ဧရာဝတီတိုင်းမှ လယ်သမားများ ခရုပြသနာနှင့် ရင်ဆိုင်နေရ

19/01/2018 09:44 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အစိမ်းရောင်လမ်းအဖွဲ့ဝင်တစ်ယောက် ဒေးဒရဲမြို့ (ဧရာဝတီတိုင်း) ကို သွားရောက်ရာတွင် လယ်သမားများနှင့် တွေ့ဆုံပြီး ၎င်းတို့၏ အခက်အခဲများ၊ ပြသနာများကို သိရှိခွင့်ရခဲ့ပါတယ်။ ထိုအထဲမှ ခရုပြသနာသည် ယခုချိန်ထိ ဖြေရှင်းလို့မရသော ပြသနာကြီးတစ်ခုဖြစ်ပါတယ်။ ဒေသအခေါ် ထိုင်ဝမ်ခရု (မြန်မာတို့ရဲ့ ထုံးစံအရ ပုံမှန်အရွယ်ထက် ကြီးသော အသီး၊ အပင် စသည်တို့ကို ထိုင်ဝမ်လို့လည်း ခေါ်တတ်ကြပါသေးတယ်) လို့ အမည်ရတဲ့ ခရုပြသနာကို လွန်ခဲ့တဲ့ ၂ နှစ်ခန့်မှ စပြီး တွေ့ကြုံခဲ့ကြပါတယ်။ ဒီခရုပြသနာက တစ်နှစ်ထက်တစ်နှစ် မြစ်၊ ချောင်း အထက်ပိုင်းသို့ တက်လာတယ်လို့ ဆိုပါတယ်။

ကောလဟာလတစ်ခုရ ထိုင်းမှာ အလုပ်သွားလုပ်တဲ့ သူတစ်ယောက်က ဒီခရုကို သဘောကျလို့ ပြန်လာတဲ့အချိန်မှာ ၄-၅ လုံးလောက် သယ်လာပြီး မွေးထားရာမှ ပြန့်ပွားသွားတယ်လို့ ဆိုပါတယ်။

ဒီပြသနာကို ဖြေရှင်းဖို့ရာအတွက် အစိမ်းရောင်လမ်းအနေနဲ့ အားလုံးကို ပူးပေါင်းပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။ အခုဆို လယ်သမားတွေ ၎င်းတို့ စပါးခင်းတွေ ဆုံးရှုံးနေရပြီး အခက်အခဲများစွာကို ရင်ဆိုင်နေရပါတယ်။

ခရုနှင့် ပတ်သတ်သော အချက်အလက်များ

အခုနှင့် ပတ်သတ်တဲ့ ဓာတ်ပုံတွေကို ဝက်ဆိုဒ်ပေါ်မှာ တင်ထားပေးပါတယ်။ အရွယ်အစားက သာမာန်ခရုထက် ၅ ဆမှ ၁၀ ဆ ခန့်ကြီးပါတယ်။ လယ်သမားတွေအဆိုအရ ဒီခရုတွေကို နှစ်ပတ်လည်လုံး မျိုးပွားပါတယ်။ နှစ်စဉ်ကျနေကြ ခရုတွေကတော့ သူရာသီချိန်ရောက်မှ ဥတဲ့အတွက် စိုက်ချိန်ကို ထိုခရုပွားများချိန်နဲ့ မကိုက်အေင် ချိန်ဆပြီး စိုက်ရင်လွတ်နိုင်ပါသေးတယ်။ ထိုင်ဝမ်ခရုတွေကတော့ အစုလိုက် ဥတတ်ပြီး တစ်မြုံလျှင် ခန့်မှန်း ဥအရေအတွက် ၁၀၀၀ ခန့်ရှိပါတယ်။ ခရုရဲ့ အဖျားအနားတွေက အလွန်ရှနေတတ်ပြီး ကွင်းထဲဆင်းတဲ့ လယ်သမားတွေလည်း ခဏခဏ ထိခိုက်ဒဏ်ရာ ဖြစ်နေရပါတယ်။ အချို့ဆို ကွင်းထဲဆင်းရမှာကို ကြောက်နေရပါတယ်။ ဒီရေကျပြီး နေပူနေချိန်ဆို ဒီခရုတွေက ရေအောက်ခြေကို သွားပြီး ပုန်းနေတတ်ကြပါတယ်။

လယ်သမားတို့ရဲ့ အခက်အခဲများ

ပိုးသတ်ဆေးနှင့် ဓာတုဆေးများ အသုံးပြုခြင်း

လယ်သမားတွေအနေနဲ့ နည်းလမ်းအသွယ်သွယ်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြပေမယ့် အခုထိ မထိန်းချုပ်နိုင်သေးပါဘူး။ ဓာတုဆေးသုံးဖို့ရာကလည်း မလွယ်လှပါဘူး။ ဒီရေတက်ချိန်မှာ စိုက်ခင်းတစ်ခုလုံးရေပြည့်နေတတ်တဲ့အတွက်ကြောင့် ဆေးအာနိသင်က မထိရောက်တော့ပါဘူး။ စိုက်ခင်းတွေကလည်း ရေကို လိုသလိုထိန်းချုပ်လို့ရတဲ့ အနေအထားမှာ မရှိပါဘူး။

ဇီဝနည်းဖြင့် ထိန်းချုပ်ခြင်း

ဘဲများကို စိုက်ခင်းထဲထည့်ပြီး စားခိုင်းတာလည်း အဆင်မပြေပါဘူး။ ဒေသရှိ ခရုများကို ဘဲများစားပေမယ့် အခု ခရုတွေက အရွယ်အစားကြီးများလွန်းနေတဲ့အတွက်ကြောင့် ဘဲမစားပါဘူး။

ကောက်ယူဖယ်ရှားခြင်း

အစပိုင်းမှာတော့  လယ်သမားတွေက ခရုတွေကို ကောက်ယူပြီး ကြက်ခြံတွေကို ပို့ပေးကြပါတယ်။ ကြက်ခြံပိုင်ရှင်တွေက ထိုခရုများကို ကြိတ်ချေပြီး ကြက်စာနဲ့ ရောကျွေးကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကြက်တွေလည်း မစားတော့ပါဘူး။ ဒါကြောင့် လယ်သမားတွေလည်း ကောက်မနိုင်တော့ဘူး လက်လျော့လိုက်ကြပါတယ်။

မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိလှသော ဆွေးနွေးချက်တွေကို အောက်ပါ ကွန်မန့်ဘောက်မှ တစ်ဆင့် ပေးနိုင်သလို info@greenwaymyanmar.org သို့လည်း ပေးပို့နိုင်ပါတယ်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်