ဆိုးဝါးပြင်းထန်စွာ ကျရောက်နေပြီဖြစ်သည့် တူတာရွက်ထွင်းပိုး

24/03/2020 17:00 PM တွင် ကိုအံ့ထက်ကျော် ကိုအံ့ထက်ကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သိပ္ပံအမည် ... Tuta absoluta

ယေဘုယျအမည်  ... Tomato leafminer

နိုင်ငံတကာယေဘုယျအမည် .. English South American Tomato moth

မူရင်းဒေသ

    တောင်အမေရိကမှစတင်ကာ နိုင်ငံ ၁၀၀ ကျော်ထိ ပြန့်နှံ့လာပြီး  အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ စတင်ကူးစက် ပြန့်နှံ့လာပြီ ဖြစ်သည်။

ကျရာက်မူ အခြေအနေ

    တူတာရွက်ထွင်းပိုးသည် ခရမ်းချဉ်တွင် အဓိကကျရောက်ပြီး အာလူး၊ ပဲမျိုးရင်းဝင်များ မုန်လာမျိုးရင်းဝင်များတွင် ကျရောက်ပြီး ထိရောက်စွာ မနှိမ်နင်းနိုင်ပါက အထွက်နှုန်း ၅၀ % မှ ၁၀၀ % ထိ ထိခိုက်ဖျက်ဆီးနိုင်သော ပိုးဖြစ်သည်

ဖျက်ဆီးနိုင်မူအခြေအနေ

    အပင်၏အစိတ်အပိုင်းအားလုံးတွင် ဆိုးဝါးပြင်းထန်စွာ ကျရောက်ဖျက်ဆီးပြီး မျိုးပွားမှုနှုန်း အလွန်မြန်သဖြင့် နှိမ်နင်းရန်ခက်ခဲသောပိုးအဖြစ် ပျိုးပင်ဘဝမှ စတင်ကာ အပင်သက်တမ်းကုန်ဆုံးသည်ထိ ကျရောက်နိုင်သည်။

မျိုးဆက်ပြန့်ပွားမူ

    တစ်နှစ်လျှင် ၁၀-၁၂ ထက်ထိ မျိုးပွားနိုင် မိတ်လိုက်နိုင်ပြီး ၁ - ၂ ရက်ဝန်းကျင်တွင် ဥစဖြစ်ပြီးအမတစ်ကောင်လျှင် ဥ ၂၆၀ ထက်ဥနိုင်သည်။ ဘဝစက်ဝန်းကြာချိန်မှာ ရာသီဥတုပေါ် မူတည်ပြီး  ၂၄ ရက် မှ ၃၈ ရက်ထိရှိသည်။ ၂၆ ဒီဂရီဆဲဆီးရပ်စ် ၃၀ ဒီဂရီဆဲဆီးရပ်စ် တွင်ပေါက်ဖွားမှုနှုန်း ပိုမြန်သည်။

    တူတာ ရွက်ထွင်းပိုး၏ဥသည် အများအားဖြင် ဘဲဥပုံသဏ္ဌာန်ရှိပြီး နို့နှစ်ရောင်မှ အဝါရောင်ဖျော့ဖျော့ထိ ရှိသည်။ သန္ဓေစဖြစ်မည်ဆိုပါက ဥသည် မဲနက်လာသည်။

လောက်ကောင်

    လောက်ကောင်သည် စားသောက်သည့် အစားအသောက်ပေါ်မူတည်ပြီး စိမ်းဖန့်ဖန့်ရောင်မှ ပန်းရောင်ဖျော့ဖျော့ ရှိသည်။ ပိုးတုံးလုံးမှာ လောက်ကောင်ထက် အရောင်ပိုဖျော့သည်။ လောက်ကောင်သည် အရွက်၊ အညွန့်နှင့် အသီးတို့ကို ဖျက်ဆီးစားသောက်သည်။

အရွယ်ရောက်ပြီးအကောင်

    အရွယ်ရောက်ပြီးအကောင်သည် ၁၀ မီလီမီတာခန့်ရှည့်လျားပြီး မီးခိုးရောင်ဖျော့ဖျော့အကြေးခွံရှိသည်။ ရာသီဥတု အခြေအနေများပေါ်မူတည်ကာ မီးခိုးရောင်ဖျော့ဖျော့ကနေ မီးခိုးရောင်ရင့်ရင်ကို လှည့်ပတ်ပြောင်းလဲနေတတ်သည်။

လောက်ကောင်များ၏ ဖျက်ဆီးမှုအခြေအနေ 

    လောက်ကောင်သည် အရွက်၏ နှစ်လွှာကြားရှိ အစိမ်းရောင်အလွှာကို ခြစ်ယူစားသောက်ပစ်သည်။ အရွက်ပေါ်တွင် ကြီးမားသိသာထင်ရှားသော အကွက်များမှ တစ်ရွက်လုံးထိ ဖျက်ဆီးစားသောက်ပစ်ပြီး အဆိုပါ ပုံသဏ္ဌာန်မမှန်သော လမ်းကြောင်းများသည် အစာချက်လုပ်မှုကို ဆိုးဝါးစွာ လျှော့နည်းစေသလို ရောဂါဝင်ရောက်မူကိုလဲ လျှင်မြန်စွာ ဖြစ်ပေါ်စေသည်။

အသီးပေါ်တွင် ဖျက်ဆီးခြင်း

    အသီးခပ်နုနုအနေအထားတွင် စားသောက်ဖျက်ဆီးပစ်တတ်ကြသည်။ အပေါက်ငယ်လေးများ အသီးများ ပုံသဏ္ဌာန်မမှန်ခြင်းဖြစ်ပေါ်ပြီး ခရမ်းချဉ်အထွက်နှုန်းကို ဆိုးဝါးစွာ ထိခိုက်စေသည်။ ယခုအချိန်တွင် ခရမ်းချဉ် အချိန် ၁၀၀ ခူးပါက အချိန် ၂၀ ပင် အကောင်းမရသောအခင်းများ စတင်တွေ့ရပြီး ကြိုတင်ကာကွယ်နှိမ်နင်းမှုမရှိပါက စီးပွားရေးထိခိုက်နိုင်သည်ထိ ဖြစ်နေသည်။

ဘက်စုံဖျက်ပိုးများကို စီမံခန့်ခွဲခြင်း

Tuta ရွက်ထွင်းပိုး ကျရောက်ပါက ဖြေရှင်းရန်နည်းလမ်းများ 

    • ဓာတုဆေးများကို အလွန်အကျွံ အားမကိုးပါနှင့်

    • သီးနှံစိုက်ကွင်းနှင့် ပိုး၏ နောက်ခံအကြောင်းအရင်းများကို စစ်ဆေးရမည်။

    • သီးလှည့်စိုက်ပျိုးရမည်။

    • ပျိုးပင်များကို ဆန်ကာပိုက်ဖြင့် အုပ်ထားရမည်။ အမြဲစစ်ဆေးပါ။

    • ပုလဲမြေသြဇာ လွန်ကဲစွာအသုံးပြုမူကို ရှောင်ရှားရမည်။

    • စိုက်ခင်းကို နေ့စဉ်စောင့်ကြည့်ရမည်။

    • မရွှေ့စိုက်မီ စေးကပ်သောထောင်ချောက်များ ဆွဲဆောင်ဟော်မုန်းများအသုံးပြု၍ စစ်ဆေးရမည်။

    • ပိုးသတ်ဆေးသုံးလျှင် မဖြစ်မနေ ညနေနောက်ကျကျသုံးရန်လိုအပ်သည်။

    • စိုက်ခင်းအခြေအနေ ပြောင်းလဲမူရှိမရှိ အမြဲစစ်ဆေးပါ။

    • အရွက်၊ အသီး၊ အညွန့်၊ ပင်စည်များတွင် ပုံသဏ္ဌာန်မမှန်သော လက္ခဏာများရှိမရှိ အမြဲစစ်ဆေးပါ။

    • ကပ်ခွာထောင်ချောက်များအသုံးပြု၍ အရွယ်ရောက်ကောင်ရှိမရှိ အမြဲစစ်ဆေးပါ။

    • အကောင်ရေကျရောက်မူများပါက ကပ်ခွာထောင်ချောက်အရေအတွက် တိုးထားပါ။

    • ပိုသတ်ဆေးများကို အလွန်အကျွံ ရောစပ်အသုံးပြုခြင်း ရှောင်ကျဉ်ပါ။

    • ဆေးအုပ်စု အလှည့်ကျ သုံးစွဲပါ။

    • အခြေအနေ ဆိုးဝါးစွာဖြစ်ပေါ်လာမှ ဆေးအားမကိုးပါနှင့် ကြိုတင်ကာကွယ်သော နည်းလမ်းကိုအသုံးပြုပါ။

    ဤပိုးသည် ဘက်ပေါင်းစုံဖြေရှင်းသည့်နည်းလမ်းဖြင့်သာ ကာကွယ်နှိမ်နင်းနိုင်ကြောင်း အထူးသတိပြုစေချင်ပါသည်။

ဓာတုဆေးဝါးဖြင့် နှိမ်နင်းခြင်း

    မှတ်ချက် - ဤတူတာရွက်ထွင်းပိုးသည် ဓာတုဆေးဝါးများဖြင့်နှိမ်နင်းသည့် နည်းလမ်းတစ်ခုတည်း အသုံးပြုရုံဖြင့် မရကြောင်း အထူးသတိပြုစေလိုသည်။

ပိုသတ်ဆေးများကိုအလှည့်ကျသုံးစွဲပါ

ဆေးအမည်...

အဘာမက်တင် Abamatin

အီမာမက်တင် ဘန်ဇိုရိတ် Emamectin Benzoate

အင်ဒိုဇာကာဘ် Indoxacarb

ဖလူဘန်ဒိုင်ရာမိုက် Flubendiamide

ကလိုရန်ထရာနီလီပိုး Chlorantranilipole

မီတာဖလူမီဇုန်း Metaflumizone

မီသိုဇီဖီနိုဇိုက် Methoxyfenozide

    အထက်ပါဆေးများသည် IRAC မှအကြံပြုထားသော ဆေးများ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ပိုးသတ်ဆေးများကို မှတ်ပုံတင်ထားခြင်းရှိမရှိ အမြဲစစ်ဆေးပါ။ 

ပိုးကျရောက်လာပါက ဖြေရှင်းရန်နည်းလမ်းများ

    • ရောဂါရအသီးနှင့် အရွက်များကို ဖယ်ရှားဖျက်ဆီးပစ်ခြင်း

    • ပိုမွှားခိုအောင်းနိုင်သော ပေါင်းမြက်များရှင်းလင်းပေးခြင်း

    • မီးထောင်ချောက်များ ဆွဲဆောင်မှုရှိသောဟော်မုန်းများ အသုံးပြု၍ ပိုးထောင်ချောက်များထားရှိခြင်း

    • တမာနှင့် Baccillus Thuringienisis ကဲ့သို့ သဘာဝဆေးများအသုံးပြု၍ နှိမ်နှင်းခြင်း

    • ဓာတုပိုးသတ်ဆေးများဖြင့် အလှည့်ကျ နှိမ်နင်းပေးခြင်း

    • သဘာဝမြေသြဇာများကို များများအသုံးပြုပါ

    • ‌ဓာတုဆေးဝါးများကို လိုအပ်မှသုံးစွဲပါ

    • ‌ရောဂါရ ပင်ကြွင်းပင်ကျန်အစိတ်အပိုင်းများအား ဖယ်ရှားရှင်းလင်း ဖျက်ဆီးပစ်ပါ

    • ‌ကျန်းမာသန်စွမ်းသော ပျိုးပင်များကိုသာ ဖန်တီးပါ

    • ကောင်းမွန်စွာ မြေကို ထွန်ယက်စိုက်ပျိုးပါ

    • မြေသြဇာနှင့် ပိုးသတ်ဆေးများကို မှန်ကန်စွာအသုံးပြုပါ

    • သီးလှည့်စိုက်ပျိုးခြင်းသည် ပိုးမွှားနှင့်ရောဂါများ စုပုံကျရောက်မူကို ဟန့်တားစေသည်

    • ဆေးဒဏ်ခံနိုင်ရည်ရှိသော မျိုးစိတ်အသစ်များ ထွက်ပေါ်မလာစေရန် ဆေးများကို အလှည့်ကျသုံးစွဲပါ

    • အကာအကွယ်ပစ္စည်းများ ဝတ်ဆင်အသုံးပြုပါ

    • ရာသီဥတုကောင်းမွန်ချိန်တွင် ဆေးဖြန်းပါ

    • ကောင်းမွန်သော ဆေးဖျန်းခေါင်းကိုအသုံးပြုပါ

    • ဆေးဖျန်းပြီးနောက် ကောင်းမွန်စွာဆေးကြောပါ

    • ဆေးရောဖျန်းစဉ် ဂရုစိုက်ကိုင်တွယ်ပါ

    • ဆေးစက်မထိမှန်စေရန် လေအောက်မှ စတင်ပက်ဖျန်းပါ

    • မြေကြီးအစိုဓာတ်ကို ကောင်းမွန်စွာထိန်းသိမ်းပါ

    • ရောဂါရပင် (သို့) အစိတ်အပိုင်းများကို စိုက်ခင်းအနီးထားရှိခြင်း ရှောင်ကျဉ်ပါ

အံ့ထက်ကျော်

Reference..

www.eastwestseed-kt.com

www.tutaabsoluta.com

EWS မှထွက်ရှိသောစိုက်ပျိုးနည်းလမ်းညွန်များ

www.irac-online.org


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်