ရော်ဘာစိုက်တောင်သူများအား ပက်စတာလိုသိရော့စစ်ရွက်ကြွေရောဂါအကြောင်း အသိပေးတင်ပြခြင်း

18/12/2019 18:30 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

ရော်ဘာစိုက်ခင်းများ၊ ပျိုးခင်းများကိုထိခိုက်သည့် Pestalotiopasis ၁၉၇၅ ခုနှစ်တွင် မလေးရှားနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ရောဂါကျမှု ပြင်းထန်ကာ ( outbreak ) ပြီးယနေ့ကာလတွင် ကမ္ဘာ့ရော်ဘာထုတ်လုပ်မှု အများဆုံးဖြစ်သော ထိုင်းနှင့် အင်ဒိုနီးရှား အပါအဝင် အိန္တိယ၊သီရိင်္လကာ၊ မလေးရှားစသည့် နိုင်ငံ (၆) နိုင်ငံတွင် ရောဂါကျရောက်လျက်ရှိပါသည်။ရော်ဘာပျိုးခင်း၊ ကိုင်းပွားခင်းနှင့်စိုက်ထိန်းပင်နှင့် အပင်ကြီးများ တွင်လည်း ကျရောက်လျက်ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၁၆ ခုနှစ်၌ စတင်တွေ့ရှိရပြီး  ၂၀-၄၅ % ခန့် အထွက်ကျဆင်းသည်ကို တွေ့ရှိရပါသည်။ မလေးရှားနိုင်ငံ တွင် စတင်တွေ့ရှိရပြီးရောဂါကြောင့်၉၀ % ရွက်ကြွေမှုရှိသည်ကို တွေ့ရပါသည်။

ထိုင်းနိုင်ငံတွင် ၂၁၀၉ ခုနှစ် စက်တင်ဘာလတွင် Narathiwat ပြည်နယ်တွင် ရောဂါ ပြင်းထန်စွာ စတင်ဖြစ်ပွား လာပါသည်။ရွက်ကြွေခြင်းတွင်  Pestalotiopsis မှိုအပြင် Colletotrichum မှိုပါပူးတွဲကျရောက် သည်ကို ဖော်ပြထားပါသည်။ ထိုင်းနိုင်ငံ Narathiwat ပြည်နယ်တွင် မြန်မာနိုင်ငံ၏ ရော်ဘာ စိုက်ပျိုးမှု အများဆုံးဖြစ်သော တနင်္သာရီတိုင်း၊  မွန်ပြည်နယ်နှင့် နီးကပ်စွာ တည်ရှိနေသည့် အတွက် အထူးအလေးထားရမည့် ရောဂါဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော မလေးရှားနိုင်ငံတွင် ၂၀၁၇ ခုနှစ်တွင် စတင်တွေ့ရှိရပြီး  ရောဂါကြောင့် ၉၀% ရွက်ကြွေမှုရှိသည်ကို တွေ့ရပါသည်။ မလေးရှားနိုင်ငံတွင် ၂၀၁၇ မှ ၂၀၁၉ တွင် ပြုလုပ်သော ရောဂါကျရောက်မှု စစ်တမ်းအရ ရော်ဘာမျိုးများ၏ ရောဂါပြင်းထန်မှုကုကိ ဖော်ပြထားပါသည်။ တောင်ပေါ်နှင့်မြေပြန့် ကို လိုက်၍ ရောဂါပြင်းထန်မှုမှာ အနည်းငယ်ကွာခြားနိုင်ပါသည်။

ထိုသို့ပြင်းထန်စွာကျရောက်တတ်သော ရောဂါဖြစ်သဖြင့် မြန်မာနိုင်ငံတဝှမ်းရှိ ရော်ဘာ စိုက်ခင်းများသို့ ကူးစက်ခြင်းမရှိရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၏  ၂၅.၁၁.၂၀၁၉ ရက်စွဲပါစာအမှတ်၊PPD- ၀၁/၂၀၁၉ (၆၈၁) ဖြင့် နှိုးဆော်စာများထုတ်ပြန်ပြီး ကာကွယ်ရေးနှင့်ပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ နှစ်ရှည်သီးနှံဌာနခွဲနှင့် ပြည်နယ်တိုင်းဒေသကြီးများ ပူးပေါင်းလျက် Pestalotiopsis leaf fall (ပက်စတာလိုသိရော့စစ်ရွက် ကြွေရောဂါ) မှိုရောဂါကျရောက်မှုနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးမည့် အစီအစဉ်များကို အောက်ပါနေ့ရက်များတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာဒေသရှိ ရော်ဘာစိုက်ပျိုးသူ  တောင်သူများ နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပါသည်။

တိုင်း​ဒေသကြီး/ပြည်နယ်များတွင် Pestalotiopsis leaf fall(ပက်စတာလိုသိရော့စစ် ရွက်ကြွေရောဂါ) မှိုရောဂါကျရောက်မှုနှင့် ပတ်သက်၍  အသိပညာပေး  ဆွေးနွေးပွဲများ ကို အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ရော်ဘာစိုက်ပျိုးရာ ဒေသများအတွက် အသိပညာပေး  ဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိ ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သတင်းရရှိပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်