ပဟေဠိ အသစ်လေးလာပါပြီဗျို့???
??အဖြေမှန်တွေ ပေးပို့ပြီး ဖုန်းဘေကံစမ်းကြမယ်??
ပဲ လို့မအော်တဲ့ ဆိတ် သတ္တဝါလေးကို သိရင်တော့ Green Way ဆော့ဝဲထဲက အကြံပြုရန်မှာ အခုပဲဖြေဆိုပြီး ပို့လိုက်ပါတော့။
အဖြေမှန်သူတွေထဲကမှ ၁၀ ယောက်ကတော့ ဖုန်းဘေလက်ဆောင်တွေရရှိမှာဖြစ်ပြီး ကျန်တဲ့သူတွေအားလုံးကတော့ မင်မင်ပေးတဲ့ စကားလက်ဆောင်လေးတွေရကြမှာပါ။
အရှုံးမရှိ အမြတ်ချည်းရစေမယ့် ဒီအစီစဉ်လေးကို Green Way ပရိတ်သတ်ကြီးလည်း သဘောကျလိမ့်မယ်လို့ ယုံကြည်ပါတယ်နော်။
ဖြေဆိုရမယ့် နေရာလေးကို ပုံမှာပြထားပါတယ်နော် အမျိုးတို့ ....
?ဆော့ဝဲထဲက လူရုပ်ပုံလေးကို နှိပ်
?အပေါ်အောက် နဲနဲဆွဲကြည့်လိုက်ပါ
?စာထည့်လို့ရတဲ့ အကြံပြုရန် နေရာလေးကိုတွေ့ရမှာပါ။
အဖြေမှန်လေးရေးပြီး ပေးပို့မည်ကို နှိပ်လိုက်ပါ။
ပျော်ရွှင်ရယ်မောရင်းနဲ့ စိုက်ပျိုးရေးတွေလုပ်ကိုင်နိုင်ကြပါစေ
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်