ဂျပန်နိုင်ငံတွင် မဟာဘွဲ့အတွက် ပညာသင်သွားရောက်နိုင်မည့် အခွင့်အရေး

07/01/2017 10:45 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
ADB (Asian Development Bank) ရဲ့ ရန်ပုံငွေ ထောက်ပံ့မှုနဲ့ ဂျပန်နိုင်ငံမှာ သွားရောက် ပညာသင်ကြားရမည့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ သွားရောက် သင်ကြားရမည့် တက္ကသိုလ်မှာ Nagoya University ဖြစ်ပြီး အချိန်ကာလ ( ၂) နှစ် ကြာမြင့်မည် ဖြစ်ပါတယ်။ လျှောက်ထားရမည့် ဘာသာရပ်မှာ Rural Development (ကျေးလက်ဒေသဖွံ့ဖြိုးရေး) သို့မဟုတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆက်စပ်သော စီးပွားရေး ဘာသာရပ်များကို ရွေးချယ်ရမည် ဖြစ်ပါတယ်။ 
 
ယခုအစီအစဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ဝင်ခွင့်အတွက် ခေါ်ယူခြင်း ဖြစ်ပါသည်။
 
လျှောက်လွှာများအားလုံးကို သတ်မှတ်ရက်ထက် နောက်မကျစေပဲ တစ်စုတစ်စည်းတည်း ပို့ရမည် ဖြစ်ပါသည်။
 
လျှောက်ထားရန် စိတ်ပါဝင်စားသူများ အနေဖြင့် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲများ ( IELTS, TOEIC, TOEFLE အစရှိသည်) ကို ဖြေဆိုထားပြီး ဖြစ်ရပါမည်။
 
လျှောက်လွှာများကို  ဆရာမ ဒေါက်တာခင်လေးဆွေ ဆီမှ တစ်ဆင့် သက်ဆိုင်ရာ ဌာနဆီသို့ ၂၀၁၇ ခုနှစ်  ဂျူလိုင်လ ၆ ရက် နောက်ဆုံးထားပေးပို့ရပါမည်။
 
ထပ္မံသိရွိလိုပါက http://www.gsid.nagoya-u.ac.jp/global/index-en.html တွင်  ကြည့်ရှူနိုင်ပါသည်။
 
ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အတွေ့အကြုံ အနည်းဆုံး (၂) ရှိရမည်။
 
ဤအစီအစဉ်အတွက် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲ ရမှတ် သည် အရေးကြီးပါသဖြင့် ဖြေဆိုပြီးသူများသာ AUAA (Agricultural University Alumni Association) မန္တလေးရုံးခွဲ ဥက္ကဌ ဒေါက်တာခင်လေးဆွေထံသို့ (khinlays2010@gmail.com ) မိမိ ကိုယ်ရေး အချက်အလက်ကို ပေးပို့လျှောက်ထားရမည် ဖြစ်ပါတယ်။ ဆရာမကြီးမှ လျှောက်ထားသူများကို စီစစ်ပြီး ပြန်လည် ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။
 
 
GreenWay 

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်