ရှာဖွေမှုစနစ်ပါတဲ့ ဗားရှင်းမြှင့်ပြီးပြီလား

27/12/2018 05:33 AM တွင် Thein Soe Min Thein Soe Min မှ ရေးသား

အစိမ်းရောင်လမ်းမှာ ကျွမ်းကျင်ပညာရှင် ဆရာကြီး၊ဆရာမကြီးများ ရေးသားထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာများကို အစုံအလင်ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ အစိမ်းရောင်လမ်းက အခုအဆင့်မြှင့်တင်လိုက်တဲ့ ဗားရှင်းမှာ ရှာဖွေလို့ရတဲ့ စနစ်ကို ထည့်သွင်းထားပါတယ်။ တောင်သူများအနေနဲ့ သိချင်တာတွေကို အပေါ်ညာဖက်ထောင့်က ဒီပုံလေးကို ?နှိပ်ပြီး သိချင်တွေကို ရိုက်ထည့်ပြီးရှာဖွေနိုင်ပါတယ်။ (ဥပမာ - သဘာဝမြေသြဇာ၊ ဘိုကာရှီ၊ ကညွတ်စိုက်ပျိုးနည်း) 

https://greenwaymyanmar.com/uploads/image/December2018/GQj6EtJUQsIxRIKo9UjmYUoKIaE1Bz0O0KtF7H5Q.png

သိချင်တာတွေကို ရိုက်ထည့်လိုက်တာနဲ့ ဆောင်းပါး (နည်းပညာ)၊ အမေးအဖြေနဲ့ စာအုပ်စင်ကဏ္ဍတွေမှာရှိတဲ့ သက်ဆိုင်တဲ့ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဗဟုသုတများကို စာမျက်နှာအလိုက်ခွဲပြီး ဖော်ပြထားပါတယ်။ ဆိုတော့ အချိန်တိုအတွင်းမှာ ရှာဖွေပေးနိုင်တာကြောင့် အချိန်ကုန်သက်သာပြီး လိုချင်တာကို အမြန်ဆုံးရှာဖွေပေးနိုင်ပါပြီ။ 

ဗားရှင်းမြှင့်လိုက်ရုံပါပဲ။ 

ဗားရှင်းမြှင့်မယ်ဆိုရင် ဆော့ဝဲဖွင့်တဲ့အချိန်မှာ ပေါ်လာတဲ့ စာမျက်နှာပေါ်က ခလုပ်ကို နှိပ်ပြီး အဆင့်မြှင်လိုက်ရုံပါပဲနော်။ အခက်အခဲရှိရင် အစိမ်းရောင်လမ်း အဖွဲ့သားတွေကို ဆက်သွယ်လိုက်ပါ။ 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်