မြေဆွေးဆိုသည်မှာ...

11/12/2020 20:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လယ်ယာထွက်အလေအလွင့်များကို စနစ်တကျစီမံခန့်ခွဲမယ်ဆိုရင် စိုက်ပျိုးမြေတွင်း မြေဆွေးပါဝင်မှုများပြီး မြေတွင်းအာဟာရဓာတ်တွေမြင့်မားလာစေပါတယ်။ ဒီတော့ ဒီတစ်ပတ်မှာ မြေဆွေးကဏ္ဍကိုသွားချင်ပါတယ်။

မြေဆွေးဆိုသည်မှာ

သီးနှံအကြွင်းအကျန်များ၊ ပေါင်းပင်များ၊ စွန့်ပစ်ဟင်းသီးဟင်းရွက်များ စသောသြဂဲနစ်ပစ္စည်းများကို နွားချေးနှင့်မြေကြီး အနည်းငယ်ရောထားပြီး ဆွေးမြေ့ရာမှရတဲ့ သဘာဝပစ္စည်းဖြစ်သည်။ သြဂဲနစ်ပစ္စည်းများကို နောက်ချေးနှင့်မြေကြီးအနည်းငယ်ရောထားပြီး လေဝင်လေထွက်ကောင်းသောကန်တွင် ရေစနစ်တကျလောင်းပေးခြင်းဖြင့် ဆွေးမြည့်စေသည်။ ပူနွေးစွတ်ပြီးလေဝင်လေထွက်ရှိတဲ့ပတ်ဝန်းကျင်မှာ အမျိုးမျိုးသောအဏုဇီဝများဟာ သြဂဲနစ်အကြွင်းအကျန်များကို ဖြိုခွဲပစ်နိုင်ပြီး အဆုံးမှာမြေဆွေးကိုဖြစ်ပေါ်စေသည်။

မြေဆွေးပြုလုပ်တဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

မြေကောင်းတစ်ခုမှာ သီးနှံပင်များအသုံးပြုနိုင်တဲ့အာဟာရ မျိုးစုံရောနှောပါဝင်နေသည်။ ဒါကြောင့်အလွန်ကောင်းတဲ့ သဘာဝမြေသြဇာဖြစ်သည်။ ဒီအာဟာရများကို သီးနှံသက်တမ်းတစ်လျှောက်လုံးမှာ လိုအပ်သလောက်တဖြည်းဖြည်း ထုတ်လွှတ်ပေးသည်။

မြေဆွေးကို စနစ်တကျ ထည့်ပေးမယ်ဆိုရင် မြေမှုန်ဖွဲ့စည်းမှုကို ကောင်းမွန်စေပြီး လေပေါက် ရေပေါက်ဖြစ်ပေါ်မှုကိုတိုးများစေတယ်။ ဒါကြောင့် ထွန်ယက်ရာမှာလည်းလွယ်ကူပြီး မြေဆီလွှာရေထိန်းအားလည်း တိုးတက်လာသည်။

မြေဆွေးပြုလုပ်ရန်အတွက် သြဂဲနစ်အကြွင်းအကျန်ပစ္စည်းများကို ရွေးချယ်စုဆောင်းခြင်း

မည်သည့်သစ်ပင်အကြွင်းအကျန် (သို့) တိရစ္ဆာန်အညစ်အကြေးများမဆို မြေဆွေးကျင်းထဲမျာ ဆွေးမြည့်သွားမှာဖြစ်ပါတယ်။ သို့ရာတွင် ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ဆွေးမြည့်ချိန်ကွာခြားပါတယ်။ သစ်ရွက် သစ်စိမ်းများသည် ဆွေးမြည့်လွယ်ပြီး ကောက်ရိုး၊ သစ်သားများကတော့ ဆွေးမြည့်ရန်ကြာသည်။ တစ်နည်းအားဖြင့် ဆဲလ်လူးလို့နှင့် လစ်ဂ်နင်ပါဝင်မှုနည်းသောကြောင့် ဆွေးမြည့်လွယ်ပြီး သီးနှံအကြွင်းအကျန်များသည် ပါဝင်မှုများလို့ဆွေးမြေ့ရန်ကြာပါသည်။ အိမ်ခြံဝင်းနှင့် သီးနှံစိုက်ခင်းထဲက သြဂဲနစ်အကြွင်းအကျန်မျိုးစုံကို မြေဆွေးပြုလုပ်ခြင်းဟာ ပစ္စည်းတစ်မျိုးထဲကိုလုပ်တာထက်ဆွေးမြည့်မြန်စေပါတယ်။ သြဂဲနစ်အကြွင်းအကျန်မျိုးစုံမှာပဲ မျိုးနွယ်၊ နှံစားသီးနှံ၊ မြက်စို၊ မြက်ခြောက်ကိုင်းဖျားကိုင်းနား၊ နွယ်၊ သစ်ရွက်ခြောက်၊ ပဲမှော်၊ ပြောင်းမှော်၊ ချုံပင်နှင့် ပေါင်းပင် စသည်တို့ အားလုံးပါဝင်သည်။

သတိပြုရန်မှာ

ပုလင်းကွဲ၊ ပလတ်စတစ်အိတ်စ၊ သတ္တု၊ ရော်ဘာစတဲ့ အင်သြဂဲနစ်ပစ္စည်းများသည် ဆွေးမြည့်မှာမဟုတ်တဲ့အတွက် အသုံးမပြုရပါ။ တိရစ္ဆာန်အညစ်အကြေးများနှင့်ကျင်ငယ်ရည်များသည် အဏုဇီဝပွားများမှုကို များစွာအထောက်အကူပြုပါသည်။ ထို့အပြင်နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်နှင့်တိရစ္ဆာန်အညစ်အကြေးများနှင့် ကျင်ငယ်ရည်များသည် အဏုဇီဝပွားများမှုကိုများစွာ အထောက်အကူပြုပါသည်။ ထို့အပြင်နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်နှင့် ပိုတက်စီယမ်ဓာတ်များကိုလည်း တိုးပွားစေပါသည်။ မှိုစိုက်ပြီး ဗေဒါဆွေးများသည် သြဂဲနစ်အကြွင်းအကျန်ပစ္စည်းများအဖြစ် သုံးနိုင်သည်။

မြေဆွေးပြုလုပ်ရာမှာ လိုအပ်သည့်ပစ္စည်းများ

၁။ သြဂဲနစ်ပစ္စည်းအကြွင်းအကျန်များအပြင် ပမာဏနည်းသော်လည်း ဆွေးမြည့်မှုကို အထောက်အကူပြုနိုင်တဲ့ပစ္စည်းများမှာ တိရစ္ဆာန်အညစ်အကြေးများနှင့် ကျင်ငယ်ရည်များ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်စတဲ့ တိရစ္ဆာန်များရဲ့ အညစ်အကြေးများဟာ အဏုဇီဝပွားများမှုကို များစွာအထောက်အကူပြုပါတယ်။ ထို့အပြင် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်နှင့် ပိုတက်စီယမ်ဓာတ်များကိုလည်း တိုးပွားစေပါသည်။

၂။ အမှိုက်များနှင့် မီးဖိုပြာများ၊ ပြာများဟာ ဖော့စ်ဖရပ်နှင့် ပိုတက်စီယမ်ဓာတ်တိုးပွားစေတဲ့အပြင် အဏုဇီဝများတိုးပွားမှုကို အထောက်အကူပြုပါသည်။

၃။ ပျိုးခင်းမှာ အသုံးပြုတဲ့မြေများ၊ ပျိုးခင်းမြေများမှ အဏုဇီဝများရှိပြီးဖြစ်တဲ့အတွက် မြေဆွေးကျင်းအဏုဇီဝများ လျင်မြန်စွာ ရောက်ရှိစေပါသည်။

၄။ ဓာတ်မြေသြဇာများ နိုက်ထရိုဂျင်ဓာတ်မြေသြဇာ ထည့်ပေးခြင်းဖြင့်နှံစားသီးနှံပင်အကြွင်းအကျန်များကို လျင်မြန်စွာဆွေးမြည့်စေပါသည်။ ဖော့စ်ဖရပ်ဓာတ်မြေသြဇာသည် အဏုဇီဝတိုးပွားမှုကို အထောက်အကူပြုပါသည်။

၅။ အမှိုက်များနှင့် မီးဖိုပြာများပြာများ၊ ထမင်းရည်သည် ဖော့စ်ဖရပ်နှင့် ပိုတက်စီယမ်ဓာတ်တိုးပွားစေသည့်အပြင် အဏုဇီဝများတိုးပွားမှုကို အထောက်အကူပြုပါသည်။ သစ်ရွက်ခြောက်များကို ၂၀% ထက်ပိုအသုံးမပြုသင့်ပါ။ ဆွေးမြည့်နှုန်းကို ပို၍ ကြာစေနိုင်ပါသည်။

၆။ မြေပေါ်ပုံနည်းနှင့် ကျင်းဖြင့်ပုံနည်းများတွင် လိုက်နာရန်အချက်များ မြေဆီလွှာထိန်းသိမ်းပုံနှင့် သီးနှံအထွက်တိုးစေရန်မြေဆွေးနှင့်အတူ အခြားမြေဆီလွှာထိန်းသိမ်းနည်း၊ သီးနှံစိုက်ပျိုးနည်းစနစ်စတာတွေနှင့် တွဲဖက်အသုံးပြုပါ။ 

နည်းပညာများကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ (ငြိမ်း) ဒေါ်မြမြ၏ အိမ်နှင့်ကျောင်းဥယျာဉ်ခြံတည်ထောင်ခြင်း နည်းပညာလက်စွဲ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်