သင့်အိမ်မှာမီးလင်းဖို့ ဘာတွေ သုံးနေရလဲ

24/08/2019 08:29 AM တွင် Thein Soe Min Thein Soe Min မှ ရေးသား

သင့်အိမ်မှာ ရွာမှာ လျှပ်စစ်မီးမရှိဘဲ ဖယောင်းတိုင်၊ ဘက်ထရီအိုး၊ နေရောင်ခြည် အသုံးပြုနေရရင် ဒီစစ်တမ်းလေးကို ကူညီဖြေဆိုပြီး ဖုန်းဘေလက်ဆောင် ရယူလိုက်ပါ။

ဒီစစ်တမ်းက ထိန်ထိန်သာ ဆိုလာနဲ့ ပူးပေါင်းပြီး ကောက်ယူတာဖြစ်ပါတယ်။ ထိန်ထိန်သာဆိုတာ ကျေးလက်ဒေသမှာ အမှန်တကယ်လိုအပ်တဲ့ အရည်သွေးမြင့် ဆိုလာ (နေရောင်ခြည်သုံး) ပစ္စည်းများကို မိတ်ဆက်ပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး ကျေးလက်နေပြည်သူတွေ ကြုံတွေ့နေရတဲ့ မီးမရှိတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ 

သင်သာ ဘိုကလေး၊ ဒေးဒရဲ၊ အိမ်မဲ၊ အင်္ဂပူ၊ လပွတ္တာ၊ ပန်းတနော်၊ ကြို့ပင်ကောက်၊ နတ္တလင်း၊ ပေါင်းတည်၊ သာယာဝတီ၊ ဇီးကုန်း၊ ဟုမ္မလင်း၊ ကလေး၊ ကနီ၊ ဖောင်းပြင်၊ ရေဦး ဖက်မှာ နေတဲ့သူ ဖြစ်မယ်ဆိုရင် ဒီစစ်တမ်းလေးကို ဖြေဆိုပြီး ထိန်ထိန်သာ ဆိုလာရဲ့ အစီအစဉ်ကို ကူညီလိုက်ရအောင်လား။ 

ဖြေဆိုပေးတဲ့သူတွေအတွက် ဖုန်းဘေလက်ဆောင်လည်း သွားမှာပါ။ အထက်က မြို့နယ်တွေမှာ နေထိုင်တဲ့သူတွေပဲ စစ်တမ်းကို မြင်ရမှာပါ။ 

ဖြေဆိုမယ်ဆိုရင် ဒီလင့်ကို နှိပ်လိုက်ပါနော်။ https://greenway.page.link/solarHHT

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်