ကြက်သွန်စျေး အတက်အကျ ကြမ်း

17/09/2018 10:35 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

ရန်ကုန်ကြက်သွန်စျေးကွက်အတွင်း ကြက်သွန်စျေးသည် စက်တင်ဘာလ ၁၁ ရက်နေ့က တစ်ပိဿာလျှင် ကျပ် ၃၇၅ မှ ၅၅၀ အထိ မြင့်တက်နေရာမှ ယခုအခါ တစ်ပိဿာလျှင် ကျပ် ၁၅၀ မှ ၃၀၀ အထိ ပြန်လည်ကျဆင်းကြောင်း ဘုရင့်နောင် ကြက်သွန်စျေးကွက်အတွင်းမှ သိရသည်။

စက်တင်ဘာလဆန်းပိုင်းက ရန်ကုန် ကြက်သွန်စျေးကွက်သို့ တစ်ရက်လျှင် ကုန်တင်ယာဉ် အစီးရေ ၁၂ စီးမှ ၂၀ အထိသာ ဝင်ရောက်ခဲ့ရာမှ ယခုရက်ပိုင်းအတွင်း တစ်ရက်လျှင် အစီးရေ ၄၀ ပြန်လည်ဝင်ရောက်ကြောင်း ထိုသို့ ကြက်သွန်အဝင် ပြန်များလာသည့်အတွက် ကြက်သွန်စျေး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း ကြက်သွန်ကုန်သည်များက ဆိုသည်။

 

သတင်း အပြည့်အစုံဖတ်ရန်......