ဧရာဝတီတိုင်းမှ လယ်သမားများ ခရုပြသနာနှင့် ရင်ဆိုင်နေရ

19/01/2018 09:44 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အစိမ်းရောင်လမ်းအဖွဲ့ဝင်တစ်ယောက် ဒေးဒရဲမြို့ (ဧရာဝတီတိုင်း) ကို သွားရောက်ရာတွင် လယ်သမားများနှင့် တွေ့ဆုံပြီး ၎င်းတို့၏ အခက်အခဲများ၊ ပြသနာများကို သိရှိခွင့်ရခဲ့ပါတယ်။ ထိုအထဲမှ ခရုပြသနာသည် ယခုချိန်ထိ ဖြေရှင်းလို့မရသော ပြသနာကြီးတစ်ခုဖြစ်ပါတယ်။ ဒေသအခေါ် ထိုင်ဝမ်ခရု (မြန်မာတို့ရဲ့ ထုံးစံအရ ပုံမှန်အရွယ်ထက် ကြီးသော အသီး၊ အပင် စသည်တို့ကို ထိုင်ဝမ်လို့လည်း ခေါ်တတ်ကြပါသေးတယ်) လို့ အမည်ရတဲ့ ခရုပြသနာကို လွန်ခဲ့တဲ့ ၂ နှစ်ခန့်မှ စပြီး တွေ့ကြုံခဲ့ကြပါတယ်။ ဒီခရုပြသနာက တစ်နှစ်ထက်တစ်နှစ် မြစ်၊ ချောင်း အထက်ပိုင်းသို့ တက်လာတယ်လို့ ဆိုပါတယ်။

ကောလဟာလတစ်ခုရ ထိုင်းမှာ အလုပ်သွားလုပ်တဲ့ သူတစ်ယောက်က ဒီခရုကို သဘောကျလို့ ပြန်လာတဲ့အချိန်မှာ ၄-၅ လုံးလောက် သယ်လာပြီး မွေးထားရာမှ ပြန့်ပွားသွားတယ်လို့ ဆိုပါတယ်။

ဒီပြသနာကို ဖြေရှင်းဖို့ရာအတွက် အစိမ်းရောင်လမ်းအနေနဲ့ အားလုံးကို ပူးပေါင်းပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။ အခုဆို လယ်သမားတွေ ၎င်းတို့ စပါးခင်းတွေ ဆုံးရှုံးနေရပြီး အခက်အခဲများစွာကို ရင်ဆိုင်နေရပါတယ်။

ခရုနှင့် ပတ်သတ်သော အချက်အလက်များ

အခုနှင့် ပတ်သတ်တဲ့ ဓာတ်ပုံတွေကို ဝက်ဆိုဒ်ပေါ်မှာ တင်ထားပေးပါတယ်။ အရွယ်အစားက သာမာန်ခရုထက် ၅ ဆမှ ၁၀ ဆ ခန့်ကြီးပါတယ်။ လယ်သမားတွေအဆိုအရ ဒီခရုတွေကို နှစ်ပတ်လည်လုံး မျိုးပွားပါတယ်။ နှစ်စဉ်ကျနေကြ ခရုတွေကတော့ သူရာသီချိန်ရောက်မှ ဥတဲ့အတွက် စိုက်ချိန်ကို ထိုခရုပွားများချိန်နဲ့ မကိုက်အေင် ချိန်ဆပြီး စိုက်ရင်လွတ်နိုင်ပါသေးတယ်။ ထိုင်ဝမ်ခရုတွေကတော့ အစုလိုက် ဥတတ်ပြီး တစ်မြုံလျှင် ခန့်မှန်း ဥအရေအတွက် ၁၀၀၀ ခန့်ရှိပါတယ်။ ခရုရဲ့ အဖျားအနားတွေက အလွန်ရှနေတတ်ပြီး ကွင်းထဲဆင်းတဲ့ လယ်သမားတွေလည်း ခဏခဏ ထိခိုက်ဒဏ်ရာ ဖြစ်နေရပါတယ်။ အချို့ဆို ကွင်းထဲဆင်းရမှာကို ကြောက်နေရပါတယ်။ ဒီရေကျပြီး နေပူနေချိန်ဆို ဒီခရုတွေက ရေအောက်ခြေကို သွားပြီး ပုန်းနေတတ်ကြပါတယ်။

လယ်သမားတို့ရဲ့ အခက်အခဲများ

ပိုးသတ်ဆေးနှင့် ဓာတုဆေးများ အသုံးပြုခြင်း

လယ်သမားတွေအနေနဲ့ နည်းလမ်းအသွယ်သွယ်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြပေမယ့် အခုထိ မထိန်းချုပ်နိုင်သေးပါဘူး။ ဓာတုဆေးသုံးဖို့ရာကလည်း မလွယ်လှပါဘူး။ ဒီရေတက်ချိန်မှာ စိုက်ခင်းတစ်ခုလုံးရေပြည့်နေတတ်တဲ့အတွက်ကြောင့် ဆေးအာနိသင်က မထိရောက်တော့ပါဘူး။ စိုက်ခင်းတွေကလည်း ရေကို လိုသလိုထိန်းချုပ်လို့ရတဲ့ အနေအထားမှာ မရှိပါဘူး။

ဇီဝနည်းဖြင့် ထိန်းချုပ်ခြင်း

ဘဲများကို စိုက်ခင်းထဲထည့်ပြီး စားခိုင်းတာလည်း အဆင်မပြေပါဘူး။ ဒေသရှိ ခရုများကို ဘဲများစားပေမယ့် အခု ခရုတွေက အရွယ်အစားကြီးများလွန်းနေတဲ့အတွက်ကြောင့် ဘဲမစားပါဘူး။

ကောက်ယူဖယ်ရှားခြင်း

အစပိုင်းမှာတော့  လယ်သမားတွေက ခရုတွေကို ကောက်ယူပြီး ကြက်ခြံတွေကို ပို့ပေးကြပါတယ်။ ကြက်ခြံပိုင်ရှင်တွေက ထိုခရုများကို ကြိတ်ချေပြီး ကြက်စာနဲ့ ရောကျွေးကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကြက်တွေလည်း မစားတော့ပါဘူး။ ဒါကြောင့် လယ်သမားတွေလည်း ကောက်မနိုင်တော့ဘူး လက်လျော့လိုက်ကြပါတယ်။

မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိလှသော ဆွေးနွေးချက်တွေကို အောက်ပါ ကွန်မန့်ဘောက်မှ တစ်ဆင့် ပေးနိုင်သလို info@greenwaymyanmar.org သို့လည်း ပေးပို့နိုင်ပါတယ်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်