ဗုဒ္ဓဟူးနေ့ပါဗျို့…
အဖြေမှန်တွေသိရမယ့် ကံကောင်းတဲ့နေ့လေးဖြစ်သလို ဒီနေ့ကတော့ “ကမ္ဘာမြေနေ့” ပါတဲ့နော်
ဒီနေ့မှာ တစ်ကမ္ဘာလုံးက ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးကို အသိအမှတ်ပြုပေးပြီး သူ့ကျေးဇူးဂုဏ်တွေကို ထုတ်ဖော်ပြကြလေ့ရှိပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် အဖြေမှန်ကလည်း ကမ္ဘာမြေအတွက် အကျိုးပြုနေတဲ့ ဝါးပင် လေးဖြစ်နေပါတယ်။
(ဝါးပင်တွေက ကမ္ဘာမြေအတွက် ဘယ်လိုကောင်းလဲ သိချင်ရင်တော့ အစိမ်းရောင်လမ်းဆော့ဝဲမှာ တင်ထားတာတွေရှိပါတယ်နော်)
ဒီတစ်ပတ်ရဲ့ ကံထူးသူတွေကတော့
Saw Sa Hto Hwar
မင်းထက်
ဦးအောင်ညွန့်
အောင်ကြိုင်
Ko Nyan Htwe
Ko Zay Yar
ဦးမိုးဇော်
နိူင်စိုးလင်း
ရွှေရိုူ
ဒေါ်ခင်စန်းမော် တို့ပဲဖြစ်ပါတယ်။
ကဲ...ကံထူးသူတွေရော ဖြေဆိုသူအားလုံးရော ကျန်းမာပျော်ရွှင်ကြပါစေနော်။
ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်တဲ့ စိုက်ပျိုရေးသမားတွေလည်း ဖြစ်နိုင်ကြပါစေလို့ အစိမ်းရောင်လမ်းက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
နောက်တစ်ပတ် ပဟေဠိလေးကို အတူရင်ခုန်လိုက်ရအောင်…
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more