ ၄င်းတို့ကတော့

◦ အာဖရိကန် ကျူးကျော်နှံကောင် − African Migratory Locust (Locusta migratoria migratorioides) - အာဖရိကတိုက်။

◦ အရှေ့တိုင်း ကျူးကျော်နှံကောင် − Oriental Migratory Locust (Locusta migratoria manilensis) - အရှေ့တောင်အာရှ။

◦ နှံကောင်နီ − Red Locust (Nomadacris septemfasciata) - အာဖရိကတိုက် အရှေ့ပိုင်း၊ 

◦ နှံကောင်ညို − Brown Locust (Locustana pardalina) - အာဖရိကတိုက် တောင်ပိုင်း။ 

◦ အီတလီနှံကောင် − Italian Locust (Calliptamus italicus) − အနောက်ဥရောပတိုက်ကနေ ဗဟိုအာရှအထိ။

◦ မော်ရိုကိုနှံကောင် − Moroccan Locust (Dociostaurus maroccanus) - အနောက်မြောက် အာဖရိကတိုက်ကနေ အာရှတိုက်အထိ။ 

◦ ဘုံဘေနှံကောင် − Bombay Locust (Nomadacris succincta) - အနောက်တောင်အာရှကနေ အရှေ့တောင်အာရှအထိ။

◦ သြစတေးလျ ကပ်နှံကောင်ပိုး − Australian Plague Locust (Chortoicetes terminifera) - သြစတေးလျတိုက်။ 

◦ သစ်ပင်နှံကောင် − Tree Locusts (Anacridium sp.) - အာဖရိကတိုက်၊ မြေထဲပင်လယ်၊ အရှေ့ဖျား။ တို့ဖြစ်ကြပါတယ်။ 

မေး ၁၄ − ကန္တာရနှံကောင်တွေဟာ လူတွေကို ထိခိုက်နာကျင်စေနိုင်လား။  

ဖြေ ၁၄ − ကန္တာရနှံကောင်တွေဟာ လူတွေနဲ့ တိရစ္ဆာန်တွေကို မတိုက်ခိုက်ကြပါဘူး။ လူသားတွေကို ထိခိုက်နာကျင်စေသော ရောဂါတွေသယ်ဆောင်တဲ့ နှံကောင်တွေရှိတယ်ဆိုတဲ့ သက်သေမရှိပါဘူး။

မေး ၁၅ − ကန္တာရနှံကောင်တွေကို ဘယ်လိုကာကွယ်နှိမ်နင်းနိုင်သလဲ။ 

ဖြေ ၁၅ − လောလောဆယ်မှာ ကန္တာရနှံကောင် အကောင်ကြီးနဲ့ အကောင်ငယ်အုပ်စုတွေကို ကာကွယ်နှိမ်နင်းဖို့ အဓိကနည်းလမ်းကတော့ စက် ဒါမှမဟုတ် ဝေဟင်ဆေးဖျန်းစက်မှာ အော်ဂနိုဖော့စ်ဖိတ် ဆေးပမာဏအနည်းငယ်ကို အသုံးပြုခြင်းဖြစ်ပါတယ်။ ဒါကို ဆေးထုထည်နည်းနည်းနဲ့ ဖျော်စပ်ထားတဲ့ဆေး (ULV) လို့ ဆိုလိုတာပါ။ ကျောပိုးဆေးဖျန်းပုံးနဲ့ လက်ကိုင်ဆေးဖျန်းပုံးကိုတော့ အသုံးနည်းပါတယ်။

မေး ၁၆ − ကန္တာရနှံကောင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကို ဘယ်သူတွေက ဆောင်ရွက်ကြသလဲ။ 

ဖြေ ၁၆ − ကန္တာရနှံကောင် စစ်တမ်းကောက်ယူခြင်းနဲ့ ကာကွယ်နှိမ်နင်းရေးဟာ ကန္တာရနှံကောင် ကျရောက်ဖျက်ဆီးခြင်းခံရတဲ့နိုင်ငံတွေက စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ အဓိကတာဝန်ဖြစ်ပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေကိုတော့ အမျိုးသား ကန္တာရနှံကောင်ကာကွယ်နှိမ်နင်းရေးအဖွဲ့က ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကန္တာရနှံကောင်အကြီးအကျယ်ကျရောက်ပြီး ကပ်ဆိုးကာလအတွင်းမှာ အလှူရှင်တွေနဲ့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပြင်ပအထောက်အပံ့တွေ လိုအပ်လေ့ရှိပါတယ်။

မေး ၁၇ − ကန္တာရနှံကောင်တွေကိုနှိမ်နင်းဖို့ အခြား ဓါတုပိုးသတ်ဆေးမဟုတ်တဲ့ နည်းလမ်းတွေရှိပါသလား။ 

ဖြေ ၁၇ − ဇီဝကာကွယ်နှိမ်နင်းရေးနဲ့ ဓါတုပိုးသတ်ဆေးမဟုတ်တဲ့ အခြားနည်းလမ်းတွေနဲ့ သုတေသနတွေ အကြီးအကျယ်လုပ်တာတွေ တိုးတက်လာပါတယ်။ လောလောဆယ် အာရုံစိုက်နေတာကတော့ ကပ်ပါးရောဂါတွေနဲ့ အင်းဆက်ကြီးထွားမှုထိန်းချုပ်ဆေးတို့ ဖြစ်ကြပါတယ်။  ဒါကြောင့်မို့ ကန္တာရနှံ ကောင်တွေဟာ သဘာဝရန်သူအများစုဆီကနေ လျင်မြန်စွာ ထွက်ပြေးနိုင်တာကြောင့် သဘာဝသားရဲကောင်တွေနဲ့ ကပ်ပါးပိုးတွေနဲ့ ကန္တာရနှံကောင်ကို ကာကွယ်နှိမ်နင်းဖို့ အကန့်အသတ်ရှိပါတယ်။ အတိတ်ကာလက ကြီးမားတဲ့ ပိုက်ကွန်တွေ၊ မီးတောက်နဲ့ပစ်တာတွေ၊ လေဆာတွေနဲ့ ကြီးမားတဲ့စည်တွေကို အဆိုပြုခဲ့ဖူးပေမဲ့ ကန္တာရနှံကောင်ကာကွယ်နှိမ်နင်းရေးအတွက် အသုံးမဝင်ပါဘူး။ လူတွေနဲ့ ငှက်တွေက ကန္တာရနှံကောင်တွေကို စားပေမဲ့ ဧရိယာအကျယ်ကြီးမှာရှိတဲ့ ကန္တာရနှံကောင်ဦးရေကို သိသိသာသာလျော့ကျစေဖို့ အများအားဖြင့် မလုံလောက်ပါဘူး။

မေး ၁၈ − ကန္တာရနှံကောင်တွေကို ဂြိုလ်တုနဲ့ ထောက်လှမ်းနိုင်ပါသလား။ 

ဖြေ ၁၈ − ပတ်ဝန်းကျင်ကို စောင့်ကြည့်စစ်ဆေးဖို့ အသုံးပြုတဲ့ ရာသီဥတုဂြိုလ်တုနဲ့ အခြားဂြိုလ်တုတွေဟာ ကန္တာရနှံကောင်တစ်ကောင်ချင်းနဲ့ အုပ်စုများကို မထောက်လှမ်းနိုင်ပါဘူး။ ဒါပေမဲ့ စစ်တပ်ကသုံးတဲ့ စွမ်းဆောင်ရည်မြင့် ခေတ်မီဆန်းပြားတဲ့ ဂြိုလ်တုတွေဟာကန္တာရနှံကောင်တွေကို ထောက်လှမ်းနိုင်ပေမဲ့ ၄င်းတို့ရဲ့ပုံရိပ်တွေကို လိုသလိုမရနိုင်ပါဘူး။ ၄င်းတို့ရှိနေရင်တောင်မှ အမျိုးသားနှင့် နိုင်ငံတကာကန္တာရအဖွဲ့အစည်းဟာ နေ့စဉ်တွေ့ရှိချက်အပေါ် အခြေခံပြီးထုတ်တဲ့ ရာပေါင်းများစွာသောပုံရိပ်တွေကို ကြားဖြတ်ဖမ်းယူနိုင်တဲ့အရည်အချင်းရှိပါတယ်။ 

မေး ၁၉ − ကန္တာရနှံကောင်တွေဟာ ဘာ့ကြောင့်ကာကွယ်နှိမ်နင်းဖို့ ခက်တာလဲ။ 

ဖြေ ၁၉ − ကန္တာရနှံကောင်တွေကို အောင်မြင်စွာ ကာကွယ်နှိမ်နင်းဖို့ ဘာ့ကြောင့်ခက်ခဲရသလဲဆိုတဲ့ အကြောင်းပြချက် အများကြီးရှိပါတယ်။ အဲဒီအကြောင်းပြချက်ထဲက အချို့ကတော့ (၁) ကန္တာရနှံကောင်တွေကိုတွေ့နိုင်တဲ့ ဧရိယာ (သန်းပေါင်း ၁၆ − ၃၀ စတုန်ရန်းကီလိုမီတာ) ဟာ အလွန်ကို ကြီးမားကျယ်ပျံ့ခြင်း၊ (၂) အဲဒီလိုဧရိယာဟာ ဝေးလံခေါင်သီလွန်းပြီး ကာကွယ်နှိမ်နင်းမှု လုပ်ဆောင်ရန် ခက်ခဲခြင်း၊ (၃) အချို့ဧရိယာတွေ (မြေမြှုပ်မိုင်းကဲ့သို့သော အရာများရှိခြင်း) ဘေးကင်းလုံခြုံမှု မရှိခြင်း၊ (၄) ဒီနှံကောင်ကျရောက်နေတဲ့ အချို့နိုင်ငံတွေမှာ ၄င်းကို စောင့်ကြည့်စစ်ဆေးပြီး ကာကွယ်နှိမ်နင်းဖို့ အရင်းအမြစ်များက အကန့်အသတ်ရှိခြင်း၊ (၅) နိုင်ငံများစွာမှာ မဖွံ့ဖြိုးသော အခြေခံအဆောက်အအုံ (လမ်းများ၊ ဆက်သွယ်ရေးများ၊ ရေနဲ့အစားအစာ) များရှိခြင်း၊ (၆) ကန္တာရနှံကောင် တက်ကြွမှုနည်းတဲ့ ကြာရှည်တဲ့ကာလအတွင်း လေ့ကျင့်သင်ကြားပေးထားတဲ့ ဝန်ထမ်းများကို ထိန်းသိမ်းထားရန်နှင့် ရင်းမြစ်များကို လုပ်ဆောင်ရာတွင် ခက်ခဲခြင်း (၇) ကန္တာရနှံကောင်ကျရောက်နေတဲ့ နိုင်ငံတွေအကြား နိုင်ငံရေးဆက်သွယ်မှုများ၊ (၈) ကန္တာရနှံကောင်အပေါ် ပိုးသတ်ဆေးဖျန်းရမဲ့ ကာကွယ်နှိမ်နင်းမှု လုပ်ငန်းတွေကို ဖွဲ့စည်းရာနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အခက်အခဲရှိခြင်းနဲ့ (၉) ဒီလို ကန္တာရနှံကောင်ကျရောက်နိုင်မှု ရှိမရှိ ခန့်မှန်းရာမှာ ခက်ခဲခြင်းနဲ့ ဒီနှံကောင်ကျရောက်ရာ ဧရိယာတွေမှာ မိုးရွာသွန်းမှု မသေချာခြင်းတို့ဖြစ်ကြပါတယ်။ 

မေး ၂၀ − လူတွေက ကန္တာရနှံကောင်ကို စားကြသလား 

ဖြေ ၂၀ − များစွာသောနိုင်ငံတွေကလူတွေဟာ ကြီးမားတဲ့ပိုက်ကွန်၊ အခြားနည်းလမ်းတွေနဲ့ ကန္တာရနှံကောင်ကို ဖမ်းဆီးကြပါတယ်။ ကန္တာရနှံကောင်တွေကို မွှေပြီးကြော်ခြင်း၊ ကင်ခြင်း ဒါမှမဟုတ် ပြုတ်ခြင်း ပြုလုပ်ပြီး နောင်ကျမှစားပါတယ်။ ကန္တာရနှံကောင်တွေဟာ အသားဓါတ်ကြွယ်ဝကြပါတယ်။ ကန္တာရနှံကောင် တက်ကြွမှုတိုးနေတဲ့ ကာလအတွင်းမှာ ဒီနှံကောင်ကျရောက်နေတဲ့ နိုင်ငံများစွာက စျေးတွေထဲမှာ ဒီနှံကောင်အသေတွေ အပုံလိုက်တွေ့နိုင်ပါတယ်။

မေး ၂၁ − ကန္တာရနှံကောင်မှာ ဘာတွေနဲ့ဖွဲ့စည်းထားတာလဲ။  

ဖြေ ၂၁ − အရွယ်ရောက် ကန္တာရနှံကောင်အခြောက်အလေးချိန်မှာ အသားဓါတ် ၆၂ % ၊ အဆီ ၁၇ %နဲ့ အခြား အင်အော်ဂဲနစ် ပါဝင်ပစ္စည်းတွေဖြစ်ကြတဲ့ (ဆီလီကွန်၊ ကော့ပါး၊ သံ၊ မင်းဂနီးစ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ တိုက်တေနီယမ်၊ နီကွန်၊ ဖော့စ်ဖရပ်စ်၊ ဆာလ်ဖာ) တို့ပါဝင်ပါတယ်။

မေး ၂၂ − ကန္တာရနှံကောင်ကာကွယ်နှိမ်နင်းရေးမှာ ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့အစည်းရဲ့ အခန်းကဏ္ဍကဘာလဲ။ 

ဖြေ ၂၂ − ကမ္ဘာ့ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့အစည်းရဲ့ တာဝန်ကတော့ စိတ်ပါဝင်စားတဲ့ နိုင်ငံအားလုံးကို ကန္တာရနှံကောင်ရဲ့ ယေဘုယျအခြေအနေသတင်းကို ပေးဖို့၊ ဒီနှံကောင် ကျူးကျော်ဝင်ရောက်ခြင်းခံရတဲ့ နိုင်ငံတွေကို အချိန်မီ သတိပေးချက်တွေနဲ့ ခန့်မှန်းချက်တွေကိုပေးဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂ၊ စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့အစည်း (FAO) ဟာ အီတလီနိုင်ငံ၊ ရောမမြို့၊ FAO ရုံးချုပ်က နှံကောင်အဖွဲ့အတွင်း ဗဟိုကန္တာရနှံကောင်သတင်းလုပ်ငန်းကို လုပ်ဆောင်နေပါတယ်။ ကန္တာရနှံကောင် ကျရောက်ခံရတဲ့ နိုင်ငံအားလုံးက FAO ကို ကန္တာရနှံကောင်အချက်အလက်ပေး၊ လက်ရှိကန္တာရနှံကောင်အခြေအနေကို စိစစ်ရန်၊ (၆) ပတ်ကြိုပြီး ခန့်မှန်းရန်နှင့် နိုင်ငံအလိုက် ကန္တာရနှံကောင်အခြေအနေကို အကျဉ်းချုပ်သုံးသပ်ပြီး ကျူးကျော်ဝင်ရောက်ခြင်း၊ သားပေါက်ခြင်းတို့ကို ခန့်မှန်းရန်နဲ့  သီးသန့်သတိပေးထုတ်ပြန်ချက်ကို ထုတ်ပြန်ရန်အလို့ငှာ ရာသီဥတု၊ ဒေသမျိုးစိတ်တွေရဲ့ အချက်အလက်ဒေတာနဲ့ ဂြိုလ်တုပုံရိပ်တွေနဲ့ စပ်လျဉ်းပြီး အဲဒီအချက်အလက်တွေကို FAO က စိစစ်သုံးသပ်ပါတယ်။ FAO ဟာ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ကန္တာရနှံကောင်အခြေအနေနဲ့ ဒီနှံကောင်ကျူးကျော်ဝင်ရောက်ခြင်းနဲ့သားပေါက်ခြင်းကို အကျဉ်းချုံးစိစစ်ကာ လစဉ် သတင်းစာနဲ့ ခေတ်မီသတင်းများကို ပြင်ဆင်ထားပါတယ်။ အဲဒါတွေကို အီးမေးလ်၊ ဖက်စ်၊ စာနဲ့ ဖြန့်ဝေပါတယ်။  ကန္တာရနှံကောင် သတင်းအချက်အလက်အားလုံးကို FAO ရုံးချုပ်နဲ့ အချို့သတင်းအချက်အလက်များကို အင်တာနက်မှာ လိုသလောက်ရနိုင်ပါတယ်။

ဒါ့အပြင် FAO ဟာ ကန္တာရနှံကောင်ရဲ့အမျိုးမျိုးသော သွင်ပြင်လက္ခာဏာတွေကို သင်တန်းပေးခြင်းနဲ့ စာအုပ်ထုတ်ဝေခြင်းတို့ကို ပေးပါတယ်။  FAO စိုက်ခင်းစိစစ်ရေးမစ်ရှင်တွေက ကန္တာရနှံကောင် ဆိုးဝါးစွာကျရောက်စဉ် စစ်တမ်းကောက်ခြင်း၊ ကာကွယ်နှိမ်နင်းမှု လုပ်ဆောင်ခြင်းနဲ့ အကူအညီများကို တာဝန်ယူကူညီပေးပါတယ်။

ကိုးကားချက်။ http://www.fao.org/ag/locusts/en/info/info/faq/index.html

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်