ပဟေဠိ အသစ်လေးလာပါပြီ
အဖြေမှန်တွေပေးပို့ပြီး ဖုန်းဘေကံစမ်းကြမယ်
အဖြေမှန်လေးကို သိရင်တော့ အစိမ်းရောင်လမ်းဆော့ဝဲထဲက အကြံပြုရန်မှာ သွားရောက်ဖြေဆိုလိုက်ပါ
ဖြေဆိုနည်း
-အစိမ်းရောင်လမ်းဆော့ဝဲထဲဝင်
-ညာဘက်အောက်ဆုံးဒေါင့်လေးက လူရုပ်ပုံလေးကိုနှိပ်
-စခရင်ကို အပေါ်ဆက်ဆွဲလိုက်ပါ
- အကြံပြုရန်ကို စာတိုက်ပုံးပုံလေးနဲ့တွေ့ရမှာပါ( ပုံမှာလည်း ပြထားပါတယ်နော်)
ကဲ...ဖြေဆိုနည်းလေးသိပြီ ဆိုတော့ အခုပဲ ဆော့ဝဲထဲကို ဝင်ပြီး ကံစမ်းလိုက်ပါ။
ကံထူးသူ (၁၀)ယောက်ကတော့ ဖုန်းဘေလက်ဆောင်ရရှိမှာဖြစ်ပြီး ဖြေဆိုသူအားလုံးကတော့ မင်မင်ပေးတဲ့ စကားလက်ဆောင်တွေရမှာနော်။
*အရှုံးမရှိ ပျော်စရာကောင်းတဲ့ အစီစဉ်လေးကို အစိမ်းရောင်လမ်းမှာ ဗုဒ္ဓဟူးနေ့တိုင်းပြုလုပ်နေပါတယ်*
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်