မင်္ဂလာနံနက်ခင်းမှာ အစိမ်းရောင်လမ်းကတောင်သူတွေအတွက်
သတင်းကောင်းပို့စ်လေး အပြေးလာတင်ပေးလိုက်ပါတယ်ရှင့်.. 😍
🌾 အဲ့တာကတော့ မိုးစပါးအထွက်ကောင်းဖို့အတွက် မြေဆီလွှာစီမံခန့်ခွဲနည်းနှင့် စက်ပစ္စည်း ရွေးချယ်ဝယ်ယူနည်း သင်တန်းအတွက် အမှန်တကယ်မိုးစပါးစိုက်ပျိုးပြီး နည်းပညာလိုအပ်သူများကို ပညာသင်ဆု (၁၀) ဆု ပေးပါမယ်ဆိုတာကို ပြန်လည်ကြေညာပေးလိုက်တာဖြစ်ပါတယ်
ဒါပေမဲ့
ရွေးချယ်ဖို့အတွက် လျှောက်လွှာများကို ပညာသင်ဆု ပေးအပ်ရန်အတွက် ဖတ်ကြည့်ရာမှာ တိုင်းဒေသအသီးသီးက တောင်သူအားလုံးဟာ အမှန်တကယ်လိုအပ်နေကြောင်း ခံစားမိတဲ့အတွက် လျှောက်ထားသူ ၁၉ ယောက်လုံးကို ပေးအပ်လိုက်ကြောင်းလည်း ဝမ်းမြောက်ဝမ်းသာ ကြေညာပေးချင်ပါတယ်။
မိခင်ကြီး ဒေါ်ခိုင်ခိုင်ကို ရည်စူးပြီး ပညာသင်ဆုပေးအပ်တဲ့ ဆရာမ ဒေါ်Thein Thein Aung လည်း စိတ်ချမ်းသာကိုယ်ကျန်းမာကာ တောင်သူအကျိုးကို နှစ်ပေါင်းများစွာဆောင်ရွက်နိုင်တာကို မိခင်ကြီးလည်း ကြည်နူးကာ ကောင်းရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေလို့ အစိမ်းရောင်လမ်းမိသားစုကလည်း မေတ္တာပို့ဆုတောင်းလိုက်ရပါတယ်ရှင် 🙏
တောင်သူတွေအတွက်လည်း အကျိုးရှိတဲ့ သင်တန်းတစ်ခုဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်..
ဒါဆို အစိမ်းရောင်လမ်းက သင်တန်းတက်ရောက်ကြမယ့် ဦးကြီးဒေါ်ကြီးတို့နဲ့ ဒီနေ့ ည ၇ နာရီ Zoom Platform မှာ ဆုံတွေ့ကြပါမယ်နော် 🌾🌾


Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more