အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် အထူးသတင်းကောင်း

23/04/2025 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

⭐2023 ခုနှစ်မှ စကာ နှစ်စဥ်နှစ်တိုင်း အစဥ်အလာကောင်းများနဲ့ She Innovates Program ဟာ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၈၀ ကျော်ကို အချင်းချင်း ပိုမိုကောင်းမွန်တဲ့ အချိတ်အဆက်များနဲ့ လက်တွဲကူညီနိုင်စေရန်၊ အဘက်ဘက်မှ တိုးတက်မှုများလက်တွေ့အကောင်အထည်ဖော်ရင်း စိန်ခေါ်မှုများကို ဖြတ်ကျော်နိုင်ကြစေရန် စီးပွားရေး ကျွမ်းကျင်မှုနှင့် နည်းပညာများ ပံ့ပိုးကာ စုစည်းသင်ကြားပို့ချခဲ့ပါတယ်။

🎯စိန်ခေါ်မှုအမျိုးမျိုးနှင့် ကြုံတွေ့နေရသော ယခုလို အခြေအနေမျိုးကို ကြံ့ကြံ့ခံရင်း လုပ်ငန်း စတင်နိုင်ရန်

သို့မဟုတ် လက်ရှိစီးပွားရေးလုပ်ငန်းများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းနိုင်ရန် ပြောင်းလဲမှုရေစီးကြောင်းနဲ့ အမီ လိုက်ပါနိုင်ဖို့  လိုအပ်နေသူ အမျိုးသမီးစွန့်ဦးတီထွင်သူများ၊

🎯 လုပ်ငန်းတိုးတက်မှုအတွက် နည်းစနစ်အသစ်၊ ဗျူဟာအသစ်တွေ သင်ယူလိုသူ၊ ဆန်းသစ်တီထွင် ဖန်တီးလိုသူများ၊

🎯 လိုက်လျောညီထွေသော စီးပွားရေး မဟာဗျူဟာများကိုအသုံးချကာ စီးပွားရေးမှာ မလိုအပ်သောအရာများလျှော့ချပြီး ရှိပြီးသားအရင်းအမြစ်များဖြင့် ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်မယ့် စီးပွားရေးနည်းစနစ်နှင့် ဆုံးဖြတ်နိုင်စွမ်းများကို သိရှိလေ့လာဖို့ စိတ်အားထက်သန်သူများအတွက် ရင်ဆိုင်နေရတဲ့ အခက်အခဲများကို ဖြေလျှော့နိုင်ဖို့ "She Innovates Program” ကို တတိယအကြိမ်မြောက် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဝမ်းမြောက်စွာ သတင်းကောင်းပါးအပ်ပါတယ်ရှင်။

🤝အခုလိုအခက်အခဲများကြားမှာ အမျိုးသမီး ဦးဆောင်တဲ့ startup နဲ့ MSME များ ဆက်လက်ရပ်တည်နိုင်ဖို့နဲ့ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံဖြတ်ကျော်နိုင်ဖို့ ကူညီသွားရန် အဆင့်သင့်ရှိနေပါတယ်။  

ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရရှိတဲ့ အမျိုးသမီးလုပ်ငန်းရှင်များအနေနဲ့ စီးပွားရေးမှာ အလေအလွင့်များလျှော့ချပြီး ရှိပြီးသား အရင်းအမြစ်များဖြင့်သာ ပိုမိုထိရောက်အောင်၊ လုံလောက်စွာလည်ပတ်တိုးတက်နိုင်အောင် လုပ်ဆောင်နိုင်မဲ့ ဆန်းသစ်တဲ့ စီးပွားရေး မဟာဗျူဟာများ၊ စီးပွားရေးနည်းစနစ်များကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ စီးပွားရေးဆန်းသစ်ဖန်တီးမှုမှစလို့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုများကို ဈေးကွက်နှင့် ကိုက်ညီမှုရှိစေရန် ပြင်ဆင်မွမ်းမံမှုများလည်း ပြုလုပ်ခွင့်ရမှာဖြစ်ပါတယ်။ ထို့အပြင် စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးနယ်ပယ်များကို ထည့်သွင်းစဉ်းစားတတ်လာပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် ချိန်ညှိခြင်းနည်းလမ်းများကိုလည်း လေ့လာရင်း တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် ခိုင်မာစွာ ရပ်တည်နိုင်စေမှာပါ။

အစီအစဉ်တစ်လျှောက်တွင် သင်တန်းများ၊ အနီးကပ်လမ်းညွှန်မှုများဖြင့်

🔺 ဆန်းသစ်ခြင်းနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအဆင့်များကို နားလည်ခြင်း

🔺 စားသုံးသူဖွံ့ဖြိုးမှု 

🔺 အလေအလွင့်နည်းသော စီးပွားရေးစီမံချက်များ ဖန်တီးခြင်း

🔺 ရေရှည်တည်တံ့သော ငွေကြေးပုံစံများ ရေးဆွဲခြင်း 

🔺 အမျိုးသမီးတစ်ယောက်အနေဖြင့် ဦးဆောင်ခြင်းအား နားလည်သဘောပေါက်ခြင်း 

🔺 စီးပွားရေးတင်ပြချက်များအား ကျွမ်းကျင်စေခြင်း အစရှိတဲ့‌ခေါင်းစဉ်များကို လေ့လာခွင့် ရမှာပဲဖြစ်ပါတယ်။ 

သင်တန်းများပြီးဆုံးချိန်မှာလည်း အမျိုးသမီးလုပ်ငန်းရှင်များမှ ကိုယ်တိုင်ရေးဆွဲထားတဲ့ အလေအလွင့်နည်းသော စီးပွားရေးစီမံချက် (Lean Business Plan) ကို Impact Hub Yangon နှင့် Fredich Naumann Foundation သို့တင်သွင်းကာ ပိုမိုကောင်းမွန်အောင် ကျွမ်းကျင်သူများမှ အကြံပြုချက်များဖြင့် အဆင့်မြှင့်နိုင်မှာပါ။

ကျွမ်းကျင်ဆရာ၊ ဆရာမများ၏ လမ်းညွှန်အကြံပေးခြင်းအစီအစဉ်များ၊ ကွန်ရက်ချိတ်ဆက်ပွဲများ ပြုလုပ်သွားမှာဖြစ်ပြီး ယခင်ပရိုဂရမ်ပြီးမြောက်သူ အမျိုးသမီးလုပ်ငန်းရှင်များနှင့်  အချိတ်အဆက်ကောင်းများလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

✅ မိမိတို့စီးပွားရေးလုပ်ငန်းကို အလေအလွင့်အနည်းဆုံးနှင့် ရှိပြီးသားအရင်းအမြစ်များကို တန်ဖိုးမြှင့်ရင်း ထိရောက်စွာ စတင်နိုင်ဖို့၊ လည်ပတ်နိုင်ဖို့ တီထွင်မှုအားကောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ရန် အခုပဲ တတိယအကြိမ် "She Innovates Program” ကို အမြန်ဆုံးလျှောက်ထားလိုက်ပါ။ 

✔️လျှောက်ထားရန်လင့်ခ် - https://forms.gle/Z9yW6BQdK3nHDujy7

✔️နောက်ဆုံးထား လျှောက်ထားရမည့်ရက် - ၂၀၂၅ ခုနှစ်၊ မေလ ၁၄ရက် ( ဗုဒ္ဓဟူးနေ့ )။

အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များကို yangon@impacthub.net သို့ [+959451024423] မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်