စိုက်ပျိုးရေးသုံးအရောင်းပြပွဲမှာ လယ်ထွန်စက်ပစ္စည်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်

10/06/2019 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စတုတ္တအကြိမ်မြောက် မန္တလေးမြို့ နိုင်ငံတကာ မွေးမြူရေးနှင့်စိုက်ပျိုးရေးပြပွဲမှာ လယ်ထွန်စက်ပစ္စည်းများကို မန္တလေးကွန်ဗင်းရှင်းစင်တာမှာ အရစ်ကျစနစ်ဖြင့်ပါ ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

မန္တလေးနဲ့ အထက်မြန်မာပြည်မှာရှိတဲ့ တောင်သူများအတွက် လယ်ထွန်စက်ပစ္စည်းများကို ကျယ်ကျယ် ပြန့်ပြန့်သိရှိစေနိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့  ပွဲစီစဉ်သူ ဦးဇာနည် က ပြောပါတယ်။

“ မန္တလေးမှာရှိတဲ့ စိုက်ပျိုးရေးတောင်သူတွေ အထက်ဗမာပြည်မှာရှိတဲ့ တောင်သူတွေကို နည်းပညာအသစ်တွေနဲ့ ထွန်စက်ပစ္စည်းအသစ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပိုပြီးတော့ သိရှိစေနိုင်အောင်လို့ ကျင်းပပြုလုပ်တာပါ။ ဒီနှစ်ဆို  မန္တလေးမှာကျင်းပတာ လေးကြိမ်မြောက်ရှိသွားပါပြီ”

လယ်ထွန်စက်ကုမ္ပဏီပေါင်းစုံမှ တောင်သူများ အကြိုက်များတဲ့ ထွန်စက်အမျိုးမျိုး၊ ရိတ်သိမ်းခြွေလှေ့စက်များ ၊ ထွန်စက်များ၊ ထယ်စက်များကို လက်ငင်း (သို့မဟုတ်)အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါ မန္တလေး နိုင်ငံတကာမွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲနဲ့အတူ ၂၀၁၉ စိုက်ပျိုးရာသီ လယ်ယာသုံးစက်ပစ္စည်း အထူးအရောင်းပွဲတော်ကြီးကို မန္တလေးကွန်ဗင်းရှင်းစင်တာမှာ နံနက် (၉)နာရီမှ ညနေ(၆) နာရီထိ ကျင်းပသွားမှဖြစ်ကြောင်း သိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်