မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသများ၌ မိုးရွာမည်

27/01/2019 16:34 PM တွင် Thein Soe Min Thein Soe Min မှ ရေးသား

ရန်ကုန်၊ ဇန်နဝါရီ ၂၇  

အနောက်မြောက်လေပွေလှိုင်း၏အရှိန်ကြောင့် နောက်နှစ်ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းစွန်းဒေသများတွင် မိုးအနည်းငယ် ရွာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။   

“လာမယ့်နှစ်ရက်သုံးရက်အတွင်း မြောက်ပိုင်းစွန်းဒေသတွေမှာ မိုးအနည်းငယ်ရွာနိုင်တာကလွဲလို့ တစ်ပြည်လုံးမှာ သာယာနေနိုင်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။  

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ အားပျော့ပျက်ပြယ်သွားပြီဖြစ်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။  

မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ယခုရက်ပိုင်းတွင် အအေးဓာတ်ပိုလျက်ရှိရာတွင် ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၂ ဒီဂရီစင်တီဂရိတ်၊ သီပေါမြို့တွင် ၃ ဒီဂရီစင်တီဂရိတ်၊ မိုးမိတ်မြို့၊ ဟဲဟိုးမြို့နှင့် မိုင်းယန်းမြို့တို့တွင် ၆ ဒီဂရီစင်တီဂရိတ်စီနှင့် လားရှိုးမြို့၊ ညောင်ရွှေမြို့၊ ရမ်ကလောင်းနှင့် မိုးကုတ်မြို့တို့တွင် ၇ ဒီဂရီ စင်တီဂရိတ်စီတို့ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

သတင်းရင်းမြစ် - The Voice

မူရင်းလင့်သို့...

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်