အာရှ ဖွံ့ဖြိုးရေးဘဏ်၏ အထောက်အပံဖြင့် မြန်မာ့စိုက်ပျိုးရေး သုတေသနပြန်လည် ရှင်သန်နိုးထရေး အ တွက် (Farming System Research) သို့ ကူးပြောင်းဆောင်ရွက်ရန် ဒေသဗဟို သုတေသနခြံများကို စတင် ထူထောင်နေပြီဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သိရသည်။
လက်ရှိ သုတေသန စီမံချက်အသစ်များ အတည်ပြုခြင်း ဆွေးနွေးပွဲမှ ပထမအကြိမ်အဖြစ် ရုံးချုပ်၊ ဌာနစုများမှ သုတေသန လုပ်ငန်းအသစ် (၃၀) နှင့် နယ်သုတေသနခြံများမှ သုတေသနလုပ်ငန်း အသစ် (၆၀) စုစုပေါင်း လုပ်ငန်း ၉၀ တို့ကို ရွေးချယ်အတည်ပြုကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေ သနဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက ပြောသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more