ရေငန်ပုစွန်ကျားသားပေါက် အသေအပျောက်နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ

17/11/2023 15:00 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

ရေငန်ပုစွန်ကျားမွေးမြူရာတွင်

  • တစ်ကန်လျှင် ၅ ဧက မှ ၂၀ ဧကသည် အသင့်တော်ဆုံးဖြစ်သည်။
  • ကန်အတွင်း မဖောက်ထုံးများကိုပြန့်နှံ့အောင်ပက်ဖြန်းပေးရမည်။
  • ကန်အတွင်းသဘာဝ၊ သက်ရှိအစာကြွယ်ဝစေရန် နွားချေးနှုန်းကြက်ချေများကန်အနှံ့အပြား၊ ပက်ဖြန်းပေးထားရမည်။
  • နွားချေး၊ ကြက်ချေးများမရနိုင်လျှင် ဓာတ်မြေဩဇာတစ်မျိုးဖြစ်သော တီစူပါကို တစ်ဧက လျှင် ၅၀ ကီလိုနှုန်းဖြင့် ပက်ဖြန်းပေးရမည်။
  • တစ်ပတ်မှနှစ်ပတ်ခန့်ကြာမြင့်လာပါက ကန်ရေသည် အစိမ်းရောင်တက်လာပြီး ရေဩဇာများကြွယ်ဝလာကာ ရေဩဇာအကောင်းဆုံးကန်ဖြစ်ပါမည်။
  • ကန်ဘောင်၏ အမြင့်ကိုဒီရေအမြင့်ဆုံးထက် ၁' (သို့)၁' ခွဲခန့်အမြင့်ပြုလုပ်ထားသင့်သည်။

ရွေးချယ်ထားသော ကန်မြေနေရာသည် သဘာဝမှ စီးဆင်းလာသော ရေချိုရေငန်စပ်ဖြစ်၍ ရိုးချောင်းများ၊ ချောက်လက်တက်များရှိနေပါက ကန်ရေသည် ပိုမိုကောင်းမွန်နိုင်ပါသည်။ လဆန်း၊ လဆုပ်၊ ခေါင်ရေအချိန်မျိုးတွင် ရေများသည် ကန်၏ ရေဝင်ပေါက်ဂိတ်မှ ဝင်ရောက်နိုင်ပြီး၊ ရေကျချိန်တွင်ရေများ ပြန်မထွက်နိုင်ရန်၊ ဂိတ်များကို အကာများတပ်ဆင်ပြီး ပိတ်ထားရမည်။ ကန်ဘောင်အမြင့်အလယ်လောက်မှရေထွက်ပေါက်တစ်ခုထားရှိပြီး ၎င်းရေလျှံပေါက်မှ ရေများထွက်နိုင်ရန်ပြုလုပ်ထားပြီး ၎င်းရေလျှံပေါက်ကို ပိုက်များဖြင့် တပ်ဆင်ထားရမည်။

ပုဇွန်ကျားသားပေါက်ထည့်သွင်းရာတွင်လည်း

  • သဘာဝမှရရှိသော ပုစွန်သားပေါက်ဖြစ်စေ၊ သားပေါက်စခန်းမှထုတ်လုပ်သည့် သားပေါက်များဖြစ်စေ၊ ထည့်သွင်းမွေးမြူနိုင်သည်။
  • ပုစွန်သားပေါက်အရွယ်အစားညီဖို့ လိုအပ်ပါသည်။ ပုစွန်သားပေါက်သက်တမ်း 18 ရက် သား (သို့) 25 ရက်သားမျိုးရရှိပါက ပိုမိုကောင်းမွန်ပါသည်။
  • ရေချိုရေငန်စပ်၊ လမုတောများရရှိနိုင်သော ပုစွန်ကျားအရွယ်စား 3"/ 4" ရရှိပါက ပိုမိုကောင်းမွန်၍ ကုန်ထုတ်အလေးချိန်မှာ အချိန်အတိုအတွင်းရရှိနိုင်သည်။ ပျမ်းမျှ (8) လ သက်တမ်းအထိကုန်ထုတ်ရန်မွေးမြူနိုင်ပါသည်။ တစ်ကောင်၏ ပျမ်းမျှအလေးချိန်မှာ 30gm မှ 40gm ထိရရှိနိုင်သည်။
  • ထည့်သွင်းရမည့်သားပေါက်ကောင်ရေမှာ- တစ်ဧကမှာ- ၂၀၀၀၀ မှ ၃၀၀၀၀ ထိ ထည့်သွင်းမွေးမြူနိုင်သည်။
  • ရေငန်နှုန်းများ25 မှ 30 ppt ရှိရန်လိုအပ်သည်။ ရေငန်ဝင်ရောက်သည့် မြစ်၊ ချောင်းလက်တက်အနီးတွင်ရှိသော မွေးမြူရေးကန်များဖြစ်ပါက အငန်နှုန်းများ ကောင်းစွာရရှိနိုင်ပါသည်။
  • ပုစွန်သားပေါက်များ ထည့်မည်ဆိုလျှင် နံနက်စောစော (သို့)ညနေပိုင်းနေအေးချိန်ပိုမို ကောင်းမွန်ပါသည်။
  • ပုစွန်သားပေါက် သယ်ယူလာသောအိတ်များကို မွေးမြူရေးကန်အတွင်းတွင် 15 မိနစ် ခန့်မျှောထားရမည်။
  • ပုစွန်ထည့်ထားသောအိတ်မှ အပူချိန်နှင့် ကန်အတွင်းရှိရေ၏ အပူချိန်တူညီလာပါက အိတ်ထဲမှ ပုစွန်သားပေါက်များကို ကန်ရေထဲသို့ တဖြည်းဖြည်းချင်းလွှတ်ပေးရမည်။

ထိုအချက်အလက်များဖြင့် ပုစွန်သားပေါက်ထည့်သွင်းခြင်းသည် အကောင်အသေအပျောက်နည်းကြောင်းတွေ့ရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Marlarmyaing Public Company Limited ကြော်ငြာ
ပဲခင်းထဲ ပဲမများဘဲ ပေါင်းများနေရင်တော့မဟုတ်သေးဘူးလေ။ ပေါင်းရှင်းရင်လည်း ရှင်းနည်းကလည်းမှန်ဖို့လိုသေးတယ်ဗျာ။ ပဲမျိုးစုံ၊ပဲပုတ်၊ပဲတီစိမ်း၊မတ်ပဲ၊ကုလားပဲ၊ပဲလွန်းဖြူ၊မြေထောက်ပဲတွေမှာ ကျရောက်တဲ့ တစ်နှစ်ခံနှင့်နှစ်ရှည် မြက်တွေကို သီးနှံစိုက်ပြီး (၁၀-၂၀) ရက် (သို့) ပေါင်းအရွက် (၂-၃)ထွက်ချိန်အတွင်း အမ်ကွင်း (Quizalofop-p-ethyl 10%EC) ကို အသုံးပြုနိုင်ပါတယ်။ ရွက်ပြန့်ပေါင်းတွေအတွက်ဆိုရင်တော့ သီးနှံစိုက်ပြီး (၁၄-၂၈) ရက် (သို့) ပေါင်းအရွက် (၂-၄)ထွက်ချိန် အမ်ကင်း (Fomesafen 25%SL) ကို ပက်ဖျန်းနိုင်ပါတယ်ဗျာ။ ပေါင်းသတ်ဆေး အာနိသင် ထိရောက်စေဖို့ 📌နေပြင်းချိန်မှာ ဆေးမဖျန်းဖို့ သတိပြုရပါမယ်။ 📌ဖော်ပြထားတဲ့ ဆေးညွှန်းနှုန်းထားအတိုင်းသာ အသုံးပြုပေးရပါမယ်။ မာလာမြိုင်ကတော့ တောင်သူတိုင်းပဲများနိုင်အောင် နည်းမှန်လမ်းမှန်တွေညွှန်းပေးလိုက်ပါပြီ။ တောင်သူတွေဘက်ကလည်း မှန်မှန်ကန်ကန်လိုက်နာမယ်ဆို ပဲများဝေဆာပြီး လူကြားထဲ မျက်နှာပန်းလှနေမှာပဲဗျို့။ Hotline ဖုန်းနံပါတ်☎️𝟬𝟵 𝟳𝟵𝟵 𝟵𝟵𝟯 𝟯𝟮𝟮 မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်